22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

အသင်းမှ ထွက်ခွာလိုသည် ဆိုသော သတင်းများ အတွက် ဖယ်လိုင်နီအား အဲဗာတန် အရေးမယူ

အသင်းမှ ထွက်ခွာရန် စိတ်ပိုင်း ဖြတ်ထားသည်ဟု ပြောဆိုခဲ့သော သတင်းများ အတွက် မော်ရို ဖယ်လိုင်နီအား အဲဗာတန် အသင်းက အရေးယူမည် မဟုတ်ဟု သိရသည်။

ယခု သတင်းများ ထွက်ပေါ်လာခြင်း အတွက် မာဆေးဆိုက် ကလပ်အသင်းက စိတ်အနှောင့်အယှက် ဖြစ်ဟန် တူသော်လည်း အသက်(၂၄)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် Playmakerကို ဒဏ်ရိုက်ခြင်း ကဲ့သို့ အရေး ယူမှုမျိုး မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ဖယ်လိုင်နီနှင့် နီးစပ်သူ အချို့ကလည်း သတင်းများကြောင့် ဖယ်လိုင်နီကိုယ်တိုင် အံ့ဩနေပြီး ၎င်းသည် အဲဗာတန်ကို စွန့်ခွာရန် တွေးတောနေခြင်း မရှိဟု ဆိုသည်။ ဖယ်လိုင်နီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကမှ (၄)နှစ် သက်တမ်းတိုး စာချုပ် တစ်ရပ်ကို အဲဗာတန်နှင့် ချုပ်ဆိုထားခဲ့သည်။
အသင်းမှ ထွက်ခွာလိုသည်ဟု ပြောခဲ့သည့် ဖယ်လိုင်နီ

ဖယ်လိုင်နီသည် ထိုကိစ္စနှင့် ပတ်သက်ပြီး Facebookတွင် ပြန်လည်ဖြေရှင်း ငြင်းချက်ထုတ်ခဲ့သည်။ "သတင်းတွေကို ဖတ်ရတော့ ကျွန်တော် အရမ်း အံ့ဩသွားတယ်။ ကျွန်တော်က အဲဗာတန်ကို မကြာခင် စွန့်ခွာမယ် ဆိုတာပါ။ ကျွန်တော် ပြောပါရစေ။ လီဗာပူးလ်မြို့မှာ နေရတာ ကျွန်တော် ပျော်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လက်ရှိရာသီ အဖွင့် အခြေအနေကလည်း အဆင်ပြေနေပါတယ်။ ကီဗင်မီရဲလက်စ်နဲ့ ကစားသမားကောင်း တချို့က အဲဗာတန်ကို ရောက်လာလို့ အသင်းအင်အားကလည်း ပိုတောင့်တင်းနေပါပြီ။ ဒါကြောင့် ကျွန်တော် အဲဗာတန်နဲ့အတူ ဆက်ကစားပြီး အသင်းရဲ့ ရည်မှန်းချက်တွေကို ကူညီဖြည့်ဆည်းဖို့ အသင့်ပါပဲ" ဟု ဖယ်လိုင်နီက ရေးသားခဲ့သည်။

မာဆေးဆိုက် ကလပ်အသင်းက စိတ်အနှောင့်အယှက် ဖြစ်ဟန် တူသော်လည်း အသက်(၂၄)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် Playmakerကို ဒဏ်ရိုက်ခြင်း ကဲ့သို့ အရေးယူမှုမျိုး မပြုလုပ်...
အစောပိုင်းက Het Nieuwsbladက ဖယ်လိုင်နီသည် အဲဗာတန်တွင် (၅)ရာသီ ကစားပြီးနောက် လာမည့် ဆောင်းရာသီ (သို့မဟုတ်) ရာသီကုန်ချိန်တွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီဟု ပြောဆိုကြောင်း ဖော်ပြသွားသည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )