ဖီအိုရင်တီးနား အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ် အတွက် ကြိုးပမ်းမှုတွင် ဖူလ်ဟမ်နှင့် ဂျူဗင်းတပ်စ်တို့၏ ကြားဝင်လာမှုနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။
ဖီအိုရင်တီးနားသည် အသက် (၃၁)နှစ်ရှိ ဘူလ်ဂေးရီးယား ဂိုးသွင်းစက်ကို အပြီးသတ် စာချုပ်ရန် လုပ်ဆောင်နေစဉ်တွင် လန်ဒန်ကလပ်က အမှတ်မထင် ကြားဖြတ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ ထို့အပြင် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း ယခုကိစ္စတွင် ထဲထဲဝင်ဝင် လှုပ်ရှား လာခဲ့သည်။ ဖူလ်ဟမ်သည် မူဆာ ဒမ်ဘီလီကို တော့တင်ဟမ် ဟော့စပါးထံ ရောင်းထုတ်ခဲ့ပြီး ကလင့်ဒမ့်ဆေးကိုလည်း လက်လွှတ်ရဖွယ် ရှိနေခြင်းကြောင့် ဘာဘာတော့ဗ်အား ချိတ်ဆက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဘာဘာတော့ဗ်၏ အီတလီ စွန့်စားခန်းသည် မရေမရာ ဖြစ်လာခဲ့ကြောင်း သတင်းများက ဆိုသည်။
ဖူလ်ဟမ်မန်နေဂျာ မာတင်ဂျိုးလ်သည် ဘာဘာတော့ဗ်ကို နှစ်သက် သဘောကျသူ တစ်ဦးလည်းဖြစ်သည်။ ဘာဘာတော့ဗ်၏ အပြောင်းအရွှေ့ ကိစ္စသည် အတန်ငယ် ရှုပ်ထွေးခဲ့ပြီး ၎င်းသည် ဖီအိုရင်တီးနားနှင့် ဆွေးနွေးရန်အတွက် အီတလီသို့ အသွားတွင် ဂျာမနီနိုင်ငံ မြူးနစ် လေဆိပ်၌ ဂျူဗင်းတပ်စ်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်တွင် မန်ယူအား ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၅)သန်း ပေးချေပြီး ဘာဘာတော့ဗ်အား တစ်နှစ်လုပ်ခ ပေါင်စတာလင် (၂)သန်းဖြင့် (၂)နှစ်ချုပ်ဆိုရန် ဂျူဗင်းတပ်စ်က သဘောတူညီခဲ့သည်။
ဘာဘာတော့ဗ်၏ အပြောင်းအရွှေ့ ကိစ္စသည် အတန်ငယ် ရှုပ်ထွေးခဲ့ပြီး ၎င်းသည် ဖီအိုရင်တီးနားနှင့် ဆွေးနွေးရန်အတွက် အီတလီသို့ အသွားတွင် ဂျာမနီနိုင်ငံ မြူးနစ် လေဆိပ်၌ ဂျူဗင်းတပ်စ်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့...
ထို့ကြောင့် ဘာဘာတော့ဗ်နှင့် အေးဂျင့်တို့သည် မြူးနစ်မှနေ၍ ဖလောရင့်စ်သို့ မသွားဘဲ တူရင်သို့ ဦးတည်ကာ လေယာဉ်ပြောင်းစီးခဲ့ကြသည်။ ထိုအချိန်တွင် ဖူလ်ဟမ်က ဘာဘာတော့ဗ်အား အင်္ဂလန်တွင် ဆက်နေခွင့်ရရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ ဖူလ်ဟမ်သည် လက်ရှိတွင် ဘာဘာတော့ဗ်ကို ရရှိရန် အလားအလာ အကောင်းဆုံးဟု ယူဆရသည့် အနေအထားတွင် ရှိနေပြီး ဂျူဗင်းတပ်စ်သည် အာဆင်နယ် တိုက်စစ်မှူး နစ်ကလက်စ် ဘန်တနာကို ပြောင်းလဲ ကမ်းလှမ်းရန် အသင့်ရှိနေကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com