နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ
သီရိမြို့နယ်မှ နိုင်ငံတော်ပိုင်လယ်၊
ယာမြေများကို ကျူးကျော်နေထိုင်မှုဖြင့်
ရွာသား၆၃ဦးအပါအ၀င် အသက်၁၈နှစ်
ပြည့်ပြီးသူမိသားစုဝင်များကိုအမှုရင်ဆိုင်ရန်ယနေ့နံနက် ၁၀း၃၀ အချိန်တွင်
ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်းရရှိသည်။
ဆင့်ခေါ်စာပေးပို့ခံရသူ ရွာသားမှာ၆၃ဦးရှိပြီး ထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေ
ထိုင်ပြီးအသက်၁၈နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅ ဦးရှိကြောင်း
သတင်းရရှိသည်။
“ကျွန်တော်တို့ တရားစွဲခံရသူတစ်ဦးကို အာမခံဖို့ဆိုပြီး လူနှစ်ဦးလိုက်ရတယ်။ဒီတော့
တရားစွဲခံရတာက ၁၂၅ ဦးအာမခံလိုက်ပေးရတာက ၂၅၀ ဦး စုစုပေါင်း ၃၇၅ဦး
လာရမှာဗျ။
လောလောဆယ်တော့ တက်နိုင်သူတွေက ဘတ်စ်ကားနဲ့သွားတာရှိသလို
ဘတ်စ်ကားခမတက်နိုင်လို့ ၁၅မိုင်လောက်ခရီး ခြေလျှင်လျှောက်နေကြသူတွေလဲရှိတယ်။
ဆန္ဒပြတာတော့မဟုတ်ပါဘူး။
သူတို့ဆင့်ခေါ်လို့လာကြတာပါ။" ဟုရွှေခဲအင်းကျေးရွာအုပ်စုနေသူတစ်ဦးကပေါ်ပြူလာနယူးစ်
သို့ ပြောသည်။
ဒက္ခိဏသီရိမြို့နယ်မှ ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တစ်ဦးအသွားအပြန်ကားခမှာ
တစ်ထောင်နီးနီးရှိ၍ မိသားစုဝင်သုံးဦးလာလျှင် ကားခသုံးထောင်ကျပ်၊အာမခံ
ပေးသူနှစ်ဦးစီအတွက်လမ်းစရိတ်ပါပေါင်းလျှင်လမ်းစရိတ် ခြောက်ထောင်ကျပ်
ကုန်ကျမည်ဟု၎င်းကဆက်ပြောသည်။
တရားရုံးသို့ဆင့်ခေါ်ခံရသော အဆိုပါ ရွာသားများအား ယခုနှစ်၊ဇွန်လအတွင်းက
တရားစွဲဖူးကာ ထိုအမှုကိုပင် သြဂုတ်လအတွင်း ပလပ် အမှုအဖြစ်သတ်မှတ်ခဲ့သည်။
စွမ်းရဲထွဋ်
Popular News

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com