ယနေ့နေ့လည် ၂ နာရီခန့်အချိန်တွင်
မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ငြိမ်းချမ်း
စွာဆန္ဒပြနေသူများအနီးမှ တပ်ကြပ်
မြင့်သောင်းမောင်းနှင်သော ရဲကားတစ်စီးမှ
အရှိန်ပြင်းစွာကပ်မောင်းရာ ငြိမ်းချမ်းစွာဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း
သတင်းရရှိပါသည်။
"အဲဒီကားကအစကတည်းကဘုန်းကြီးကျောင်းထဲမှာရပ်ထားတာ၊ဆန္ဒပြနေတဲ့သူတွေကဘုန်းကြီးကျောင်း
"အဲဒီကားကအစကတည်းကဘုန်းကြီးကျောင်းထဲမှာရပ်ထားတာ၊ဆန္ဒပြနေတဲ့သူတွေကဘုန်းကြီးကျောင်း
အပေါက်ဝမှာ ပြနေကြတာ၊အဲဒါကို အဲဒီကားက အတင်းမောင်းထွက်တယ်၊ လူတွေက
ဝိုင်းဆွဲပေမယ့်မရဘူး။ကားလီဗာကို အတင်းနင်းပြီး ဆန္ဒပြနေတဲ့သူတွေရဲ့ ကျောဘက်ကနေ ကပ်မောင်းသွားတယ်၊ ဆန္ဒပြနေသူတဲ့သူနှစ်ယောက် ကားဘီးနဲ့နင်းမိပြီး ဒဏ်ရာရသွားပါတယ်
" ဟု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား ထိခိုက်ဒဏ်ရာ ရရှိအောင် တမင်ကြံရွယ်လုပ်ဆောင်ခြင်ဖြစ်ြေ ကာင်း၊
ထိုကား မောင်းထွက်လိုပါက လူထုကိုခွင့်တောင်းပြီး မောင်းထွက်နိုင်သော်လည်း ထိုကဲ့သို့မပြုလုပ်ပဲ မထီမဲ့မြင်ပုံစံဖြင့် ကြမ်းတမ်းစွာပြုမူခြင်းဖြစ်ကြော င်း စသည်ဖြင့် မျက်မြင် ကိုယ်တွေ့များက
ဝေဖန်ကြသည်။
ယခုအခါတွင် မုံရွာတရားရုံးသို့ အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဦးတိုက်လျှောက်ထားနေပြီ ဖြစ်ကြောင်း သိရပါသည်။
ယခုအခါတွင် မုံရွာတရားရုံးသို့ အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဦးတိုက်လျှောက်ထားနေပြီ ဖြစ်ကြောင်း သိရပါသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com