22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Friday, August 17, 2012
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း မြေနေရာအတွက် လျော်ကြေးတောင်းဆို
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် နေရာ ဖယ်ပေးရမယ့် မြေဧက ၆၀၀၀ ကျော်အတွက် ထိုက်သင့်တဲ့ လျော်ကြေးရရှိဖို့ ဒေသခံ အခွင့်အရေး လှုပ်ရှားသူတွေက အစိုးရအဖွဲ့ထံ ဒီကနေ့ စာရေးသား တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
Photo: Kayan New Generation Youth
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ကို တွေ့မြင်ရစဉ်။
ဒီကိစ္စကို ပါဝင်ဆောင်ရွက်နေတဲ့ ကယန်းမျိုးဆက်သစ် လူငယ်များ ကွန်ရက် အတွင်းရေးမှူး လွီးစီငြိမ်းက -
အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကြောင့် ပင်လောင်းမြို့နယ်အတွင်း ထိန်ပင်၊ သပြေကုန်းစတဲ့ ကျေးရွာအုပ်စုတွေ အပါအ၀င် ကျေးရွာပေါင်း ၂၃ ရွာက အိမ်ခြေ ၃၀၀၀ ကျော်ကို အခုနှစ် မကုန်မီ အပြီးအပိုင် ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းပေးရမယ့် ကျေးရွာတွေအတွက် အစိုးရ အာဏာပိုင်တွေဘက်က နစ်နာကြေးအဖြစ် အိမ်ထောင်စု တစ်စုကို ငွေကျပ် ငါးသောင်းနဲ့ ပေ ၈၀×၆၀ မြေကွက်တွေ နေရာချထားပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်ခြေ ၃၀၀၀ ကျော်အတွက် မြေနေရာ အလုံအလောက် ပြန်လည်ချထားပေးတာ မရှိတဲ့အပြင် နစ်နာကြေးငွေ ၅ သောင်းကျပ်ဟာလည်း အိမ်ထောင်စု တစ်စုအတွက် လုံလောက်မှု မရှိဘူးလို့ ဒီအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အပြည့်အစုံကို RFA အဖွဲ့သား ကိုနေရိန်ကျော်က အခုလိုတင်ပြထားပါတယ်။
တင်ပြချက်။
အသံဖိုင်ယူရန်။
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )