ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Elections and Political Processes The Asia Foundation rS Director Mr. Tim Meisburger သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ မွန်းလွဲပိုင်း (၂) နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ဖြစ်ပေါ်လာရန် ကြိုးပမ်းခဲ့မှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ပါတီများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေ၊ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဖြစ်ရန် ကြိုးပမ်းခဲ့မှု များ၊ မိမိတို့ယုံကြည်သည့်နိုင်ငံရေးစနစ် ရှင်သန်ခိုင်မာမှုရှိစေရန် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတွင် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
၎င်းနောက် The Asia Foundation rS Director Mr. Tim Meisburger က သိလိုသည်များကို မေးမြန်းပြီး ရွေးကောက်ပွဲများနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။
| USDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် EPPA ဒါရိုက်တာ တွေ့ ဆုံဆွေးနွေးစဉ် |



6:13 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com