ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီ အနေဖြင့် မိခင်နိုင်ငံ အာဂျင်တီးနား အတွက် ကိုယ်စားပြုချိန်တွင် ပီရူး ပရိသတ်များ၏ လှောင်ပြောင်မှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံခဲ့ရသည်။
ပီရူးနိုင်ငံ လီမာလေဆိပ်သို့ အာဂျင်တီးနားအသင်း ဆိုက်ရောက် လာချိန်တွင် ပီရူးပရိသတ်များက မက်ဆီအား ဦးတည်ကာ "ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒို"ဟု သံပြိုင် ဟစ်ကြွေး ခဲ့ကြသည်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးအဖြစ် သတ်မှတ် ခံထားရသော မက်ဆီနှင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့သည် ခါးသီးပြိုင်ဘက် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ကို အသီးသီး ကိုယ်စား ပြုနေသလို ခြေစွမ်းလည်း အပြိုင်အဆိုင် ပြသနေသူများ ဖြစ်သည်။ ထို့ကြောင့်လည်း ပီရူးပရိသတ်က မက်ဆီ မခံချိမခံသာ ဖြစ်အောင် ရော်နယ်လ်ဒို၏ အမည်ကို အော်ဟစ်နေခြင်း ဖြစ်သည်။
အချို့သော ပရိသတ်ကလည်း မက်ဆီ၏ အမည်ကို ဟစ်ကြွေး နှုတ်ဆက်ခဲ့သော်လည်း ပီရူး ဘောလုံး ပရိသတ် အများစုနှင့် ဘာစီလိုနာကို အားမပေး သူများကမူ ရော်နယ်လ်ဒို၏ အမည်ကိုသာ အော်ဟစ် နေခဲ့ကြသည်။ အသက်(၂၅)နှစ်ရှိ မက်ဆီသည် သောကြာနေ့က အာဂျင်တီးနား အသင်း ပါရာဂွေးကို (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး လက်ရွေးစင် အတွက် (၂၈)ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့သည်။ မက်ဆီက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပီရူးဘက်သို့လည်း ဂိုးသွင်းလိုကြောင်း ပြောဆိုသွားသည်။
ပီရူးနိုင်ငံ လီမာလေဆိပ်သို့ အာဂျင်တီးနားအသင်း ဆိုက်ရောက် လာချိန်တွင် ပီရူးပရိသတ်များက မက်ဆီအား ဦးတည်ကာ "ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒို"ဟု သံပြိုင် ဟစ်ကြွေး ခဲ့ကြ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com