မော်ဒယ် လောကမှာ အောင်မြင် ခဲ့သလို သရုပ်ဆောင် လောကမှာ လည်း မင်းသား သစ်တွကို လက်တွဲခေါ်ရင်း အကြော်သည် မိအေး ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် အေးမြတ်သူနဲ့ တွေ့တုန်း အလုပ်ကျင့်ဝတ် တစ်ခုက အေးမြတ် သူရဲ့ဘဝကို ရာနှုန်းပြည့်ထောက်ပံ့ ပေးပါတယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါ စည်းကမ်းရှိရတယ်။ ကိုယ့်ဘဝရဲ့ တက်လမ်း ကိုယ့်ဘဝ ရဲ့ ကောင်းသော အနာဂတ်အတွက် အလုပ်ကျင့်ဝတ်ကို လိုက်နာတာ ယုံကြည်တဲ့လူက ကိုယ့်ကို သစ္စာ မဖောက်ဘူးလို့ပဲယုံကြည်တယ်။
အဓိကလူတစ်ယောက်ကို ယုံကြည် ချက်ရှိရှိနဲ့ ကိုယ့်အပေါ် မဖောက် ပြန်ဘူးလို့ယုံကြည်ထားတယ်။ တကယ်လို့ သူသစ္စာဖောက်ခဲ့မယ် ဆိုရင်လည်း သူပြုလုပ်ခဲ့တဲ့ကံဟာ သူဘာသာသူပဲခံရမှာပါ။ ဒါ့ကြောင့် ယုံကြည်တဲ့လူတစ်ယောက်သစ္စာမ ဖောက်ဘူးလို့ပဲခံယူထားတယ်။ ဘဝမှာ အရေးကြီးမားဆုံး ခြင်းပေါ့။ အေးမြတ် သူဘဝမှာ တော့ ဘယ်အရာကိုမှ အကြီးမား ဆုံးအောင်မြင်မှုလို့ မယူဆထား ဘူး။
အဲဒီအောင်မြင်မှုဆိုတာ ရသွားရင်လူတစ်ယောက်က အဲဒီနေရာမှာတင်ရပ်သွားမှာလား။ ကျွန်တော့်အတွက်ဆိုရင်တော့ ရပ်သွားမှာမဟုတ်ဘူး။ ကျွန်တော့် ဘဝအတွက် အကောင်းဆုံးဆိုတာ ရပြီးရင်တောင်နောက်ထပ်အ ကောင်းဆုံးဆိုတာဘာလဲဆိုပြီး လောဘစိတ်၊ အတ္တစိတ်တွေနဲ့ ထပ်ပြီး လုပ်နေဦးမှာပဲ။ အောင် မြင်မှုဆိုတာဘဝရဲ့ မှတ်တိုင်လို့ပဲ သတ်မှတ်တယ်။ ပန်းတိုင်လို့ မသတ်မှတ်ဘူး။
အပြေးသမားတစ် ယောက်ကပန်းတိုင်ရောက်ရင်ရပ် လိုက်တယ်။ အဲဒါကြောင့် ကိုယ့် ဘဝလမ်းကြောင်းမှာစိုက်ထူနိုင်ခဲ့ တဲ့ မှတ်တိုင်လို့ပဲယူဆတယ်။ ကိုယ် မလုပ်တော့ဘူးဆိုတဲ့အလုပ်တစ်ခု ကို ဘယ်တော့မှ နောင်တရဘူး။ ကိုယ်လုပ်သင့်တယ်ထင်လို့ လုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ပဲလုပ်မယ်။ ငါလုပ်လိုက်ရင်ကောင်း မှာပဲဆိုတဲ့နောင်တနဲ့ပြန်ပြီး မတွေး နေဘူး။
ကိုယ်လက်ခံထားတဲ့ အလုပ်ကို လက်မခံခင်ကတည်းက စဉ်းစားတယ်။ လက်ခံပြီးရင်လည်း ကောင်းအောင်ပဲလုပ်တယ်။ နိုင်ငံ ကျော်မင်းသမီးယောကျာ်းဆိုတဲ့ ဇာတ်ကားထဲမှာ အကြော်သည် မိအေးဆိုတဲ့ ကာရိုက်တာကောင်း တယ်ဆိုတာ ဦးမီးပွားကောင်းလို့ ပါ။ သူက လိုသလို သင်ယူနိုင် တယ်။ ဒါကြောင့် မိအေးဆိုတဲ့ပုံစံ က အေးမြတ်သူရှိတဲ့ပုံစံကို ကောင်း အောင်လုပ်သွားနိုင်တာပါလို့ ဖြေ ကြားပေးခဲ့ပါတယ်။



6:35 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com