22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

မန်ယူတွင် ကစားရန် ကာယ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက် ရှိနေဆဲဟု ဟန်ရီကက်ဇ် ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် အန်ဂျလို ဟန်ရီကက်ဇ်က မိမိသည် အင်္ဂလန် ပရီးမီးယား လိဂ်တွင် ဝင်ဆံ့အောင် ကြံ့ခိုင်မှုပိုင်း မြှင့်တင် ရဦးမည်ဟု ဖွင့်ဟ ပြောကြားလိုက်သည်။

မန်ယူ အသင်းက ယူနီဗာဆီဒက် ဒီချီလီ အသင်းထံမှ ဝယ်ယူခဲ့သော အသက်(၁၈)နှစ်အရွယ် ချီလီလူငယ်လေးသည် အိုးလ်ထရက်ဖို့ဒ်တွင် ပွဲထွက် နေရာကို မျှော်လင့်နိုင်ဖွယ် မရှိသေးချေ။ သို့သော်လည်း အရန်အသင်းတွင် ပုံမှန်ကစားခွင့် ရဖွယ်ရှိသလို ပထမအသင်း ကျောနံပါတ် (၂၁)ကိုပါ လွှဲအပ်ခြင်း ခံထားရသော ဟန်ရီကက်ဇ်က မန်ယူအသင်း အတွက် ကစားပေးရန် လိုအပ်ချက် အားလုံးကို ကြိုးပမ်း ဖြည့်ဆည်း သွားမည်ဟု ပြောဆိုခဲ့သည်။ အထူးသဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှု အပိုင်းတွင် မိမိသည် လိုအပ်ချက်များ ရှိနေဆဲဟု ဟန်ရီကက်ဇ်က ဝန်ခံခဲ့သည်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် အန်ဂျလို ဟန်ရီကက်ဇ်

ယူနီဗာဆီဒက်အား (၁၇)ပွဲတွင် (၁၁)ဂိုး သွင်းယူခြင်းဖြင့် ချီလီချန်ပီယံ ဖြစ်လာအောင် ကူညီပေးခဲ့သည့် ပါရမီရှင် ဆယ်ကျော်သက် ကစားသမားလေးက "ကျွန်တော့်ကို မိနစ်နည်းနည်းလောက်ဖြစ်ဖြစ် ပေးကစားပါလို့ တောင်းဆိုနေမှာ မဟုတ်ဘူး။ ပြီးတော့ လက်ရှိ ကျွန်တော် ရှိနေတဲ့ အခြေအနေထက် ပိုကောင်းချင်ယောင်လည်း မဆောင်ချင်ဘူး။ ကျွန်တော် တစ်လှမ်းချင်းစီ ရှေ့ဆက်ပါမယ်။ ကျွန်တော် ဒီမှာ အသားကျဖို့ လိုပါသေးတယ်။ ပြီးတော့ ကာယအပိုင်းမှာလည်း ခုထက်ပိုပြီး ကြံ့ခိုင်အောင် မြှင့်တင်ရဦးမယ်" ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "ကျွန်တော် ပုံမှန် လေ့ကျင့်ရင်း ရလာမယ့် အခွင့်အလမ်းတိုင်းကို စောင့်နေပါမယ်။ ပြောရရင် မန်ယူအသင်းမှာ အဆင့်မီ ကစားဖို့ဆိုတာ ကျွန်တော့်အတွက် သင်ယူစရာ တော်တော်များများ လိုနေသေးတယ်"ဟုလည်း ပြောဆိုသွားသည်။
ကျွန်တော် တစ်လှမ်းချင်းစီ ရှေ့ဆက်ပါမယ်။ ကျွန်တော် ဒီမှာ အသားကျဖို့ လိုပါသေးတယ်။ ပြီးတော့ ကာယအပိုင်းမှာလည်း ခုထက်ပိုပြီး ကြံ့ခိုင်အောင် မြှင့်တင်ရဦးမယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )