အပြင်နေထိုင်မှု စရိုက်နဲ့ ဇာတ်ကား တွေတိုင်းမှာ သရုပ်ဆောင်မှု အရမ်း ကွာခြားတဲ့ သရုပ်ဆောင် နေတိုးကို ဒီလို ကွာခြားအောင် သရုပ်ဆောင် မှုဝမ်းစာကို ဘယ်လိုဖြည့်ခဲ့လဲ ဝမ်း စာဖြည့်တာကောင်းလို့ ကွာခြားချက်ရှိတာလား ဆိုတာမေးကြည့်တော့- “အဓိကကတော့ လူတစ်ယောက် က ရှင်းရှင်းလေးပြောရမယ်ဆို သရုပ်ဆောင် တစ်ယောက်က ဘယ်လိုကာရိုက်တာမျိုးမဆို သရုပ်ဆောင်နိုင်ဖို့ အဆင်သင့်ဖြစ်နေရမယ်။ အဲလို အဆင်သင့်ဖြစ်နေဖို့အတွက်က ရှင်းရှင်းပြောရ မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် Clear ဖြစ်အောင်နေ ရတယ်။
Clear ဖြစ်အောင်ဆိုတာ စိတ်ထဲမှာ ဘယ်လို စိတ်မျိုးမှမရှိမှပေါ့။ ဥပမာ ခွက်တစ် ခွက်ထဲမှာ ရေသောက်ဖို့အတွက် ရေပြည့်ပြည့်ဝ၀ ရောက်လာဖို့ ခွက်ထဲမှာ ဘာမှမရှိမှဖြစ်မှာလေ။ တစ်ခုခုရှိနေမယ် ဥပမာ လိမ္မော်ရည်ရှိနေတယ်ဆို ရင် ရေထည့်လိုက်ရင် ရေရဲ့အရသာပျောက် သွားမှာပေါ့။ အဓိကစိတ်ကို Clear ဖြစ်အောင် လုပ်ထားရတာပေါ့နော်။ ပေါ့ပေါ့ပါးပါးလွတ် လွတ်လပ်လပ် စိတ်ထဲရှင်းအောင်လုပ်ထားရ တာပေါ့နော်။
အဲဒါက တော်တော်လေးခက်ပါ တယ်။ လူတစ်ယောက်က အပြင်မှာဘယ်လို ခံစားမှုမျိုးပဲရှိရှိ ကာရိုက်တာပေါ်မှာ တစ်ခုခု သရုပ်ဆောင်ရမယ်ဆို စိတ်ထဲမှာ Clear ဖြစ်နေ မှပဲ မိမိလိုချင်တဲ့ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှာပေါ့နော်။
ဒီကားထဲမှာလည်း အဲလိုပဲ ကိုယ်ကိုယ်တိုင်ကြိုးစားနေပါတယ်လို့ ပြောလာတဲ့ သရုပ်ဆောင်နေတိုးကို ပရဟိတ အလှူတွေလှူဖို့ရှိလားလို့ မေးကြည့်တော့ လှူ ဒါန်းဖို့တော့ရှိတာပေါ့။ ဒါနလုပ်တာက ပရဟိတ ပါပဲ။ ဒါပေမယ့် ပရဟိတဆိုတာ နည်းနည်း ကျယ်ပြန့်ပါတယ်။ အဓိကတော့ လှူဒါန်းမှုပေါ့။ လှူဒါန်းမှုကတော့ အဆက်မပြတ်လှူဒါန်းမှုရှိပါ တယ်လို့ ပြောသွားခဲ့ပါတယ်။



5:42 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com