အင်္ဂလန် လက်ရွေးစင် အသင်းတွင် ကစားရင်း ပထမဆုံး အကြိမ် ထုတ်ပယ် ခံရမှု အတွက် စတီဗင်ဂျရတ်က ဒိုင်ဖြစ်သူအား ပြစ်တင်ပြောဆိုလိုက်သည်။
အင်္ဂလန် အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ယူကရိန်းအား (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် အင်္ဂလန် အသင်းခေါင်းဆောင် ဂျရတ်ကို ဒိုင်လူကြီး ကူညက်ကက်ခါက အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ ဝင်ဘလေ ကွင်းတွင် ကစားသည့် ပွဲစဉ်တွင် ဂျရတ် အပါအဝင် ကစားသမား (၉)ဦးကို ကက်ခါက အဝါကတ် ပြခဲ့ပြီး လီဗာပူးလ် အသင်း ခေါင်းဆောင်မှာ ဒုတိယ အဝါပါ ထိခဲ့ခြင်း ဖြစ်သည်။ ဂျရတ်က ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်များမှာ လိုသည်ထက် ပြင်းထန်နေကြောင်း ဝေဖန်ခဲ့သည်။
နောက်လတွင် ဆန်မာရီနိုနှင့် ကစားမည့် ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်သော အသက်(၃၂)နှစ်ရှိ ကစားသမားက "ကျွန်တော် ဆိုးရွားတဲ့ ဖျက်ထုတ်မှုမျိုး ခုပွဲမှာ လုပ်ခဲ့မိတယ်လို့ မထင်ပါဘူး။ ဒိုင်က ကိုင်တွယ်ပုံ ပြင်းထန်လွန်းပါတယ်။ ကျွန်တော် လိုက်မှတ် ထားတာတောင် ဒိုင်က ထုတ်ပြနေတဲ့ အဝါကတ် (၇)ခါလောက် ရှိတယ်။ ကျွန်တော်တို့အသင်း တစ်ဂိုး ရှုံးနေချိန်မှာ အကောင်းဆုံး စိတ်ဓာတ်ပိုင်းနဲ့ စူးစိုက်မှုကို ပြသနိုင်ခဲ့တယ် ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးနိုင်ခဲ့တယ်" ဟု သုံးသပ် ပြောဆိုခဲ့သည်။ ၎င်းက ယခုပွဲတွင် လန်ဒန်မြေ၌ စိတ်ဓာတ် ခိုင်မာစွာ ကစားခဲ့သော ယူကရိန်းကိုလည်း ချီးကျူးသွားသည်။
ကျွန်တော် ဆိုးရွားတဲ့ ဖျက်ထုတ်မှုမျိုး ခုပွဲမှာ လုပ်ခဲ့မိတယ်လို့ မထင်ပါဘူး။ ဒိုင်က ကိုင်တွယ်ပုံ ပြင်းထန်လွန်းပါတယ်။ ကျွန်တော် လိုက်မှတ် ထားတာတောင် ဒိုင်က ထုတ်ပြနေတဲ့ အဝါကတ် (၇)ခါလောက် ရှိတယ်...
"ကျွန်တော်တို့ ယူကရိန်းကို အသိအမှတ် ပြုရပါမယ်။ သူတို့ဟာ ဝင်ဘလေကို လာကစားပြီး ကျွန်တော်တို့ဆီက (၂)မှတ်ကို ပုတ်ချသွားတာ မဟုတ်လား"ဟု ဂျရတ်က ဆိုသည်။ ယခုပွဲတွင် ပင်နယ်တီမှ တစ်ဆင့် (၈၇)မိနစ်တွင် ချေပဂိုး သွင်းယူသော ဖရန့်ခ်လမ်းပတ်နှင့် ပတ်သက်ပြီးလည်း ဂျရတ်က "လမ်းပတ်ဟာ ပင်နယ်တီ ကန်သွင်းရာမှာ မှတ်တမ်းကောင်း ရှိပေမယ့် ခုတစ်ကြိမ်မှာတော့ နည်းနည်း စိုးရိမ်စရာ ဖြစ်ခဲ့သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ပင်နယ်တီကနေ လက်ရွေးစင် သွင်းဂိုးပေါင်း (၈)ဂိုး၊ (၉)ဂိုးလောက် သူရထားပါပြီ။ ခုတစ်ကြိမ်မှာလည်း သူက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အရာ တစ်ခုကို ရယူပေးနိုင်ခဲ့ပါတယ်" ဟု မှတ်ချက်ပြုသွားခဲ့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com