ပေါ်တူဂီသား မန်နေဂျာ ကိုင်တွယ်နေသော လန်ဒန်ကလပ်သည် စနေနေ့က ကစားသော ပွဲစဉ်တွင် နောဝှစ်ခ်ျစီးတီးနှင့် (၁)ဂိုးစီ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် (၃)ပွဲဆက် အနိုင်မရသေးချေ။ နောဝှစ်ခ်ျနှင့် ပွဲစဉ်တွင် စပါးအသင်းသည် ကစားပုံရော၊ စိတ်ဓာတ်ပိုင်းပါ သိသိသာသာ နိမ့်ကျနေခဲ့ပြီး အိမ်ကွင်းပရိသတ် ရှေ့မှောက်တွင်ပင် ပြိုင်ဘက်၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ အထူးသဖြင့် ပွဲချိန်မိနစ် (၆၀)အထိ စပါးတို့ (၃)ဂိုးပြတ်မျှ အရေးနိမ့်နိုင်သော အခြေအနေကို အမေရိကန် ဝါရင့်ဂိုးသမားကြီး ဘရက်ဒ်ဖရီဒယ်လ်က တားဆီးပေးထားခဲ့ရသည်။
ထို့နောက် (၆၈)မိနစ်တွင် မူဆာဒမ်ဘီလီက ၎င်း၏ စပါးပွဲဦးထွက်ဂိုးကို သွင်းယူခဲ့ပြီး နောဝှစ်ခ်ျအတွက် ချေပဂိုးကိုမူ ရောဘတ် စနောဂရက်စ်က ရယူသွားခဲ့သည်။ ယခုပွဲတွင် စပါးပရိသတ်များသည် အိမ်ခံအသင်းကို လှောင်ပြောင် အော်ဟစ်ခြင်းဖြင့် ၎င်းတို့၏ စိတ်ပျက်မှုကို ပြသခဲ့ကြသည်။ ဘိုအာ့စ်က "ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်နေတာကို လက်ခံရမှာပါ။ ကျွန်တော်တို့ရဲ့ ရာသီအဖွင့်ဟာ အကောင်းဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နေတာဟာ ကစားသမားတွေ အနေနဲ့ ကြိုးကြိုးစားစား မရှိဘူးဆိုတဲ့ အမြင်မျိုးတော့ မဖြစ်သင့်ပါဘူး။ ပရိသတ်တွေ အနေနဲ့ ကျွန်တော်တို့ဟာ စွမ်းအားရှိသမျှ အားထုတ်ပြီး အနိုင်ရဖို့ ကြိုးစားနေတာပါ"ဟုလည်း ပြောဆိုသွားသည်။
ကျွန်တော်တို့ရဲ့ ရာသီအဖွင့်ဟာ အကောင်းဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နေတာဟာ ကစားသမားတွေ အနေနဲ့ ကြိုးကြိုးစားစား မရှိဘူးဆိုတဲ့ အမြင်မျိုးတော့ မဖြစ်သင့်ပါဘူး...
စပါးသည် နောဝှစ်ခ်ျနှင့် မတိုင်မီက နယူးကာဆယ်လ် ယူနိုက်တက်နှင့် ဝက်စ်ဘရွန်းဝစ်ခ်ျတို့နှင့် ကစားခဲ့ပြီး နိုင်ပွဲမရသေးချေ။ ယခုပွဲတွင် အထူးတလည် လက်စွမ်းပြသွားသည့် ဖရီဒယ်လ်ကြောင့် စပါး အနေဖြင့် ပေါင်စတာလင် (၁၂)သန်း အသုံးပြုကာ အိုလံပစ် လိုင်ယွန်ထံမှ ဝယ်ယူထားသည့် ဟူဂိုလောရစ်နှင့် ဖရီဒယ်လ်တို့အား မည်သူ့ကို ဦးစားပေး နေရာတွင် ပွဲထုတ်ရန် ဆုံးဖြတ်ရ ခက်ခဲလာဖွယ် ရှိနေသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com