Special One ဆိုသော ခိုင်းနှိုင်း သုံးနှုန်းမှုသည် မိမိအတွက် လုံလောက်မှု မရှိတော့သဖြင့် Only One ဟု အခေါ်အဝေါ် ပြောင်းလဲသင့်ကြောင်း ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။
ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီသား နည်းပြက မိမိရယူဖူးသော အောင်မြင်မှုများသည် များပြား ကျယ်ပြန့်လွန်းသဖြင့် Special One ဆိုသော တင်စားမှုသည် လုံလောက် ပြည့်စုံမှု မရှိတော့ဟု ဆိုသည်။ မော်ရင်ဟိုသည် ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီနှင့် စပိန်တို့တွင် သက်ဆိုင်ရာ ပြည်တွင်း အမှတ်ပေး ချန်ပီယံဆု များကို ရယူပြခဲ့သလို ပေါ်တို၊ အင်တာမီလန်တို့နှင့် အတူ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိတွင် ရီးယဲလ်အား စပိန်လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးပေးထားသည့် မော်ရင်ဟိုက မိမိအတွက် အခေါ်အဝေါ် ပြောင်းလဲရန် လိုအပ်နေပြီဟု ဆိုသည်။

Only one ဖြစ်ချင်သည့် မော်ရင်ဟို
"အင်္ဂလန်မှာတုန်းက ကျွန်တော့်ကို Special Oneဆိုတဲ့ စကားနဲ့ တင်စားခဲ့ကြတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်။ ကျွန်တော့်အတွက်တော့ ကိစ္စအားလုံးက ကောင်းကောင်းမွန်မွန် ဖြစ်လာခဲ့တယ်။ ကျွန်တော်ဟာ အင်္ဂလန်၊ အီတလီနဲ့ စပိန်လို ထိပ်တန်း လိဂ်ပြိုင်ပွဲ (၃)ခုလုံးမှာ အောင်မြင်မှု ရယူနိုင်တဲ့ တစ်ယောက်တည်းသော လူသားပါ။ ဒါကြောင့် ကျွန်တော့်ကို Special Oneလို့ ခေါ်နေတာထက် Only Oneလို့ ခေါ်တာက ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ဝ သင့်တော်မယ်လို့ ထင်ပါတယ်" ဟု မော်ရင်ဟို ပြောကြားသွားသည်။
ကျွန်တော်ဟာ အင်္ဂလန်၊ အီတလီနဲ့ စပိန်လို ထိပ်တန်းလိဂ်ပြိုင်ပွဲ (၃)ခုလုံးမှာ အောင်မြင်မှု ရယူနိုင်တဲ့ တစ်ယောက်တည်းသော လူသားပါ။ ဒါကြောင့် ကျွန်တော့်ကို Special Oneလို့ ခေါ်နေတာထက် Only Oneလို့ ခေါ်တာက ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ဝ သင့်တော်မယ်လို့ ထင်ပါတယ်...



11:32 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com