QPRအသင်းတွင် ကစားရင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိရေးသည် မိမိ၏ စိတ်ကူး အိပ်မက်တစ်ခု ဖြစ်လာကြောင်း ဂျူလီယိုဆီဇာက ဖွင့်ဟခဲ့သည်။
ဘရာဇီးလ် လက်ရွေးစင် ဂိုးသမားသည် ယခုအခါ အင်တာမီလန်ကို စွန့်ခွာပြီး လန်ဒန်ကလပ်နှင့် အပြီးသတ် စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။ QPRသည် (၁၉၆၇)ခုနှစ်က တတိယတန်း ချန်ပီယံဆုနှင့် လိဂ်ဖလားတို့ကို ရရှိဖူးသော်လည်း အဆင့်မြင့်တန်း ပြိုင်ပွဲများတွင် အမြင့်ဆုံး ဒုတိယနေရာသာ တစ်ကြိမ်ရရှိဖူးသည်။ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဂိုးသမား တစ်ဦးဖြစ်သော ဆီဇာက QPR အသင်းကို အင်္ဂလန်၏ အဆင့်အမြင့်ဆုံးပြိုင်ပွဲတွင် ချန်ပီယံဆု သိမ်းပိုက်ရယူနိုင်ရန် ကူညီလိုကြောင်း ပြောကြားသွားသည်။
အင်တာတွင် (၇)နှစ် ကစားပြီး စီးရီးအေ ချန်ပီယံဆု (၅)ကြိမ်နှင့် ဥရောပ ချန်ပီယံလိဂ် ဆုဖလားတို့ကို ရယူဖူးသည့် အသက်(၃၂)နှစ်အရွယ် ဂိုးသမားက "QPRနဲ့အတူ ချန်ပီယံ ဖြစ်လာဖို့က ကျွန်တော့် အိပ်မက်ပါ။ ကျွန်တော်ကတော့ ပရိသတ်၊ မန်နေဂျာ၊ ဥက္ကဋ္ဌနဲ့ ကျွန်တော်ကိုယ်တိုင်အတွက် အစွမ်းကုန် ကြိုးစား ကစားမှာပါ။ ကျွန်တော်တို့ အနေနဲ့ ထိပ်ဆုံး(၄)သင်းမှာ ပါဝင်ပြီး ရာသီသိမ်းဖို့ ဦးတည်ရပါမယ်။ တစ်နေ့မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ချိန်ရွယ်နိုင်ဖို့ မျှော်လင့်ထားတယ်"ဟု ပြောကြားသွားသည်။
ကျွန်တော်တို့ အနေနဲ့ ထိပ်ဆုံး(၄)သင်းမှာ ပါဝင်ပြီး ရာသီသိမ်းဖို့ ဦးတည်ရပါမယ်။ တစ်နေ့မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ချိန်ရွယ်နိုင်ဖို့ မျှော်လင့်ထားတယ်...
၎င်းက "ဒါဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ကို ပြန်ကြည့်ရင် မန်ချက်စတာ စီးတီး ချန်ပီယံဖြစ်လာမယ်လို့ ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း အိပ်မက်တစ်ခု ရှိပါတယ်။ ကိုယ့်မှာ အိပ်မက်တစ်ခု ပိုင်ဆိုင် ထားပြီဆိုရင် ဒါဟာ ဖြစ်လာနိုင်ပါတယ်။ ဒီအကြောင်းပြချက်ကြောင့် ကျွန်တော် ဒီကို ရောက်လာတာပါ"ဟုလည်း ဆက်လက်ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com