အာဆင်နယ် အသင်းသည် တရုတ်ကလပ် ရှန်ဟိုင်း ရှင်ဟွာတွင် အခြေအနေ မတည်မငြိမ် ဖြစ်နေသော တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာကို ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရသည်။
ရော်ဘင် ဗန်ပါစီကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းထုတ်ခဲ့ပြီးနောက် ယင်းနေရာကို ပရီးမီးယားလိဂ် အတွေ့အကြုံရင့် အိုင်ဗရီကို့စ် လက်ရွေးစင်နှင့် အစား ထိုးနိုင်ရန် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အလို ရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၃၄)နှစ် ရှိပြီဖြစ်သော ဒရော့ဂ်ဘာသည် အာဆင်နယ်၏ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနှင့် အတူ တောက်ပခဲ့ပြီး အာဆင်နယ်နှင့် တွေ့ဆုံတိုင်းလိုလို ဂိုးသွင်း မှတ်တမ်းကောင်းများ ရရှိထားသူ တစ်ဦးဖြစ်သည်။
လက်ရှိတွင် တရုတ်ကလပ် ရှန်ဟိုင်း၌ ဘုတ်အဖွဲ့ အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်နေရာ ဒရော့ဂ်ဘာအပြင် ချယ်လ်ဆီး အသင်းဖော်ဟောင်း နီကိုလက်စ် အနယ်လ်ကာပါ အသင်းကို စွန့်ခွာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြနေသည်။ ဒရော့ဂ်ဘာသည် ရှန်ဟိုင်းတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းထိ ရရှိနေကြောင်း ယုံကြည်ရပြီး ၎င်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် လီဗာပူးလ်ကလည်း ဆက်သွယ်ခဲ့ဖူးသည်။ အခြားသော သတင်းများအရ အာဆင်နယ် အသင်းနှင့် စာချုပ် သက်တမ်းတိုးရေး မအောင်မြင်သေးသည့် တောင်ပံလူ သီအိုဝဲလ်ကော့ကို ဂျူဗင်းတပ်စ်က စိတ်ဝင်စား နေကြောင်း သိရှိရသည်။
အီတလီ စီးရီးအေ ချန်ပီယံတို့သည် အင်္ဂလန် လက်ရွေးစင်ကို နှစ်သက်ကြောင်း အတည်ပြုထားသော်လည်း ပေါင်စတာလင် (၁၀)သန်းထက် ဈေးပိုပေးရန် ဆန္ဒ မရှိဘဲ ဖြစ်နေဆဲဟုလည်း သတင်းများက ဖော်ပြသွားသည်။
ဒရော့ဂ်ဘာသည် အာဆင်နယ်၏ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနှင့် အတူ တောက်ပခဲ့ပြီး အာဆင်နယ်နှင့် တွေ့ဆုံတိုင်းလိုလို ဂိုးသွင်း မှတ်တမ်းကောင်းများ ရရှိထား...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com