22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 14, 2012

Redlink မှ Broadband Wimax Service အား ကျပ် ၄၅၀ဝ၀ဝ ဖြင့် ရောင်းချမည်


Wimax Service များ ရောင်းချ ဝန်ဆောင်မှု ပေးလျက် ရှိသော Redlink ကုမ္ပဏီမှ Broadband Wimax Service အား မည်သည့် Service Plan အမျိုးအစားကို ဝယ်ယူသည် ဖြစ်စေ ကနဦးတပ်ဆင်ခ နှုန်းထားအား အထူးဈေးနှုန်း ၄၅၀ဝ၀ဝ ကျပ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည့် အပြင် Redlink ၏ အရောင်းဆိုင်ကြီး များနှင့် တရားဝင် ကိုယ်စားလှယ်ကြီးများ ထံတွင်ဩဂုတ်လ ၁၀ ရက်မှ ၁၆ ရက် နေ့အတွင်း ၄င်းဈေးနှုန်းဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


Redlink တွင်ရွေးချယ်အသုံးပြုနိုင်သော Service Plan အမျိုး အစားများအဖြစ် လစဉ်ပေးဆောင်ရသောSilver Plan, Gold Plan, Gold+ Plan, Platinum Plan, Platinum+Plan, Diamond Plan နှင့် Prepaid Plan များဖြစ်ပြီး ရွေးချယ်အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုများဖြစ်သည့် ADSL, FTTX, Ipstar, Broadband Wimax အမျိုးအစားများရှိသည်။
Service Plan များမှာ မိမိအသုံးပြုသလောက်သာ ပေးဆောင်ရခြင်း၊ အိမ်သုံး မိသားစုသုံးများအတွက် ကုန်ကျစရိတ်သက်သာသော Consumer Plan နှင့် လုပ်ငန်းသုံး Coporate Plan များ သတ်မှတ်ပေးထားခြင်း၊ သုံးစွဲမှု အခက်အခဲများအတွက်လည်း 24 hours x 7 Days Call Center ထားရှိ ပေးထားခြင်း စသည်ဖြင့် သုံးစွဲသူများအဆင်ပြေစေရန် ဆောင်ရွက် ထားကြောင်း သိရှိရသည်။
Redlink Communications Co.,Ltd မှ ရောင်းချဝန်ဆောင် မှုပေးသော Broadband Wimax Service အား Redlink ၏ အရောင်း စင်တာများဖြစ်သော ပုလဲကွန်ဒို အဆောင်(A)၊ မြေညီထပ်၊ ဖုန်း ဝ၉- ၇၃၀၃၁၆၈၄ တွင်လည်းကောင်း၊ BAK IT Mall ပထမထပ် ဖုန်း ဝ၉- ၄၃၁၇၀ဝ၁၅ နှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင်ပါဝယ် ယူနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )