ဆေးစစ်မှုများ ပြီးမြောက်ခဲ့ပြီးနောက် ဒမ်ဘီလီ၏ ပေါင်စတာလင် (၁၅)သန်းတန် အပြောင်းအရွှေ့သည် တရားဝင် ဖြစ်မြောက်သွားပြီဟု သတင်းများက ဆိုသည်။ စပါးသည် ဖူလ်ဟမ်က ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အတွက် သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးအတိုင်း ပေးချေကာ ၎င်းအား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ လူကာမိုဒရစ်အား စပါးက ရီးယဲလ်မက်ဒရစ်ထံ ရောင်းချလိုက်ပြီး (၄၈)နာရီအတွင်း အသက်(၂၅)နှစ်အရွယ် ဒမ်ဘီလီအား ခေါ်ယူခဲ့ခြင်းဟု သတင်းများက ဆိုသည်။
ဒမ်ဘီလီသည် ဖူလ်ဟမ်အတွက် (၇၄)ပွဲ ကစားကာ (၇)ဂိုး သွင်းယူပေးခဲ့သည်။ စပါးအသင်း တရားဝင် ဝက်ဘ်ဆိုက်က "အသင်းအနေနဲ့ ဒမ်ဘီလီကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်ကြောင်း ပြောလိုပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားဟာ လေးစားလောက်တဲ့ ခြေစွမ်းမျိုးကို ပရီးမီးယားလိဂ်မှာ ပြသနိုင်ခဲ့ပြီးပါပြီ။ သူဟာ AZအယ်လ်ခမာ အသင်းနဲ့အတူ နယ်သာလန် အမှတ်ပေး ချန်ပီယံ ဆုကိုလည်း ရရှိခဲ့ပြီး ဖြစ်ပါတယ်" ဟု ကြေညာချက် ထုတ်ပြန် ဖော်ပြခဲ့သည်။
အသင်းအနေနဲ့ ဒမ်ဘီလီကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်ကြောင်း ပြောလိုပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားဟာ လေးစားလောက်တဲ့ ခြေစွမ်းမျိုးကို ပရီးမီးယားလိဂ်မှာ ပြသနိုင်ခဲ့ပြီးပါပြီ...
ဒမ်ဘီလီသည် ဖူလ်ဟမ်သို့ တိုက်စစ်မှူး တစ်ယောက် အဖြစ် ပြောင်းရွှေ့လာသော်လည်း တိုက်စစ်ကို ပံ့ပိုးမှု အရည်အသွေးပိုင်း၌ ပိုမိုထူးချွန်ခြင်းနှင့် တိကျသော ဘောလုံးဖြန့်ဝေမှုများကြောင့် ပြီးခဲ့သည့် ရာသီက ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ပိုမို ခြေစွမ်းပြခဲ့သည်။ ယခုအခါ စပါးသည် ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်နှင့် ဒမ်ဘီလီတို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်ခြင်းကြောင့် ရာဖေးလ် ဗန်ဒါဗတ်၏ အနာဂတ်မှာ ကြီးကြီးမားမား မေးခွန်း ထုတ်စရာ ဖြစ်လာကြောင်း သိရှိရသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com