မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က နည်းစနစ်ပိုင်း လိုအပ်ချက် အရ မိုက်ကယ်ကာရစ်သည် အသင်းတွင် ခံစစ်ထိ ဆင်းကစား ပေးဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန် ကွင်းလယ် ခံစစ် ကစားသမားသည် လတ်တလောတွင် ခံစစ်မှူး အများအပြား ဒဏ်ရာရနေသည့် မန်ယူ အသင်းအတွက် ဗဟိုနောက်ခံလူ နေရာတွင် ပါဝင်ကစားပေးရန် လေ့ကျင့်လျှက် ရှိသည်။ ၎င်းသည် ဘာစီလိုနာနှင့် ခြေစမ်းသည့် ပွဲစဉ်တွင် မန်ယူအတွက် ခံစစ်နေရာမှ ကစားပေးပြီး အံဝင်အောင် ခြေစွမ်းပြသွားသည်။ မန်ယူသည် ရာသီ အစပိုင်း ပွဲစဉ်များတွင် ဂျွန်နီအီဗန်စ်၊ ခရစ်စမောလင်း၊ ဖီးလ်ဂျုံးစ်သည့် ခံစစ်မှူးများကို ဒဏ်ရာကြောင့် လက်လွှတ် ထားရမည် ဖြစ်သလို နီမန်ဂျာ ဗီဒစ်မှာလည်း ကြံ့ခိုင်မှု အပြည့်ရအောင် တည်ဆောက်နေရဆဲ ဖြစ်သည်။

ဗီဒစ်သည် ဒူးခေါင်း ခွဲစိတ်မှု ခံယူပြီးနောက် တရားဝင် ပြိုင်ပွဲများတွင် (၈)လကြာ မကစားဖြစ်သေးဘဲ ခြေစမ်းပွဲ အဆင့်တွင်သာ ပြန်လည် ကစားလျှက် ရှိသည်။ ထို့ကြောင့် မန်ယူတွင် လတ်တလော ဒေါင်ဒေါင်မြည် ဗဟို ခံစစ်သမားဟူ၍ ရီယိုဖာဒီနန် တစ်ဦးတည်းသာ ရှိသည်။ မန်ယူသည် ရာသီအဖွင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသင်းကောင်း တစ်ခုဖြစ်သည့် အဲဗာတန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဖာဂူဆန်က "အီဗန်စ်က ခွဲစိတ်မှု ခံယူပြီး ပြန်ကောင်းလာစပဲ ရှိသေးတယ်။ စမောလင်းက (၃)လ နားရမယ်။ ဂျုံးစ်က ကြွက်သား ပြဿနာ နည်းနည်း ရှိနေတယ်။ ဒါကြောင့် ခံစစ်ကို ကျွန်တော်တို့ စိုးရိမ်ရပါတယ်"ဟု ဆိုသည်။
ကာရစ်က ဆွီဒင်မှာ ကစားတဲ့ ခြေစမ်းပွဲမှာ ခံစစ်ကို တာဝန်ယူပြီး အကောင်းဆုံး ကစားနိုင်ခဲ့တာ အားရဖို့ ကောင်းပါတယ်။ သူ့ရဲ့ ဘောလုံးဖြန့်ဝေပုံ၊ သူ့ရဲ့ တားဆီး ဖျက်ထုတ်ပုံတွေက သိပ်ကို ကောင်းလွန်းတယ်...
စကော့သား မန်နေဂျာကြီးက "အီဗန်စ်က ရာသီအစမှာ အဆင်သင့် မဖြစ်သေးပါဘူး။ ဂျုံးစ်ရဲ့ ဒဏ်ရာ အခြေအနေကို ကျွန်တော် တိတိကျကျ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ကာရစ်က ဆွီဒင်မှာ ကစားတဲ့ ခြေစမ်းပွဲမှာ ခံစစ်ကို တာဝန်ယူပြီး အကောင်းဆုံး ကစားနိုင်ခဲ့တာ အားရဖို့ ကောင်းပါတယ်။ သူ့ရဲ့ ဘောလုံးဖြန့်ဝေပုံ၊ သူ့ရဲ့ တားဆီး ဖျက်ထုတ်ပုံတွေက သိပ်ကို ကောင်းလွန်းတယ်။ ဒါကြောင့် ကျွန်တော်တို့ ကာရစ်ကို အများကြီး အားကိုးနိုင်ပါတယ်" ဟု ပြောကြား သွားခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com