ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာနိုင်ငံ
တစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ
ကျင်ပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
"ရန်ကုန်က လူနှစ်ရာ့ငါးဆယ်လောက်နဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားမယ်။
သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွေမှာ လူထုဆန္ဒ
ထုတ်ဖော်ပွဲလုပ်မယ်။
ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမယ်" ဟုကချင်ငြိမ်းချမ်းရေးကွ
န်ရက်မှ ဒေါ်အက်စတာက စက်တင်ဘာ ၁၄ ရက်တွင် မီဒီယာများအား
ရှင်းလင်းပြော ကြားသည်။
အဆိုပါနေ့တွင် အင်းလျားကန်ပေါင်ရှိ တံတားဖြူတွင်လည်း မိုးပျံပူဖောင်းလွှတ်ခြင်း၊
စွန်လွှတ်ခြင်း၊ ဆူးလေစေတီတော်မှ တံတားဖြူအထိ လူဦးရေ ၃၀၀
ခန့်လမ်းလျှောက်ခြင်း၊ လှည်းတန်းမီးပွိုင့်တွင် "တစ်နိုင်ငံလုံးစစ်ပွဲရပ်"
စာတန်းပါစတစ်ကာအား ကားများတွင် ကပ်ခြင်း၊
အဆိုပါစာတန်းကို အပြာရောင်အ၀တ်စပေါ်တွင်
ရေးထိုးပြီး နဖူးစည်းအဖြစ် လည်းကောင်း၊ လက်ပတ်အဖြစ်လည်းကောင်း
တပ်ဆင်ဝတ်ဆင်ခြင်း စသည့်လုပ်ဆောင်မှုများကို
နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ အနုပညာသမား
များနှင့် လူမှုရေးအဖွဲ့
အစည်းဝင်အားလုံး ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေကြောင်း လူမှုရေးလုပ်ငန်း
များဆောင်ရွက်နေသော အဖွဲ့အစည်း ၂၀ ခန့်မှ တာဝန်ရှိသူများကပြောသည်။
7 Day News



10:06 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com