22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 18, 2011

ကောင်းကြီးခံစားရသော အသက်တာ

ဘု ရား သ ခင် သည် လူ သား များ အား အ ဘယ် မျှ လောက် ချစ် တော် မူ သည် ကို ယ ခင် ဆောင်း ပါး ၌ ဖေါ် ပြ ခဲ့ ပြီး ဖြစ် သည်။ ထို့ ပြင် ကိုယ် တော် ရှင် သည် သား သ မီး တို့ အား မိ မိ တို့ ၏ အ သက် တာ များ ကို သူ့ ထံ အ လုံး စုံ ဆက် ကပ် ရန် အ လို ရှိ ကြောင်း လည်း တင် ပြ ခဲ့ ပြီး ဖြစ် သည်။ ယ ခု တ ဖန် ကျွန် မ အား ဘု ရား သ ခင် ဖွင့် ပြ သော အ ချက် မှာ "ဘု ရား သ ခင် သည် လူ သား များ အား လုံး အ ပေါ် သို့ ကြွယ် ဝ သော ကောင်း ကြီး မင်္ဂ လာ ဆု ကျေး ဇူး များ ရ ရှိ ခံ စား စေ လို သော ဆန္ဒ ရှိ ကြောင်း ပင် ဖြစ် သည်။
ဘု ရား သ ခင် သည် လူ သား များ အား လုံး ယ ခု ဘ ၀ အ သက် ရှင် စဉ် အ သက် တာ တ လျှောက် လုံး တွင် သာ မ က နောင် တ မ လွန် ဘ ၀ ၌ လည်း၊ ကောင်း ကြီး မင်္ဂ လာ ဆု ကျေး ဇူး များ နှင့် ပြည့် စုံ သော အ သက် တာ များ ကို ပေး ချင် ပါ သည်။ နောင် တ မ လွန် ဘ ၀ နှင့် ပတ် သက် ၍ ရော မ ၆း၂၃ တွင် "ဘု ရား သ ခင် ပေး တော် မူ သော ဆု ကျေး ဇူး တော် ကား ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ထာ ၀ ရ အ သက် ပေ တည်း" လို့ ဖေါ် ပြ ထား သည်ကို တွေ့ ရ သည်။ ထို ကြောင့် ကျွန် မ တို့ ယုံ ကြည် သူ အား လုံး သည် "ထာ ၀ ရ အ သက်" တည်း ဟူ သော ဆု ကျေး ဇူး တော် ကို မ လွဲ မ သွေ ရ ရှိ မည် မှာ ဧ ကန် မု ချ ပင် ဖြစ် သည်။ ထို့ ပြင် အ သက် ရှင် စဉ် ဘ ၀ တ လျှောက် လုံး မိ မိ လုပ် ဆောင် ခဲ့ သော အ လုပ် များ အ ပေါ် ဆု ကျေး ဇူး များ လည်း ချ ပေး ဦး မည် ဖြစ် သည်။ ယ ခု ဘ ၀ အ သက် ရှင် စဉ် မှာ ပင် ကြွယ် ၀ သော ကောင်း ကြီး မင်္ဂ လာ များ ကို ပေး ချင် ပါ သည်။ သို့ သော် ယ ခု မိ မိ တို့ ၏ ပတ် ၀န်း ကျင် တွင် ကျင် လည် နေ သော ခ ရစ် ယာန် တို့ ၏ အ သက် တာ များ ကို ကြည့် လိုက် သော အ ခါ ပ ညာ ရေး၊ လူ မှု ရေး၊ စီး ပွါး ရေး တွင် အ ဖက် ဖက် မှ ကျ ဆင်း နေ သည် ကို တွေ့ ရ သည်။ အ ဘယ် ကြောင့် နည်း။ ဘု ရား သ ခင် ကျွန် မ အား ဖေါ် ပြ သည့် အ ကြောင်း ရင်း မှာ "ကျွန် မ တို့ ကိုယ် တိုင် က ပင် ကောင်း ကြီး မင်္ဂ လာ များ ကို ပိတ် ဆို့ နေ ကြ သူ များ ဖြစ် နေ ခြင်း ကြောင့် ဟု ဖေါ် ပြ ခဲ့ ပါ သည်။
ပ ထ မ ဦး စွာ ယ ခု ဘ ၀ ရော နောင် ဘ ၀ တွင် ပါ ကောင်း ကြီး မင်္ဂ လာ များ ခံ စား လို လျင် -----
(၁) မိ မိ ၏ အား နည်း ချက် များကို စွန့် ပယ် ၍ ဘု ရား သ ခင် ၏ တ ရား လမ်း သို့ လိုက် လျှောက် ပါ။
ဆာ လံ ၁၁၂း၁-၃ တွင် "ထာ ၀ ရ ဘု ရား ကို ကြောက် ရွံ့ ၍ ပ ညတ် တော် တို့ ၌ အ လွန် မွေ့ လျော် သော သူ သည် မင်္ဂ လာ ရှိ ၏။ ထို သူ ၏ သား မြေး တို့ သည် မြေ ပေါ် မှာ အား ကြီး ကြ လိမ့် မည်။ ဖြောင့် မတ် သော သူ တို့ ၏ အ မျိုး အ နွယ် သည် မင်္ဂ လာ ရှိ တတ် ၏။ ထို သူ ၏ အိမ် ၌ စည်း စိမ်၊ ဥစ္စာ ကြွယ် ၀ ၍ သူ ၏ ကောင်း ကျိုး သည် အ စဉ် အ မြဲ တည် ၏" လို့ ဖေါ် ပြ ထား သည်။ ဆို လို သည့် သ ဘော မှာ ထာ ၀ ရ ဘု ရား ကို ကြောက် ရွံ့ သော သူ သည် စည်း စိမ်ဥစ္စာ ကြွယ် ၀ ချမ်း သာ မည် ဖြစ် ကြောင်း နှုတ် က ပတ် တော် အား ဖြင့် က တိ တော် ပေး ထား ခြင်း ဖြစ် သည်။
ဘု ရား သ ခင် အား ကြောက် ရွံ့ ခြင်း ဆို သည် မှာ အ ဘယ် နည်း။ သုတ္တံ ကျမ်း ၈း၁၃ တွင် "ထာ ၀ ရ ဘု ရား ကို ကြောက် ရွံ့ သော သ ဘော ကား ဒု စ ရိုက် ကို မုန်း ခြင်း ပေ တည်း" လို့ ဖေါ် ပြ ထား သည်။
ကျွန် မ ၏ ဘ ၀ တွင် အ ကြီး မား ဆုံး အား နည်း ချက် ကို ဘု ရား သ ခင် ဖွင့် ပြ ခဲ့ သည်။ ကျွန် မ ၏ အ ကြီး မား ဆုံး အား နည်း ချက် မှာ ဗေ ဒင် လက္ခ ဏာ များ ကြည့် ရှု ခြင်း၊ တွက် ချက် ခြင်း ပင် ဖြစ် သည်။ ထို အ ရာ များ ကို အ ပျော် သ ဘော ဖြင့် လုပ် ဆောင် ခဲ့ သော် လည်း ထို အ ရာ များ သည် ကျွန် မ ၏ ကောင်း ကြီး မင်္ဂ လာ များ ကို ကျွန် မ ကိုယ် တိုင် ပိတ် ဆို့ နေ ကြောင်း တ ရား ဟော ရာ ကျမ်း ၁၈း၁၀ အား ဖြင့် ဖေါ် ပြ ခဲ့ သည်။
တ ရား ဟော ရာ ကျမ်း ၁၈း၁၀ တွင် "သင် တို့ တွင် မိ မိ သား သ မီး ကို မီး ဖြင့် ပူ ဇော် သော သူ၊ ဖြစ် လ တံ့ သော အ မှု ကို ကိုယ် ဥာဏ် နှင့် ဟော ပြော သော သူ၊ ကာ လ ဗေ ဒင် ကို ကြည့် သော သူ၊ မ ကောင်း သော အ တတ် ကို ပြု စု သော သူ၊ ပြု စား တတ် သော သူ၊ နတ် ဆိုး နှင့် ပေါင်း ဖေါ် သော သူ၊ ၀ိဇ္ဇာ အ တတ် ကို ပြု စု သော သူ၊ လူ သေ ကို မေး မြန်း သော သူ တ စုံ တ ယောက် မျှ မ ရှိ ရ၊ ထို သို့ ပြု တတ် သော သူ အ ပေါင်း တို့ ကို ထာ ၀ ရ ဘု ရား စက် ဆုတ် ရွံ့ ရှာ တော် မူ ၏။ ထို စက် ဆုတ် ရွံ့ ရှာ ဖွယ် သော အ မှု များ ကြောင့် သင် ၏ ဘု ရား သ ခင် ထာ ၀ ရ ဘု ရား သည် ထို လူ မျိုး တို့ ကို သင့် ရှေ့ မှ နှင် ထုတ် တော်မူ ၏" လို့ ဖေါ် ပြ ထား သည်။ တ ရား ဟော ရာ ကျမ်း ၂၈း၁ တွင် လည်း "ယ နေ့ ငါ ဆင့် ဆို သော ပ ညတ် တော် တို့ ကို သင် သည် ကျင့် စောင့် ခြင်း ရှိ လျှင် သင် ၏ ဘု ရား သ ခင် ထာ ၀ ရ ဘု ရား သည် လူ မျိုး တ ကာ တို့ ထက် သင့် ကို ချီး မြှောက် တော် မူ မည်" လို့ ဖေါ် ပြ ထား ပါ သည်။ ဤ ကျမ်း ချက် များ ကို ဖတ် ရှု ရ ခြင်း ဖြင့် ဘု ရား သ ခင် ၏ ကောင်း ကြီး မင်္ဂ လာ များ ကို ပိတ် ဆို့ နေ သော သူ များ မှာ အ ခြား သူ မ ဟုတ် ပါ။ ကျွန် မ တို့ (မိ မိ တို့) ကိုယ် တိုင် ပင် ဖြစ် ကြောင်း ထင် ရှား စွာ တွေ့ မြင် နိုင် သည်။ မိ မိ တို့ ၏ အ သက် တာ များ ကို ဘု ရား သ ခင် ထံ တော် တွင် အ လုံး စုံ ဆက် ကပ် အပ် နှံ လိုက် သော အ ခါ မိ မိ တို့ ၌ ရှိ သော အား နည်း ချက် များ ကို ဘု ရား သ ခင် သည် သန့် ရှင်း သော ၀ိ ညာဉ် တော် အား ဖြင့် ဖေါ် ပြ ပြီး အား နည်း ချက် တ ခု ချင်း စီ တ ဖြည်း ဖြည်း ဖယ် ထုတ် လာ နိုင် မည် ဖြစ် သည်။
တ ရား ဟော ရာ ကျမ်း ၃၀း၁၉ တွင် "အ သက် ရှင် ခြင်း၊ သေ ခြင်း၊ ကောင်း ကြီး ပေး ခြင်း၊ ကျိန် ခြင်း တို့ ကို သင့် ရှေ့ ၌ ငါ ထား သည်" ဟု ဖေါ် ပြ ထား သည်။ ဤ ကျမ်း ပိုဒ် အား ဖြင့် သိ ရှိ ရ သည် မှာ ကျွန် မ တို့ ၏ ရွေး ချယ် မှု အား ဖြင့် သာ လျှင် ကောင်း ကြီး မင်္ဂ လာ၊ ကျိန် ခြင်း အ မင်္ဂ လာ တို့ ကို ခံ စားရ ကြောင်း တွေ့ ရှိ ရ သည်။ သို့ ဖြစ် ၍ မှန် ကန် သော ရွေး ချယ် မှု နှင့် လိုက် လျှောက် ခြင်း အား ဖြင့် ထာ ၀ ရ ဘု ရား ထံ တော် မှ ကောင်း ကြီး မင်္ဂ လာ များ ကို ခံ စား ကြ ရန် ဖေါ် ပြ လို ပါ သည်။
(၂) ဘု ရား သ ခင် နှင့် အ စဉ် မ ပြတ် မိ သ ဟာ ယ ဖွဲ့ ပါ။
ယော ဘ ၂၂း၂၁ တွင် "ဘု ရား သ ခင် နှင့် အ ကျွမ်း ၀င် ၍ မိ သ ဟာ ယ ဖွဲ့ လော့။ ထို သို့ ပြု မှ ကောင်း စား ခြင်း သို့ ရောက် ရ လိမ့် မည်" လို့ ဖေါ် ပြ ထား သည်။ လူ တ ဦး နှင့် အ ကျွမ်း ၀င် ခြင်း ဆို သည် မှာ ထို သူ ၏ အ ကြောင်း ကို ထဲ ထဲ ဝင် ဝင် သိ ခြင်း၊ ထို သူ ၏ အ ကြောင်း ကို အူ မ ချေး ခါး မ ကျန် အောင် သိ ရှိ ခြင်း ပင် ဖြစ် သည်။ ထို ကဲ့ သို့ ထို လူ ၏ အ ကြောင်း သိ ရှိ ရန် မှာ နှစ် ရှည် လ များ၊ ရင်း နှီး စွာ ပေါင်း ဖေါ် ရန် လို အပ် သည်။ ထို့ နည်း တူ စွာ ဘု ရား သ ခင် နှင့် အ ကျွမ်း ၀င် ရန် မိ မိ ၏ အ ချိန် နာ ရီ များ ကို ဘု ရား သ ခင် အ တွက် သီး သန့် ပေး ဆပ် ရ မည်။ သို့ မှ သာ ဘု ရား သ ခင် နှင့် နီး ကပ် စွာ အ သက် ရှင် လာ နိုင် ပြီး သူ ၏ အ လို ဆန္ဒ၊ မိ မိ အ ပေါ် တွင် ဖြစ် စေ လို သော အ ကြံ အ စည် များ ကို ကျွန် မ တို့ သိ ရှိ လာ နိုင် မည် ဖြစ် သည်။ ဒု တိ ယ တ ချက် ဘု ရား သ ခင် အား သိ ကျွမ်း လာ နိုင် သည့် နည်း မှာ ၁ယော ၂း၃ တွင် "ထို သ ခင် ကို ကိုယ် တိုင် သိ ကျွမ်း သည် ကို အ ဘယ် သို့ သိ ရ သ နည်း ဟူ မူ ကား ပ ညတ် တော် တို့ ကို စောင့် ရှောက် လျှင် သိ ရ သ တည်း" လို့ ဖေါ် ပြ ထား သည်။ ထို့ ကြောင့် ဘု ရား သ ခင် အား သီး သန့် အ ချိန် ပေး ခြင်း နှင့် ပ ညတ် တော် တို့ ကို စောင့် ရှောက် လျှင် ဘု ရား သ ခင် နှင့်အ ကျွမ်း ၀င် လာ မည် ဖြစ် ကြောင်း တွေ့ ရ သည်။ ဘု ရား သ ခင် နှင့် အ ကျွမ်း ၀င် လာ လျှင် ဘု ရား သ ခင် ၏ က တိ တော် အ တိုင်း ကောင်း စား ခြင်း သို့ ရောက် မည် မှာ မ လွဲ ဧ ကန် ပင် ဖြစ် သည်။ သို့ သော် ကောင်း စား လို သော ကြောင့် ပ ညတ် တော် များ ကို ကျင့် စောင့်ခြင်း စိတ် သ ဘော မျိုး ဖြင့် မ ဟုတ် ဘဲ ဘု ရား သ ခင် အား ချစ် သော ကြောင့် ၀ိ ညာဉ် ပ က တိ အ တိုင်း အ သက် ရှင် ခြင်း ဖြင့် သာ၊ မှန် ကန် သော စိတ် ထား နှင့် ကျင့် ဆောင် ရ မည် ဖြစ် သည်။
(၃) သူ တ ပါး အား ဝေ ငှ စွန့် ကြဲ ပါ။
သုတ္တံ ၁၁း၂၅ တွင် "စွန့် ကြဲ တတ် သော သူ သည် ကြွယ် ၀ လိမ့် မည်။ သူ တ ပါး ကို ရေ လောင်း သော သူ သည် ကိုယ် တိုင် ရေ လောင်း ခြင်း အ ကျိုး ကို ခံ ရ လိမ့် မည်။" လို့ ဖေါ် ပြ ထား ပါ သည်။ ကျမ်း စာ ပါ ဖေါ် ပြ ချက် အ တိုင်း ကျွန် မ တို့ သည် အ ငယ် ဆုံး သော သူ များ အား ပေး ကမ်း စွန့် ကြဲ ရ မည်။ မိ မိ ရ ရှိ ထား သော ကောင်း ကြီး မင်္ဂ လာ များ ကို တ ပါး သူ အား ဝေ ငှ ရ မည် ဖြစ် သည်။ ဘု ရား သ ခင် ကိုယ် တော် တိုင် ကျွန် မ အား စွန့် ကြဲ လှူ ဒါန်း ဖို့ ရန် သွန် သင် ခဲ့ သည်။ ထို ကြောင့် ကျွန် မ သည် ဆယ် ဖို့ တ ဖို့ သာ မ က လို အပ် လျှင် လို အပ် သ လို တတ် နိုင် သ မျှ စွန့် ကြဲ ခဲ့ သည်။ ဘု ရား သ ခင် သွန် သင် သော အ ရာ များ ကို နာ ခံ လိုက် လျှောက် မှ သာ လျှင် ကောင်း ကြီး မင်္ဂ လာ ခံ စား ရ သော အ သက် တာ ကို ရ ရှိ မည် ဖြစ် သည်။
အ ထက် ဖေါ် ပြ ပါ အ ချက် ကြီး (၃) ချက် ကို နာ ခံ၊ လိုက် နာ၊ ကျင့် ဆောင် လျှင် သင် သည် ကောင်း ကြီး မင်္ဂ လာ များ ခံ စား ရ မည် ဖြစ် သည်။ သုတ္တံ ကျမ်း ၁၀း၂၂ တွင် "ထာ ၀ ရ ဘု ရား ၏ ကောင်း ကြီး မင်္ဂ လာ သည် စည်း စိမ် ကို ဖြစ် စေ တတ် ၏။ ထို စည်း စိမ် နှင့် ၀မ်း နည်း ခြင်း အ ကြောင်း ကို ရော နှော တော် မ မူ" လို့ ဖေါ် ပြ ထား ပြန် သည်။ ဘု ရား သ ခင် ထံ တော် မှ ကောင်း ကြီး မင်္ဂ လာ ခံ ရ သော သူ သည် စည်း စိမ် ကို ရ တတ် သည် သာ မ က ၀မ်း မြောက် ခြင်း နှင့် ပြည့် ၀ သော အ သက် တာ ကို ခံ စား ရ မည် ဖြစ် သည်။
ယ နေ့ မှ စ ၍ ဤ အ ချက် များ ကို လိုက် နာ၊ လုပ် ဆောင် ကျင့် ကြံ ခြင်း ဖြင့် ဘု ရား သ ခင် ပြင် ဆင် ပေး တော် မူ သော ကောင်း ကြီး မင်္ဂ လာ များ ခံ စား ရ သော သူ ဖြစ် လာ စေ ပါ မည့် အ ကြောင်း မေတ္တာ ဖြင့် တိုက် တွန်း နှိုး ဆော် လိုက် ပါ သည်။
အ ယောက် စီ တိုင်း ကောင်း ကြီး မင်္ဂ လာ ခံ စား ရ သည့် သူ များ ဖြစ် နိုင် မည် အ ကြောင်း မေတ္တာ ဖြင့် ဆု မွန် ကောင်း တောင်း လျက် ----
နာ မ တော် မြတ် ၌
Sweety (Pathein)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )