22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 5, 2011

စိတ်အာဟာရ(၁)


- အလုပ်တစ်ခုကိုလုပ်ရင် ကိုယ်ဘာကိုရတယ်ဆိုတာထက် ကိုယ်ဘယ်လိုလူဖြစ်လာတယ် ဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ့်ဘ၀မှာ ကိုယ်တကယ်ရတာဟာ ကိုယ်ဘယ်လိုလူဖြစ်လာတယ် ဆိုတာပဲ။
- သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက် တစ်ခုခုများတွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
- တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့အသိဥာဏ်ကို ရတာပါ။ အလေးနက်ဆုံးအသိဥာဏ်ကို ဘ၀အတွေ့အကြုံထဲကပဲရနိုင်တယ်။ စာအုပ်ထဲကမရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံးစာအုပ်ပဲ။

- ဘာမှမမျှော်လင့်ရင် ဘာမှမဆုံးရှုံးရသလို ဘာမှလည်းခံစားရမှာ မဟုတ်ဘူး။ မျှော်လင့်ချက်ကြီးလေ ဆုံးရှုံးမှုများလေပဲ။
- ဘာအခက်အခဲမှ မရှိရင် သင့်မှာအောင်မြင်ဖို့ အခွင့်အလမ်း ဘာမှမရှိဘူး ဆိုတာနားလည်ပါ။
- ပရိယာယ်မသုံးလဲနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင် တစ်ခုဖြစ်ပါတယ်။
- ဘ၀မှာ လိုချင်တာကိုမရခဲ့ရင် ရခဲ့တာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရလိမ့်မယ်။
- နေမင်းကြီးနဲ့လွဲလို့သင်ငိုနေလျှင် ကြယ်တာရာတွေနှင့်လည်း သင် လွဲပေဦးမည်။
- သစ်ပင်ကြီးလေလေ လေတိုက်ခံရလေလေ။ ရည်မှန်းချက်ကြီးလေလေ ကံကြမ္မာရဲ့တိုက်ခိုက်မှုကို ခံရလေလေပဲ။ ရည်မှန်းချက်ကြီးကြီးထားတဲ့သူဟာ ဒီအချက်ကို သေသေချာချာသိထားရမယ်။
- တခါတရံ တံခါးကိုဖွင့်သောသူသည်၊ အခန်းထဲသို့နောက်ဆုံးမှ ၀င်ရသောသူ ဖြစ်တတ်တယ်။
- သည်းမခံနိုင်တဲ့အထိ သည်းခံတဲ့အခါ သည်းခံခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။
- ချုံထဲမှာရှိတဲ့ ငှက်နှစ်ကောင်ထက် လက်ထဲမှာရှိတဲ့ ငှက်တစ်ကောင်က ပိုအဖိုးတန်သတဲ့။
- ကျရှုံးမှုများသည် အောင်မြင်စေရေးအတွက်မှတ်တိုင်များ ဖြစ်သည်။
- တကြိမ်မအောင်မြင်ပေမယ့် နောက်ထပ်တစ်ကြိမ်ကြိုးစားခွင့် ရှိသေးတယ်ဆိုတာ မမေ့နဲ့နော်။
- မင်းဘယ်လောက်ဆိုးနိုင်တယ်ဆိုတာငါသိတယ် ဒါကြောင့်မင်းဘယ်လောက်ကောင်းနိုင်တယ် ဆိုတာငါသိချင်တယ်။
- ကိုယ့်ကို တကယ်ထိထိရောက်ရောက် နှိပ်စက်နိုင်တာ ကိုယ်တစ်ယောက်ပဲရှိတယ်။ ကိုယ့်ကို တကယ်ထိထိရောက်ရောက် အကူအညီပေးနိုင်တာရော ဘယ်သူဖြစ်မလဲ ကိုယ်ပဲ…။
- လူတစ်ယောက်ကို ဒုက္ခကောင်းကောင်း ရောက်စေချင်ရင် သူ့အမှားတွေကို အမှန်တွေပါလို့ ယုံအောင်ပြောပါ။
- ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပပစ္စည်းတွေထက် ကိုယ့်ရင်ထဲက သဘောထားက ပိုပြီးအရေးကြီးပါတယ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )