ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ်တာ တတ် ကြပါတယ်။ အရွယ် ရောက်လို့ ပညာဆည်းပူးဖို့၊ဘဝ တိုးတက်ရာတိုးတက်ကြောင်း ရှာ ဖွေဖို့အတွက် မိမိရဲ့ဇာတိမြို့ကို စွန့် ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာ ခဲ့တဲ့သူတွေရှိပါတယ်။ ကိုယ့်ရဲ့အိပ် မက်ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲမဆို ကိုယ့်ရဲ့ဇာတိ မြို့လေးကို လွမ်းတမ်းတစိတ်တော့ ဖြစ်မိတတ်ကြပါတယ်။
မြို့ပြမှာ အလုပ်တွေမောလို့ စိတ်ကြည်နူး စရာရယ်လို့ ပြန်တွေးမိရင် ကိုယ့် ဇာတိက ငယ်ဘဝတွေဆိုရင် မှား မယ် မထင်ပါဘူး။ အနုပညာရှင် တွေထဲမှာလည်း အနယ်နယ်အရပ် ရပ်ကသူတွေရှိပါတယ်။ သူတို့တွေ ရော..သူတို့ရဲ့ဇာတိမြေကို ဘယ် လိုလွမ်းလဲဆိုတာ ဒီလိုပဲမေးဖြစ်ခဲ့ သမျှ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့မွေးရပ်ဇာတိက ဧရာဝတီတိုင်း၊ မအူပင်မြို့လေးပါ။
ကျွန်တော်က သားဦးလေ။ အဘိုး၊ အဘွားတို့က မအူပင်၊ အမေ ကလည်း မအူပင်ဇာတိ၊ အဖေဖြစ် တဲ့သူက ရေစကြိုမြို့ကပေါ့။ အဖေ ကအထက် အမေကအောက်က ပေါ့။ အိမ်ထောင်ကျတော့ ဖေဖေ နဲ့မေမေက ရန်ကုန်မှာအိမ်ထောင် ကျတယ်လေ။ ကျွန်တော့်ကိုမွေး တော့ အဘိုးတို့က မအူပင်ကိုလာ မွေးဆိုပြီး မေမေ့ကိုမအူပင်မှာမွေး ခိုင်းတာပေါ့။
ကျွန်တော့် ကိုယ်ဝန် (၆)လလောက်တည်းက မေမေက မအူပင်မြို့မှာသွားနေခဲ့တာလေ။ ဖေဖေက ရန်ကုန်မှာအလုပ်လုပ်ပြီး မအူပင်မြို့ကိုသွားလိုက်လာလိုက် ပေါ့။ မအူပင်မြို့မှာ ကျွန်တော်မွေး ပြီး (၃)လလောက်နေပြီးရန်ကုန်ပြန် လာခဲ့တာပေါ့။ ရန်ကုန်မှာအိမ်ရှိတော့ မွေးကင်းစလေးနဲ့ရန်ကုန်ကို ပြန်ရောက်ခဲ့တာပေါ့။ မအူပင်မြို့ ကတော့ ကျွန်တော့်ရဲ့ချက်မြှုပ်ဇာ တိလေးပေါ့။ နောက်ပိုင်း အဘိုး၊ အဘွား၊ ကြီးတော်ကြီးတွေရှိတော့ နောင်(၁၀)နှစ်ကျော်လောက်အထိ လူပျိုပေါက်အရွယ်အထိ မအူပင် မြို့ကို အမြဲတမ်းသွားလာဖြစ်တာ ပေါ့။ တစ်နှစ်ကို တစ်ခါ၊ နှစ်နှစ် တစ်ခါလောက်ကိုသွားဖြစ်ခဲ့တယ် လေ။
မအူပင်မြို့မှာ အမှတ်တရ တွေဆိုရင် ကျွန်တော်(၆)နှစ်သား အရွယ် နှစ်တန်းတုန်းကပေါ့။ သီ တင်းကျွတ်ကာလ၊ တန်ဆောင်တိုင် ကာလတွေဆိုရင် မအူပင်မြို့မှာ လှည့်ကြတယ်။ ဆင်ရုပ်တွေ၊ မြင်း ရုပ်တွေ၊ ကျွဲရုပ်ကြီးတွေနဲ့လှည့်ကြ တာပေါ့။ ညဘက်ကြီးလှည့်ကြတာ ဆိုတော့ ကျွန်တော်ကလေးအရွယ် ဆိုတော့ သွားကြည့်တာပေါ့လေ။ ဝမ်းကွဲအစ်မတွေ၊ အဒေါ်တွေနဲ့ သွားကြည့်တဲ့အခါမှာ ကျွဲရုပ်ကြီး တွေ၊ ဆင်ရုပ်ကြီးတွေမြင်ပြီး လန့် တာလေ၊ အော်ငိုတာပေါ့။ အဲဒီ အရှိန်က ညရောက်တဲ့အခါ ဖျား တော့တာပဲလေ။
သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေနဲ့ပတ်သက် ပြီး မအူပင်မြို့မှာ အမှတ်တရတစ် ခုပေါ့။ အထင်ကရနေရာတွေဆို ရင် မြို့မရုပ်ရှင်ရုံ၊ ဆန်းသစ်ရုံတို့မှာ ရုပ်ရှင်ကြည့်တယ်။ အဖေနဲ့အမေ တို့နဲ့အတူ မအူပင်မြို့ကိုသွားရင် ဆယ်ရက်လောက်ကြာတယ်လေ။ တစ်နှစ်တစ်ခါ အဘိုးတွေကိုသွား ကန်တော့ရင် မအူပင်မြို့မှာ ရုပ်ရှင် ကြည့် လျှောက်လည်ပေါ့။
နောက် ပြီး မအူပင်မြို့ရဲ့ကမ်းနားရှိတယ်။ ကျွန်တော်တို့က မအူပင်ကျောင်း လမ်းမှာနေတာကိုး။ အဘိုးတို့က နေတာလေ။ ကျွန်တော်ကကျောင်း ကိုတော့ ရန်ကုန်၊ ဗဟန်း၊ အ.လ.က(၁)မှာ ရှစ်တန်းအောင်ပြီး ဗ ဟန်း အ.ထ.က(၁)မှာဆက်တက် တယ်။ ပြီးတော့ ရန်ကုန် လှိုင် တက္ကသိုလ်မှာ တက္ကသိုလ်တက်ခဲ့ တာပေါ့။ ကျွန်တော်က ညဘက် ပိုင်းမှာမွေးတာလေ။ အခုတော့ မ အူပင်မြို့မှာ အဘိုးလည်းမရှိတော့ ဘူး။ အဘွားလည်းမရှိတော့ဘူး။
အမှန်တိုင်းပြောရရင် အိမ်တောင်မရှိ တော့ပါဘူး။ ကြီးတော်ကြီး အပျို ကြီးသုံးယောက်ကတော့ (၁၀၈) တောင်မှာ တရားအားထုတ်နေလေ ရဲ့။ မအူပင်မြို့ရဲ့ရွှေတောင်မော်မှာ ကျွန်တော့်ရဲ့အစ်ကိုဝမ်းကွဲတွေရှိ တာပေါ့။ ရွှေတောင်မော်ကိုသွား ရင်တော့ မအူပင်မြို့ကိုဖြတ်ရတာ ကိုး။ မအူပင်မြို့ကတော့ ဧရာဝတီ တိုင်းကိုသွားရင်ဖြတ်သွားရတာကိုး။ မွေးရပ်မြေကိုစွန့်ခွာပြီး ဘဝ အတွက်ရုန်းကန်ရတယ်။
ဘုရင့် နောင်ဖောင်ဖျက်တဲ့အခါ အဆင် ပြေတဲ့လူမျိုးရှိသလို မျောပါသွားတဲ့ လူလည်းရှိတာပဲလေ။ ဒါပေမဲ့ ကူး တော့ကူးရတာပဲလေ။ ကူးကြည့်မှ ပဲသိမှာလေ။ ပေးနိုင်မယ့်အချိန်၊ ရ တဲ့အခွင့်အရေး၊ ကံနဲ့တိုက်ဆိုင်ရင် တော့ ဖြစ်လာတာပေါ့။ နယ်က လူတွေလည်း ကိုယ်ခင်တွယ်တဲ့ဒေ သ၊ မိသားစုတွေကိုစွန့်ခွာပြီး လုပ် ရတာကိုး။ အဆင်မပြေတာတွေ ရှိရင်လည်း စိတ်မညစ်ဖို့လိုအပ်တာ ပေါ့။ ကိုယ်မွေးခဲ့တဲ့နေရာ၊ ကြီးပြင်း ခဲ့တဲ့ဒေသ၊ ကိုယ်နေခဲ့တဲ့ကျောင်းကို ဘယ်တော့မှ မမေ့ဖို့အရေးကြီးဆုံး ပါလို့ ပြောလိုက်ချင်ပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com