ကချင်ပြည်နယ် ဖားကန့် ဥရုဆိုင်းမှော်ဒေသရှိ မှော်စီဇာ (Mawsiza) တွင် မြန်မာအစိုးရတပ်သည် စက်တင်ဘာ ၁၁ ရက် နံနက် ၃ နာရီချိန်တွင် ကျောက်စိမ်းရိုင်းများ (ရေမဆေး) ကောက်နေသောအရပ်သား ပြည်သူများအား ရိုက်နှက်စစ်ဆေးမေးမြန်း နေကြောင်း ဖားကန့်ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းမြန်မာအစိုးရသည် အင်အား ၃၀ ကျော်ဖြင့် ရောက်ရှိလာပြီး ကျောက်စိမ်းတုံးရိုင်းများ (ရေမဆေး)ကောက် သည့်သာမန်ဝတ်စုံနှင့် ကျောက်သယ်လာသော သူများကို ရုတ်တရက်လမ်းတွင် မောက်ရပ်လဲ ခိုင်းထားပြီး နှိပ်စက်ရိုက်နှိက်မေးမြန်းခဲ့သည်ဟု ပြောသည်။
“ဝါးလုံးတွေနဲ့ ရိုက်တယ်..ဆိုင်ကယ်မီးကိုလည်း ရိုက်ခွဲပေးလိုက်တယ်။ ဓာတ်မီးလည်း မထွန်းခိုင်းဘူး။ ဘာလူမျိုးလဲဆိုပြီး ကချင်လူမျိုးဆိုရင် သေနတ်ဒင်နဲ့ ထိုးတယ်၊ ရိုက်တယ်။ ဖုန်း၊ နာရီ၊ ပိုက်ဆံအားလုံးကို လုယူသွားတယ်” ဟု ရေးမဆေးကောက်သူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ကျောက်ရိုင်းများကောက်သူများသည် ကုမ္ပဏီများ၏ကျောက်စိမ်းတူးဖော်ရာမှ စွန်ပစ်ထားသော ကျောက်ရိုင်းမြေဇာများထဲမှာ ကောက်ယူနေခြင်းဖြစ်ပြီး ၄င်စွန့်ပစ်လာမည့်အချိန်ကို နံနက် ၁ နာရီခန့်မှ ထိုနေရာများတွင် ဓါတ်မီးများဖြင့်စောင့်ဆိုင်းကာ အလုအယက်ကောက်ယူနေကြချိန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို မြန်မာစစ်သားများသည် ဆိုင်ကယ် ၄ စီးနှင့် သုံးဘီးကား ၁ စီးလည်း သိမ်းယူထားပြီး ကျောက်ရိုင်း ကောက်သူများကိုမူ စိမ်းလဲ့အောင်ကုမ္ပဏီ လမ်းကြား မှော်စီဇာဖုန်းရုံး လမ်းဘက်သို့ ဒိုင်ဗင်ထိုး၊ ဖားခုန်ခုန်ခိုင်းပြီးမှ ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။
ယခုချိန် ယခုချိန် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲများဖြစ်ပွားနေချိန်ဖြစ်သော် လည်း ကျောက်စိမ်းရိုင်းကောက်သူအများစုသည် ကျောက်မှော်စီဇာ (Mawsiza) နှင့် နမ့်ဖစ် (Namhpyit) တွင်ရှိကြောင်း သိရသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com