(က) ဘုရားသခင်အကြောင်းကို ဘယ်လိုလေ့လာနိုင်မလဲ
(၁) သမ္မာကျမ်းစာ (နှုတ်ကပတ်တော်) အားဖြင့်လေ့လာခြင်း
“ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ’’ ( လု ၂၁း၃၃ )
ကောင်းကင်ကြီးနဲ့ မြေကြီးပျောက်ကွယ်သွားရင်တောင် ကျန်ခဲ့မယ့်အရာဟာ နှုတ်ကပတ်တော်သမ္မာကျမ်းစာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမ်းစာထဲမှပြောထားတဲ့ အကြောင်းအရာတွေကို လေ့လာခြင်းဟာ မပြောင်းလဲတော့မယ့်အရာကို လေ့လာခြင်းဖြစ်ပါတယ်။
“ ယေရှုကလည်း လူသည်မုန့်အားဖြင့်သာ အသက်မွေးရသည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ ” ( မဿဲ ၄း၎ )
လောကထဲမှာ အသက်ရှင်စဉ် ပါးစပ်ကနေ စားဖို့အတွက်ပဲအသက်ရှင်နေခြင်း မဟုတ်ဘဲ
ဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားအားဖြင့် အသက်ရှင်ရမယ်လို့ ဆိုထားပါတယ်။
နေ့ရက်စဉ်တိုင်း နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်မှသာ ရန်သူစာတန်ရဲ့တိုက်ခိုက်မှုကို နှုတ်ကပတ်တော်အားဖြင့် ပြန်လည်ချေပနိုင်မှာဖြစ်တယ်။
“ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍.. ” ( ၂တိ ၃း၁၆ )
သမ္မာကျမ်းစာဟာ ဘုရားသခင်မှုတ်သွင်းခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
ဆိုလိုတာက ဘုရားသခင်ထဲမှာရှိတဲ့ဇီဝအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာကို

သမ္မာကျမ်းစာထဲ မှုတ်သွင်းခြင်းအားဖြင့် နှုတ်ကပတ်တော်ဖြစ်လာတယ်။ ဘုရားရှင်ကိုယ်တော်တိုင်မှုတ်သွင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့် အမှားမရှိနိုင်တဲ့စာအုပ် ဖြစ်ပါတယ်။
“ အကြောင်းမူကား အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည် မဟုတ်။
ဘုရားသခင်၏သန့်ရှင်းသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍

ဟောပြောကြ၏။ ” ( ၂ပေ ၁း၂၁ )
ကျမ်းစာကို ရေးသားခဲ့တဲ့လူတွေဟာ ဘုရားသခင်ရဲ့သန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြချက်နဲ့ ရေးသားတယ်လို့ဆိုပါတယ်။ လူ့ကိုယ်ပိုင်အတွေးအခေါ်တွေမဟုတ်ဘူးလို့ ဆိုလိုခြင်းပါ။
နောက်တစ်ချက်ကဘာလဲဆိုတော့ သမ္မာကျမ်းစာဟာ ဖြစ်ရပ်စုံကို
မကွယ်မဝှက်ဘဲ ဖတ်တဲ့သူတိုင်းသိဖို့အတွက် ဖော်ပြထားတဲ့စာအုပ်ပါ။

ကောင်းတဲ့ အရာတွေကိုဖော်ပြထားသလို၊ မကောင်းတဲ့အရာတွေ၊ အဆင်မပြေတဲ့အရာတွေ၊
ပြဿနာအရှုပ်အထွေးတွေကို အရှိကိုအရှိအတိုင်းဖော်ပြထားပါတယ်။

ကောင်းနိုးရာရာကိုသာ ထုတ်နှုတ်ဖော်ပြထားတာမဟုတ်ပါဘူး။ အဲဒီကောင်းတဲ့အရာတွေ၊
မကောင်းတဲ့အရာတွေအားလုံးကို လူတိုင်းသိသာမြင်နိုင်အောင် ဘုရားသခင်
ကိုယ်တော်တိုင်က မှုတ်သွင်းခြင်းအားဖြင့် အတည်ပြုပေးခဲ့ပါတယ်။
(၂) နှုတ်ကပတ်တော်က ဘုရားသခင်နှင့်ပတ်သက်၍ လူ့ဘာသာစကား၊ ပုံသဏ္ဍာန်အားဖြင့်

ကျွန်ုပ်တို့ကို ဖော်ပြခြင်း
လက် - “ ငါသည်လည်း လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုလတ္တံ့သော ငါ၏အံ့ဖွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကိုဒဏ်ခတ်တော်မူမည်။ ထို့နောက် အီဂျစ် ရှင်ဘုရင်သည် သင်တို့ကိုလွှတ်လိမ့်မည်။”

( ထွက် ၃း၂၀၊ ၆း၆၊ တရားဟော ၄း၃၄၊ ၅း၁၅ )
မျက်နှာ - “ အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။

မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ်ရပါမည်။
တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကို သတ်ကြပါလိမ့်မည်ဟု ထာဝရဘုရားကို လျှောက်ဆို၏။ ”
( ကမ္ဘာ ၄း၁၄၊ ၃၃းဝ၊ ဟေရှာ ၅၉း၂ )
မျက်စိနှင့်နား - “ အိုထာဝရဘုရား နားတော်ကိုလှည့်တော်မူပါ။ အိုထာဝရဘုရား မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။…” ( ဟေရှာ ၃၇း၁၇၊ ဆာ ၁၁း၎၊ ၃၄း၁၅၊ သု ၁၅း၃၊ ဇာခရိ ၄း၁၀ )
သွားခြင်းနှင့်လာခြင်း - “ ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့်ရဲတိုက်ကို ကြည့်ရှုခြင်းငှါ ထာဝရဘုရားသည်
ဆင်းသက်တော်မူ၏။ ” ( ကမ္ဘာ ၁၁း၅၊ ဟေရှာ ၆၄း၁-၃၊ ဆာ ၁၈း၉-၁၉ )
အသံတော် - “ထာဝရအရှင်ဘုရားသခင်ကလည်း သင်သည်အဘယ်မှာ ရှိသနည်းဟု
လူကိုခေါ်တော်မူ၏။” ( ကမ္ဘာ ၃း၉၊ တရားဟော ၄း၁၂ )
ကျွန်ုပ်တို့လည်း ဘုရားသခင်၏စကားသံကို ကြားနိုင်သည်။

“ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို
အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။

ဘုရားသခင်သည် လူနှင့်နှုတ်ဆက်သော်လည်း လူသည်အသက်ရှင်သေးသည်ကို
ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ” ( တရားဟော ၅း၂၄၊ တမန် ၂၂း၁၄ )
9:26 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com