ရခိုင်ပြည်နယ် မောင်တောဈေးကြီး မဖွင့်မီတစ်နေ့အလို ယမန်နေ့ ညနေပိုင်းက
ဘင်္ဂလီ အမျိုးသားပိုင် ဆိုင်တဆိုင်တွင်
အသေးစား မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ သည်။
မီးလောင်မှုမှာ ယမန်နေ့ညနေ ၅ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
“ ယမန်နေ့ ၅ နာရီခန့်မှာ ဖြစ်တာပါ။ ယူနီတက် တည်းခိုခန်းရှေ့က ဆိုင်တန်းမှာ ဖြစ်တာပါ။ အဲဒီဆိုင်က ပစ္စည်းတွေကို ပြောင်းရွှေ့သွားပြီး ဆိုင်ထဲမှာ ကျန်နေခဲ့တဲ့ ပလစတိတ် အစတွေကို စုပြီး မီးရှို့ခဲ့တာပါ။ မီးခိုတွေထွက်လာတဲ့ အတွက် လူတွေ က ဆိုင်ကို အတင်းဖွင့်ပြီး မီးကို ငြိမ်းသတ် လိုက်ကြတယ်” ဟု ပြောသည်။
မီးကို အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် တခြားဆိုင်များသို့ ကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း
သိရသည်။ ဆိုင်ပိုင်ရှင်မှာ အီတလီယာကျေးရွာက ဘင်္ဂလီ အမျိုးသား တဦး ဖြစ်ပြီး ဆိုင် အမျိုးအစားမှာ စားသာက်ကုန်ရောင်းသည့် ဆိုင် ဖြစ်သည်ဟု သိရသည်။
မောင်တောဈေးကြီးကို ယနေ့တွင် စတင် ဖွင့်လှစ်ရာ ဘင်္ဂလီအမျိုးသားများပိုင်သည့် ဈေးတွင်းရှိ ဆိုင်များမှ ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွေ့ခဲ့ကြသဖြင့် အာဏာပိုင်များက မပြောင်းရွေ့ရန် တားမြစ်ခဲ့ရသည်ဟု ဒေသခံ မျက်မြင်များက ပြောသည်။

ဈေးဖွင့်သော်လည်း ဈေဝင်ပေါက် တပေါက်သာ ဖွင့်ထားပြီး ကျန်ဂိတ်ပေါက်များကို ပိတ်ထားကာ ဈေးလာသူများကိုလည်း လုံခြုံရေးတာဝန်ရှိ သူများကို စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း မြို့ခံများက
ပြောသည်။
မြန်မာ- ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ်တွင် ဘင်္ဂလီ အမျိုးသားများနှင့် ရခိုင်အမျိုးသားများက စီးပွားရေးကို အရင်က အကျိုးတူ ဖက်စပ် လုပ်ကိုင်ခဲ့ကြပြီး ဆူပူ အကြမ်းဖက်မူ နောက်ပိုင်းတွင်
လူမျိုးနှစ်ခု အကြားတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဦးနှင့် တစ်ဦး ဆက်စပ် လုပ်ကိုင်မူများ
မရှိတော့သဖြင့် နယ်စပ် စီးပွားရေးကို အကြီးအကျယ် ထိခိုက်နေသည်ဟု သိရသည်။
မောင်အေး (နိရဉ္စရာ)



6:10 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com