အောင်မြင်မှု သရဖူကို သူမတူအောင် လုပ်ပြနိုင်ခဲ့ပြီး ပရိသတ် တွေရဲ့ မျက်စိကို အေးမြအောင် ယဉ်ယဉ် လေးနဲ့လှတဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရိုက်ကွင်း တစ်ခုမှာ တွေ့ဆုံဖြစ်ခဲ့ ပါသေးတယ်။
မလင်းက အရင်က အောင်မြင် ကျော်ကြားခဲ့တဲ့ အနုပညာရှင် တစ်ယောက် ဆိုတော့ အခုခေတ် အနုပညာရှင် တွေနဲ့ ဘာတွေ ကွာခြားတာ တွေ့လဲ။
မလင်းတို့ခေတ်က ကြိုးစားပေမယ့်လည်း ပစ္စည်းကစုံစုံလင်လင် မဖွံ့ဖြိုးသေးတဲ့အတွက် အောင်မြင် ပေမယ့် နှောင့်နှေးတာပေါ့။ အခုခေတ် သရုပ်ဆောင်တွေက အမြင်လည်းကျယ်ကြတယ်၊ ကြိုးလည်းစား ကြတဲ့အတွက် ပြောစရာတော့မရှိပါဘူး။
ရှေ့ဆက်ပြီး မလင်း ဘာတွေလှုပ်ရှားသွားဦးမလဲ။
ရှေ့ဆက်ပြီး မလင်းဗီဒီယိုကားတွေ၊ ရုပ်ရှင်ကားတွေ ပြန်ရိုက်ပါမယ်။ မလင်းကို အားပေးနေတဲ့ အမာခံပရိသတ်တွေကိုလည်း မလင်း အထူးကျေးဇူးတင်ပါတယ်။
မလင်းဘဝမှာရော အမှတ်တရတွေရခဲ့ပြီးပြီလား။
အမှတ်တရကတော့ အနုပညာလုပ်နေတဲ့ သက်တမ်းတစ်လျှောက်လုံး အများကြီးရခဲ့ပြီးပါပြီ။ ပြောပြရင်ကုန်မှာ မဟုတ်လို့ပါ။
အခုတက်သစ်စ အနုပညာသမားတွေကို ကြည့်လိုက်ရင် ဇာတ်စုံ၊ ကာရိုက်တာစုံ ရိုက်လာကြတာကို တွေ့ရတယ်နော်။
အခုခေတ်က မလင်းတို့တုန်းကလို မဟုတ်တော့ အားလုံးကောင်းတာပေါ့။ တကယ်တမ်းပြောရရင် မလင်းအနုပညာအလုပ်ကို ဝမ်းစာအဖြစ်ဘယ်တော့မှ ဦးစားမပေးဘူး၊ ဝါသနာအရမ်းကြီးလို့ ဒီလောက ကို သံယောဇဉ်ကြီးတာပါ။
ကိုယ့်ဘဝကို အခုအချိန်မှာ လွှမ်းမိုးမယ့်သူရှိပြီလား။
မလင်းက ဘယ်သူလွှမ်းမိုးတာကိုမှ မနှစ်သက်ဘူး၊ ကိုယ့်ကိုလွှမ်းမိုးမယ့်သူက မိဘနဲ့ ညီအစ်ကို မောင်နှမပဲ ရှိတယ်။
မလင်းပရိသတ်တွေကို စကားလက်ဆောင်လေး ပြောပေးပါ။
ပရိသတ်အားလုံးမလင်းကို ဆက်ပြီးအားပေးကြပါ။ မလင်းလည်း ဆက်ပြီး ကြိုးစားသွားပါမယ်။ အားလုံးကျန်းမာရွှင်လန်းကြပါစေ။
ကိုနောင်



6:49 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com