
ဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်
ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်
ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော
ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသား
များ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း
ငြင်းဆိုလိုက်သည်။
ယင်းဂျာနယ်၏ ဖော်ပြချက်အရ ဏှီု ဆိုသောအဖွဲ့အစည်းမှတဆင့် ၈၈ မျိုးဆက်ကျောင်းသားများထံသို့ ဒေါ်လာခြောက်သန်းစီးဆင်း နေပြီ ဆိုခြင်းမှာ
၈၈ မျိုးဆက်ကျောင်းသား များထံမှအတည်ပြုချက်မယူဘဲ ဖော်ပြ လိုက်ခြင်းသာဖြစ်ပြီး
ထိုဖော်ပြချက် သည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းလုပ်ငန်းများဖော်ဆောင်နေ
သောမိမိတို့ လုပ်ငန်းများအပေါ်တွင် ပြည်သူလူထုအထင် အမြင်လွဲစေနိုင် ကြောင်း
၎င်းတို့က ပြောသည်။
"ကျွန်တော်တို့ရဲ့လုပ်ငန်း စဉ်တွေက ပြည်သူတွေဆီကရလာတဲ့ အလှူငွေနဲ့ လည်ပတ်နေတာပါ။ ကျွန်တော်တို့အနေ နဲ့ စပွန်ဆာလည်း ရှိဘူး။ ပရောဂျက်တင် ထားတာလည်း မရှိဘူး။
အခုလို အတိ အလင်းသတင်းကြီးဖြစ်လာတော့ ကျွန်တော်တို့ဆီကို သေချာမေးသင့် တယ်။
ကျွန်တော်တို့ဆီက စီးဆင်းတာ ဘာတစ်ခုမှ မရှိဘူး" ဟု ၈၈ မျိုးဆက် ကျောင်းသားတစ်ဦး
ဖြစ်သူကို ဌေးကြွယ် က ပြော သည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လုပ်ငန်းများဆောင်
ရွက်ရာတွင် သုံးစွဲ နေသော အလှူငွေများကို မီဒီယာများမှ တစ်ဆင့် ပွင့်ပွင့်လင်းလင်း အသိပေးသွား မည်ဖြစ်ကြောင်း၎င်းကပြောသည်။
"ကျွန်တော်တို့ အဖွဲ့အစည်းက ဃ့မေငအပျြေန အဖွဲ့အစည်းမဟုတ်ပါ ဘူး။ လူထုငွေကြေးနဲ့
ရပ်တည်တာဖြစ် တဲ့အတွက် အားလုံးကို Charity Base ရှိရှိဖြစ်စေချင်တယ်။
ရသမျှကို ကြေငြာ မှာဖြစ်သလို၊ သုံးသမျှကို ကြေငြာမယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး
သံသယဖြစ်စရာ၊ ကြားထားတာရှိရင် ကျွန်တော်တို့ကိုပွင့် ပွင့်လင်းလင်းမေးပါ"
ဟု ကိုမြအေးက ပြောသည်။
Myanmr Times
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com