ချယ်လ်ဆီး အသင်း မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက မိမိ၏ အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် QPR ခံစစ်မှူး အန်တန် ဖာဒီနန်တို့၏ ပြဿနာကို အဆုံး သတ်စေချင်ကြောင်း ပြောကြားလိုက်သည်။
လိုတက်ဖ်ရုဒ်တွင် QPRအသင်းနှင့် သွားရောက်ရင်ဆိုင်မည့် ချယ်လ်ဆီးအသင်း၏ အင်္ဂလန် ခံစစ်မှူး တယ်ရီမှာ ဖာဒီနန်ကို လူမျိုးရေးခွဲခြား ဆဲရေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားရုံးတွင် စွဲချက် တင်ခံခဲ့ရသည်။ တယ်ရီသည် ယင်းအမှုတွင် လွတ်မြောက်ခဲ့သော်လည်း စည်းမျဉ်းများအရ FAက ၎င်းကို သီးခြား အရေးယူ စစ်ဆေးရန် စီစဉ်ထားသည်။ အစောပိုင်းက ဖာဒီနန်သည် ပွဲမကစားမီတွင် တယ်ရီရော၊ တယ်ရီဘက်မှ ထောက်ခံထွက်ဆိုခဲ့သည့် အက်ရှ်လေကိုးလ်ကိုပါ လက်ဆွဲနှုတ်ဆက်ခြင်း မပြုရန် ဆုံးဖြတ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အီတလီသား မန်နေဂျာ ဒီမက်တီယိုက အဆိုပါပွဲကို ကမ္ဘာပေါ်တွင် သန်းပေါင်းများစွာသေ ပရိသတ်များက စောင့်ကြည့်နေမည် ဖြစ်ရာ နှစ်ဖက်စလုံးက ကောင်းမွန်သော ဥပမာတစ်ခုကို ပြသသည့် အနေဖြင့် လက်ဆွဲ နှုတ်ဆက်ရန် တိုက်တွန်းခဲ့သည်။ "အတိတ်ကို ချန်ထားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ဖို့ ပြောင်းလဲပစ်ရအောင်။ ပရိသတ်တွေကလည်း ဘောလုံးပွဲကောင်း တစ်ပွဲကို စောင့်မျှော်နေတာပါ။ ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေဟာ ဘာမှ ပြဿနာ မဖြစ်ဘဲ ဘောလုံးပွဲ တစ်ပွဲကိုပဲ အာရုံစိုက် ကြည့်ရှုဖို့ ကျွန်တော်တို့ ကူညီသင့်တယ် မဟုတ်လား"ဟု ဒီမက်တီယိုက ဆိုသည်။
ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေဟာ ဘာမှ ပြဿနာ မဖြစ်ဘဲ ဘောလုံးပွဲ တစ်ပွဲကိုပဲ အာရုံစိုက် ကြည့်ရှုဖို့ ကျွန်တော်တို့ ကူညီသင့်တယ် မဟုတ်လား...
၎င်းက ဆက်လက်၍ "QPRဘက်ကလည်း စည်းမျဉ်းတွေကို လေးစားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဘောလုံးကို အာရုံစိုက်ရမှာပါ။ ကစားသမားတွေမှာ သက်ဆိုင်ရာ တာဝန် ယူမှုတွေ ရှိရပါမယ်။ ကျွန်တော်တို့ဟာ ခုပွဲကို ကြည့်မယ့် ကလေးငယ်တွေ အတွက် စံနမူနာဖြစ်မယ့် ပရော်ဖက်ရှင်နယ်တွေဆိုတာ မမေ့သင့်ဘူးလေ" ဟုလည်း ပြောဆိုသွားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com