ပွဲထွက် ဂိုးသမား နေရာအတွက် ခိုင်ခိုင်မာမာ မဆုံးဖြတ် ရသေးမချင်း ဂိုးသမား နေရာကို အလှည့်ကျ သတ်မှတ်သွားမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။
စကော့သား မန်နေဂျာကြီးသည် လက်ရှိတွင် စပိန်သား ဒေးဗစ်ဒီဂီယာနှင့် ဒိန်းမတ်သား အန်းဒါးစ် လင်ဒီဂါ့ဒ်တို့ကို တစ်လှည့်စီ ပွဲထွက် အသုံးပြုလျှက် ရှိသည်။ ဖာဂူဆန်က ဂါလာတာဆာရေးနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ယခင် ပရီးမီးယားလိဂ် (၂)ပွဲဆက် ကိုယ်စားပြုခွင့် ရခဲ့သည့် လင်ဒီဂါ့ဒ်အစား ဒီဂီယာကို ပြန်လည် အသုံးပြုရန် အလွန်ဖြစ်နိုင်ခြေ များကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ ဒီဂီယာသည် အက်ဒွင်ဗန်ဒါဆားကို ဆက်ခံမည့်သူ အဖြစ် နာမည်ကျော် ခဲ့သော်လည်း အမှား အချို့ကြောင့် ပွဲထွက်နေရာမှ ချန်လှပ်ခံခဲ့ရသည်။

ဖာဂူဆန်က "ကျွန်တော့် ဂိုးသမား နှစ်ယောက်အတွက် အရေးအကြီးဆုံး အရာက အင်္ဂလန်မှာ ကစားတဲ့ အတွေ့အကြုံ ရင့်ကျက်လာဖို့ပါ။ သူတို့ နှစ်ယောက်လုံး အသက်တွေက ငယ်သေးတယ်လေ။ ဒါကြောင့် ဗန်ဒါဆားနဲ့ ပီတာရှမိုက်ကယ်တို့လို အတွေ့အကြုံမျိုး ရှိနေဖို့ မျှော်လင့်လို့ ဘယ်ရမလဲ။ ခုချိန်မှာ အပြောင်းအလဲနဲ့ အသုံးပြုနေဖို့က ကျွန်တော့်အတွက် ပြဿနာ မဟုတ်ပါဘူး" ဟု ဆိုသည်။ လင်ဒီဂါ့ဒ်သည် ဝီဂန်နှင့် ပွဲတွင် မန်ယူ၏ ယခုရာသီ ပထမဆုံး Clean-Sheet ကို ရရှိ ခဲ့သော်လည်း ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲတွင်မူ ဒီဂီယာသာ ပွဲထွက်ရန် အလားအလာ ကောင်းနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ကျွန်တော့် ဂိုးသမား နှစ်ယောက်အတွက် အရေးအကြီးဆုံး အရာက အင်္ဂလန်မှာ ကစားတဲ့ အတွေ့အကြုံ ရင့်ကျက်လာဖို့ပါ။ သူတို့ နှစ်ယောက်လုံး အသက်တွေက ငယ်သေးတယ်လေ။ ဒါကြောင့် ဗန်ဒါဆားနဲ့ ပီတာရှမိုက်ကယ်တို့လို အတွေ့အကြုံမျိုး ရှိနေဖို့ မျှော်လင့်လို့ ဘယ်ရမလဲ...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com