လီဗာပူးလ် အသင်းသည် တူရကီ လူငယ် ကစားသမားလေး အီမင် အော်လ်တူနီအား ခေါ်ယူ စာချုပ်လိုက်ကြောင်း သိရှိရသည်။
Reality TV Show တစ်ခုတွင် အထူးတလည် ခြေစွမ်း ပြခဲ့သည့်နောက် အသက်(၁၆)နှစ်ရှိ ကွင်းလယ် ကစားသမားလေးအား လီဗာပူးလ် တာဝန် ရှိသူများက အထူး သဘော ကျခဲ့သည်။ အော်လ်တူနီသည် ၎င်း၏ နိုင်ငံတွင် ပြုလုပ်သည့် ဘောလုံး စွမ်းရည်ပြ Reality TV Showတွင် ပရိသတ် အာရုံကို ဖမ်းစား နိုင်ခဲ့သလို အောင်မြင်မှုလည်း ရရှိခဲ့သည်။ Futbol Prensi အစီအစဉ်သည် အသက်(၁၄)နှစ်မှ အသက်(၁၆)နှစ်ကြား လူငယ်လေးများ၏ ဘောလုံး ပါရမီကို ဖော်ထုတ်ရန် တင်ဆက်နေခြင်း ဖြစ်သည်။
အော်လ်တူနီသည် လီဗာပူးလ် အဆိုပါ အစီအစဉ်တွင် လီဗာပူးလ် လူငယ်အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ယခုအခါတွင်မူ မာဆေးဆိုက် ထိပ်သီးကလပ်၏ အနာဂတ် သွေးသစ်များနှင့် ပေါင်းစည်းခွင့် ရလာခဲ့သည်။ အော်လ်တူနီက "ကျွန်တော် အသက်(၄)နှစ် ကတည်းက ဘောလုံး ကစား လာတာပါ။ ကျွန်တော်က အမြဲတမ်း အမြဲတမ်း ဘောလုံး ကစားနေချင်တာ။ ခုအခွင့်အရေးကို ရလာစေတဲ့သူ အားလုံးကို ကျွန်တော် ကျေးဇူး တင်ပါတယ်။ သူတို့အားလုံး စိတ်မပျက်စေရပါဘူး" ဟု ပြောကြား သွားခဲ့သည်။
Reality TV Show တစ်ခုတွင် အထူးတလည် ခြေစွမ်း ပြခဲ့သည့်နောက် အသက်(၁၆)နှစ်ရှိ ကွင်းလယ် ကစားသမားလေးအား လီဗာပူးလ် တာဝန် ရှိသူများက အထူး သဘောကျခဲ့...
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com