22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 25, 2012

ဖားကန့်မှာ (၈၈) မျိုးဆက် ရုံးစိုက်ပေးဖို့ ဒေသခံများတောင်းဆို

ဖားကန့်ဒေသခံ ပြည်သူတွေက (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဖားကန့်ဒေသမှာ ရုံးစိုက်ပေးစေချင်တယ်လို့ တောင်းဆိုကြတဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ရှိတယ်လို့ ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။
Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ငြိမ်းချမ်းရေးခရီးစဉ်မှအပြန် နမ္မတီးတွင် ဒေသခံများနှင့် တွေ့ဆုံနှုတ်ဆက်စဉ်။

"ဒေသခံပြည်သူတွေက (၈၈) လာပြီးတော့ ရုံးစိုက်ပြီးတော့ နေပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှိတယ်ဆိုရင် သူတို့လုံခြုံတယ်လို့ ခံစားရတယ်လို့ ပြည်သူတွေ၊ ဒေသခံတွေ တောင်းဆိုတာပါ။ အမြဲတမ်းကြီး ကျွန်တော်တို့ ရှိတိုင်းလည်း အာမတော့ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ခုတော့ ရှိတာပေါ့။ သူတို့ ရုံးခန်းနဲ့ ဘာနဲ့ စနစ်တကျ လုပ်ချင်တယ် ဆိုရင်လည်း အားပေးရတာပေါ့။ ကျွန်တော်တို့ကလည်း ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ နည်းလမ်းမျိုးကို ကျွန်တော်တို့ ပိုပြီးတော့ ပေးခဲ့ပါတယ်"
ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့က သူတို့သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ်ခရီးစဉ်၊ ရခိုင်ပြည်နယ်ခရီးစဉ်၊ မုံရွာ လက်ပံတောင်းတောင် ခရီးစဉ်နဲ့ ကယားပြည်နယ် ခရီးစဉ်တို့ အကြောင်းကို ပြန်လှန်ပြောပြကြပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )