မလေးရှားနိုင်ငံ KL""ကိုတာယာရာ""
ဇေယျာစားသောက်ဆိုင်(မြန်မာဆိုင်)အနီးတွင်
ရခိုင်အမျိုးသားတစ်ဦးကိုလူအုပ်တစ်စုက ရိုတ်နှက်
လုယက်သွာကြောင်း သတင်းရရှိသည်။
ဖြစ်ပုံမှာ ၁၆.၉.၂၀၁၂ နေ့ လည်းပိုင်လောက်မြန်မာဆိုင်များက ဈေးဝယ်လို့ 
ပြန်လာရင်းလူအုပ်တစ်ခု ပြေးဝင်လာပြီး ဖုန်း နဲ့  ငွေများကို လုယူသွာကြောင်း
သိရသည်။
ယခုလို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ARRC ထွေထွေအတွင်ရေးမူးကိုစောသန်း
ကရွှေမြန်မာမီဒီယာ ကိုယခုလို့  ပြောသည်။
"ဟုက်တယ်ဗျာ။စနေ ၊တနင်္ဂနွေနေ့ ဆိုရင် ကေအယ် မြို့ ထဲမှာခဏခဏမြန်မာတွေ
အလုခံရတယ်။ အကောင်းဆုံးကတော့ တစ်ယောက် ထဲ မသွားကြဖို့ သွားရင်တော့
သတိဝီရယနဲ့ သွားကြဖို့ ပြောချင်တယ်ဗျာ။ ဟုရွှေမြန်မာမီဒီယာဂရုကိုပြောသည်။
အဆိုပါလူလုယက်အုပ်စုက မလေးရှားနိုင်သားများနဲ့ အိန္ဒိယလူမျိုးများဖြစ်ကြသည်ဟု
သိရသည်။
အလုခံရသောရခိုင်လူမျိုးမှာ ရသေ့တောင်မြို့ နယ် မြောင်ဂန်ဂျိုင်းကျေးရွာမှ
ကိုမောင်လင်းဟုသိရသည်။ကိုမောင်လင်းမှာ ဦးခေါင်းတွင်ဒဏ်ရာနည်းနည်းရသွား
သည်ဟုဆိုသည်။
လမ်းသွားလမ်းလားများ အထူးသတိထားရှောင်ကြည်သွားရန်နဲ့  မြို့ထဲသွားရင်
ပိုတ်ဆံများများထည့် မသွားကြဖို့ ကိုစောသန်းက ပြောပြသည်။
ရွှေမြန်မာမီဒီယာဂရု
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com