တော့တင်ဟမ် ဟော့စပါး ဂိုးသမား နှစ်ဦးကို နှိုင်းယှဉ်လျှင် ဘရက်ဒ် ဖရီဒယ်လ်ဘက်မှ မိမိ ရပ်တည်ကြောင်း နောက်ခံလူ ဘင်နွိုက် အဆူ အီကော်တိုက ပြောကြားလိုက်သည်။
ကင်မရွန်း လက်ရွေးစင် ဘယ်နောက်ခံ ကစားသမားက လက်ရှိ ပွဲထွက် ဂိုးသမားဖြစ်သော အမေရိကန် ဝါရင့်ကြီး ဘရက်ဖရီဒယ်လ်သည် စပါး၏ ပွဲထွက် နေရာနှင့် ပိုမို ထိုက်တန်ကြောင်း ဆိုသည်။ စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ပြင်သစ် လက်ရွေးစင် ဟူဂိုလောရစ်ကို ပေါင်စတာလင် (၈)သန်းဖြင့် အိုလံပစ် လိုင်ယွန်ထံမှ ဝယ်ယူ ခဲ့ပြီးနောက် ဂိုးသမားကောင်း နှစ်ဦးကြား လူရွေးချယ်ရန် ခက်ခဲလျှက် ရှိသည်။ ဖရီဒယ်လ်က မိမိ၏ ပွဲထွက် နေရာကို စိန်ခေါ်မည် ဆိုပါက လောရစ်အနေဖြင့် ခက်ခက်ခဲခဲ ကြိုးစား ရလိမ့်မည်ဟု သတိပေးထားသည်။
ပြင်သစ်ကဲ့သို့ အင်အားတောင့်တင်းသော လက်ရွေးစင် အသင်းတွင် ပွဲထွက်ဂိုးသမား နေရာကို ရရှိ ထားသည့်တိုင် ဝှိုက်ဟတ်လိန်းတွင် ဖရီဒယ်လ်ကို ကျော်ဖြတ်နိုင်ကြောင်း ထိုက်တန်သည့် အရည်အသွေးများ လောရစ်အနေဖြင့် ပြသရမည်ဟု အီကော်တိုက ဆိုသည်။ "ဒါဟာ ပြိုင်ဆိုင်မှု တစ်ခုလေ။ လွယ်လွယ်နဲ့ ဘာကိုမှ မျှော်လင့်လို့ မရဘူး" ဟု အီကော်တိုက Daily Mailသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "လောလောဆယ် ကျွန်တော်တို့ဟာ ဘာအမှားအယွင်း တစ်ခုမှ မရှိတဲ့ ဂိုးသမား တစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ ပြီးတော့ သူက ဗြိတိန်မှာ အသားကျနေပြီ။ တကယ်လို့ လောရစ်ဟာ စပါးနဲ့ အစပြုမယ် ဆိုရင် နံပါတ်(၂) နေရာက စရပါမယ်။ ကိုယ့်အသင်းရဲ့ ဂိုးသမားက ဘာအမှားမှ မရှိမှတော့ ဘာအကြောင်းပြချက်နဲ့ အပြောင်းအလဲ လုပ်ရမှာလဲ" ဟုလည်း ထောက်ပြ သွားခဲ့သည်။
လောလောဆယ် ကျွန်တော်တို့ဟာ ဘာအမှားအယွင်း တစ်ခုမှ မရှိတဲ့ ဂိုးသမား တစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ ပြီးတော့ သူက ဗြိတိန်မှာ အသားကျနေပြီ။ တကယ်လို့ လောရစ်ဟာ စပါးနဲ့ အစပြုမယ်ဆိုရင် နံပါတ်(၂) နေရာက စရပါမယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com