22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

အမေရိကန်က ဆီးရီးယား အတွက် နောက်ထပ် ဒေါ်လာ ၂၁ သန်းပေးလှူ သွားမည်


 

နေ့စဉ် စစ်ပွဲများ ဖြစ်ပွား နေသော ဆီးရီးယား နိုင်ငံမှ ဒုက္ခသည် ပြည်သူ များကို အစားအစာ အတွက် နောက်ထပ် ဒေါ်လာ (၂၁)သန်းနှင့် ထောက်ပံ့ ကူညီပေးသွားမည် ဟု အမေ ရိကန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ဆုံး ဖြတ်ခဲ့ကြောင်း အမေရိကန် အစိုးရဌာန က ကြေညာခဲ့သည်။
အဆိုပါ ရန်ပုံငွေ ကို ဆီးရီးယားစားနပ်ရိက္ခာ ထောက် ပံ့ရေး အစီအစဉ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးနေသော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အတွက် ပေးလှူသွားမည် ဖြစ်ကြောင်း ဂျော်ဒန် မှ (USAI) အဖွဲ့ စီမံခန့်ခွဲရေးမှူး Rajiv Shah ၏ ပြောကြားချက်ကို အမေရိ ကနအ် စိုးရဌာနက ထုတ်ြပနခ်ြဲ့ခင်း ဖြစ်သည်။
USAID သည်အမေရိကန်၏ အရေးပါဆုံး တရားဝင်နိုင်ငံတကာ ကူညီရေးအင်ဂျင်စီဖြစ်သည်။ငွေပမာဏ ၏ ၁၄.၃ သန်းကို ဆီးရီးယားပြည် တွင်းမှ စစ်ဘေးသင့် ပြည်သူများ၏ စားနပ်ရိက္ခာအတွက် ပေးဝေသွားမည် ဖြစ်ပြီး ကျန်သည့် ၆.၇ သန်းကိုမူ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွား ကြသောဆီးရီးယားပြည်သူများအတွက် ဖြစ်ကြောင်းသိရသည်။
ဝါရှင်တန် သည် ယခုအချိန်အထိ ဆီးရီးယား ပြည်တွင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ ရောက်နေသော ဆီးရီးယားဒုက္ခသည် များအတွက် စုစုပေါင်း ဒေါ်လာသန်း (၁၀ဝ)ကျော် ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )