မန်ချက်စတာ စီးတီးအသင်း ပါဝင် ကစားရမည့် ချန်ပီယံလိဂ် မရဏ အုပ်စုသည် ပြီးခဲ့သည့် ရာသီကထက် ပိုမိုခက်ခဲ ကြမ်းတမ်းကြောင်း အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီက ဝန်ခံပြောဆိုလိုက်သည်။
အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ချန်ပီယံ လိဂ်တွင် (၂)ရာသီဆက် ပါဝင် ကစားခွင့် ရပြီးနောက် (၂)ရာသီလုံး အခက်တကာ့ အခက်ခဲဆုံး အုပ်စုများတွင် ကျရောက် နေခဲ့သည်။ ပြီးခဲ့သည့် ရာသီက ဘိုင်ယန်မြူးနစ်နှင့် နာပိုလီ အသင်းများကြောင့် မန်စီးတီးသည် ယူရိုပါလိဂ်သို့ ပြောင်းကစား ခဲ့ရပြီး ယခု ရာသီတွင်လည်း အမှတ်ပေး ချန်ပီယံ (၄)သင်း ပါဝင်သော အုပ်စုအတွင်း ကျရောက်နေသည်။ မန်စီးတီးသည် စပိန် ချန်ပီယံ ရီးယဲလ်မက်ဒရစ်၊ ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်၊ နယ်သာလန် ချန်ပီယံ အေဂျက်စ် အမ်စတာဒမ် တို့နှင့် ရင်ဆိုင် ကစားရမည်ဖြစ်သည်။

ပြီးခဲ့သည့် ရာသီက မရဏအုပ်စုတွင် (၁၀)မှတ် ရယူနိုင် ခဲ့သော်လည်း ရှုံးထွက်အဆင့် မတက်ရောက်နိုင်သော အတွေ့အကြုံဆိုးကို ရင်ဆိုင် ခဲ့ရသည့်နောက် ကွမ်ပနီက ယခုနှစ်သည် အုပ်စု ပိုကျပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ "ချန်ပီယံ လိဂ်မှာတော့ ပွဲတိုင်းက ခက်ခဲတာပါပဲ။ ဒါပေမဲ့ မနှစ်က အနေအထားနဲ့ ယှဉ်ရင်တောင် ခုအုပ်စုက ပိုကျပ်ပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ စိန်ခေါ်မှု တစ်ခုပါ။ ပြိုင်ပွဲဝင် အသင်းတွေရဲ့ အရည်အသွေးက တိုးတက်လာတာနဲ့ အမျှ စိန်ခေါ်မှု အခြေအနေကလည်း ပိုကြီး လာတတ်ပါတယ်" ဟု ကွမ်ပနီက ဆိုသည်။
ချန်ပီယံလိဂ်မှာတော့ ပွဲတိုင်းက ခက်ခဲတာပါပဲ။ ဒါပေမဲ့ မနှစ်က အနေအထားနဲ့ ယှဉ်ရင်တောင် ခုအုပ်စုက ပိုကျပ်ပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ စိန်ခေါ်မှု တစ်ခုပါ...
ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟို ခံစစ်မှူးက "ဘာပဲဖြစ်ဖြစ် အသင်းရဲ့ စိတ်ဓာတ်ရေးရာက အမြင့်ဆုံးမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် အသင်းတွေနဲ့ ကစားခွင့် ရတာကိုက ကျေနပ်စရာပါ။ ကျွန်တော်တို့ ကွန်မြူနတီ ဒိုင်းကို ဆွတ်ခူးနိုင်ခဲ့ပြီး ရာသီ အဖွင့်က ကျေနပ်စရာ ဖြစ်နေပါပြီ။ ပြီးတော့ ရနိုင်ခြေ (၉)မှတ်ထဲက (၇)မှတ်လည်း ယူထားနိုင်တယ်။ အသင်းရဲ့ လက်ရှိ အခြေအနေက အားရဖို့ ကောင်းနေပြီး ဒီထက်ပိုပြီး အဆင့်မြင့်မြင့် ရှေ့ဆက်ဖို့ ကြိုးစား သွားမှာပါ" ဟုလည်း ဆက်လက် ပြောကြား သွားခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com