22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 14, 2011

ဘုရားသခင်ကဲ့သို့အောင်မြင်ခြင်း

ကျမ်းချက်။  ၂ကော ၄း ၈-၁၀
ငါတို့သည် အမျိုးမျိုးသောနှောင့်ရှက်ခြင်းကို ခံရသော် လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်း ကို ငါတို့ကိုယ်ခန္တာထင်ရှားစေခြင်းငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓြွာ၌ဆောင်ရကြ၏။

နိဒါန်း
ခရစ်တော်သည် ရှင်ပြန်ထမြောက်သွားပြီးနောက်ပိုင်းတွင် ပြီးမသွားပါ။  အသက်ရှင်သောဘုရားဖြစ်ပါသည်။

စိတ်ဓါတ်ကျပြီးထိုင်သူတစ်ဥိး ကို သူငယ်ချင်းက မေးမြန်းရာ မိန်းမကြောင့်စိတ်ဓါတ်ကျရသည်ဟု ဆိုသည်။ အိမ်ထောင်မရှိပဲ ဘာကြောင့် မိန်းမကြောင့်စိတ်ဓါတ်ကျသလဲဟု မေးကြည့်ရ .. ဒါပေါ့။ မိန်းမ မရနိုင်တဲ့အတွက် စိတ်ဓါတ်ကျနေကြောင်း ပြောပြပါသည်။ ထိုကဲ့သို့ပင် လူများသည် အမျိုးမျိုးဖြင့် စိတ်ဓါတ်ကျရသောအချိန်များ ရှိလာတတ်ပါသည်။



ပုံပမာတစ်ခုတွင် စာတန်မာနတ်က သူပိုင်ပစ္စည်းများကို လေလံတင် ရောင်းချနေပါသည်။ ဒေါလ၊ လောဘ၊ ရန်ဖြစ်ခြင်း .. စသည့်အမျိုးမျိုးသော ပစ္စည်းများကိုရောင်းချနေသော်လည်း ပစ္စည်းတစ်ခုကိုမူ Not For Sale "မရောင်းပါ" ဟုရေးထားသည်။ ထိုအရာမှာ "စိတ်ဓါတ်ကျခြင်း" ဆိုသော ပစ္စည်းဖြစ်သည်။ စာတန်တစ်ဦးတည်း ကိုယ်ပိုင်ဖြစ်ပြီး လူများကို ထိုလက်နက်ဖြင့် တိုက်ခိုက်ရန်ဖြစ်ပါသည်။ ထိုလက်နက်သည် စာတန်၏ အကောင်းဆုံးသော လက်နက်ဖြစ်ပါသည်။

နောက်ပုံပမာတစ်ခုတွင် သမီးဖြစ်သူက မီးဖိုချောင်ရှိမိခင်ဖြစ်သူထံ စိတ်ဓါတ်ကျကြောင်းကို ရင်ဖွင့်ပြောဆိုနေပါသည်။ မိခင်ဖြစ်သူက ဘာမှမပြောပဲ နားထောင်ပြီးသောအခါ၊ ထပြီး မုံလာဥနီ၊ ကြက်ဥ နှင့် ကော်ဖီမှုန် (၃)မျိုးကို ထုတ်ယူလာသည်။ ပြီးတော့ ရေနွေးကို ဆူပွတ်နေအောင် ကြိုပြီး၊ မုံလာဥနီ နှင့် ကြက်ဥတို့ကို ထည့်လိုက်သည်။ ကော်ဖီမှုန့်ထဲလဲ ရေနွေးကိုထည့်လိုက်သောအခါ မွှေးကြိုင်သောကော်ဖီအနံ့ ထွက်လာပါသည်။ ကိုင်ကြည့်စမ်းပါ ပြောသောအခါ မာကြောသော မုံလာဥနီသည် မီးအပူနှင့်တွေ့သောအခါ ပျော့ပြောင်းသွားသည်ကို တွေ့ရသည်။ ကျကွဲနိုင်သည့်ကြက်ဥမှာလည်း မီးအပူနှင့်တွေ့သောအခါ ကျမကွဲနိုင်သည့် ပိုမိုမာကျောသော ကြက်ဥပြုတ်ဖြစ်သွားသည်။ ကော်ဖီမှုန့်ကတော့ ပူလောင်သောရေနှင့်တွေ့သောအခါ မွှေးကြိုင်သည့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သမီးကို မေးပါသည်။ စိတ်ဓါတ်ကျတဲ့သူအဖို့ မွှေးကြိုင်တဲ့ကော်ဖီလိုဖြစ်မှာလား၊ မုံလာဥနီ နဲ့ ကြက်ဥလိုဖြစ်မလား ဟု မေးမြန်းလိုက်ပါသည်။

ခံနိုင်ရည်ရှိရန်အတွက် ကျွန်တော်တို့ သင်ခန်းစာယူရန်ဖြစ်ပါသည်။ ခရစ်တော်၏ စံနမူနာများကို ယူရပေမည်။


ဟေဗြဲ ၄း၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။

သခင်ယေရှုသည်လည်း စုံစမ်းနှောက်ရှက်ခြင်းကို ခံရပြီး၊ စိတ်ဓါတ်ကျခဲ့ပါသည်။ မိမိတပည့်တော်တစ်ဦးက ငွေ၃၀ဖြင့် အပ်နှံခြင်း၊ တမန်တော်များပင်လျှင် မိမိပြောချက်များကို နားမလည်ခြင်း စသည့်တို့အပြင်၊ ချစ်တဲ့တပည့်ဖြစ်သူ ပေတရု၏ ညင်းပယ်ခံရခြင်း စသည်တို့ဖြင့် စိတ်ဓါတ်ကျခဲ့ရသည်။


ရစ်တော်သည် စိတ်ဓါတ်ကျခြင်းကို ဘယ်လိုအောင်မြင်ခဲ့ပါသလဲ?
မိမိ မိသားစုထဲမှာ ခင်ပွန်း၊ ဇနီး၊ သားသမီး များအပေါ် စိတ်ဓါတ်ကျခြင်း၊ အသင်းတော်၊ အဖွဲ့အစည်း၊ ကုမဏ္ဍီ၊ စီးပွားရေးအဖွဲ့များတွင် ခရစ်တော်၏ စိတ်ဓါတ်ဖေါက်ပြန်သော တပည့်တော် ယုဒရှကာယုတ်ကဲ့သို့သူများကြောင့်လည်း စိတ်ဓါတ်ကျခြင်းများဖြစ်ရသည်။ ထိုအချိန်တွင် မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။



အချက် (၁)
နောက်မဆုတ်တမ်း ရင်ဆိုင်ခြင်းဖြစ်သည်။
ခရစ်တော် ဂေသရှေမာန်ဥယာဉ်တွင် အရှင်ဘုရား၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။ နောက်ဆုံးတွင် လက်ဝါးကပ်တိုင်တွင် အပြစ်သားအားလုံးအတွက် ကိုယ်စား အသေခံသွားခဲ့ပါသည်။ ပန်းတိုင်သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။ သို့အတါက် အားလုံး ထာဝရအသက်ကိုရရှိခဲ့ပါသည်။
ဖျားနာခြင်း၊ စီးပွားကျခြင်း .. စသည်များကို ရင်ဆိုင်တိုက်ခိုက်ရပါမည်။ ငွေက ကိုယ့်ကိုမထိန်းချုပ်စေပဲ မိမိကသာ ငွေကိုထိန်းချုပ်ရန်ဖြစ်သည်။

အချက် (၂)
စိတ်ဓါတ်ကျနေချိန်တွင် ပြသနာချည်းပဲ မကြည့်ပဲ၊ ဟိုအဝေးကို ကြည့်ရှုရမည်။
ယောဟန် ၄း၃၅ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်း ရှိသည်ကိုမျှော်၍ ကြည့်ကြလော့။
ဆာလံ ၁၂၆း ၅-၆ မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျ လျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ် နှင့် အမှန်ပြန်လာလိမ့်မည်။
ရောမ ၈း၂၈ ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။

ယောသပ် အခက်အခဲ၊ နောဧ အခက်အခဲများ ကျော်လွန်ပြီးနောက် ကောင်းကင်ချမ်းသာကို ရရှိခဲ့ပါသည်။ လောကသည် ခဏလေးပဲ ဒုက္ခခံရမည်ဖြစ်ပါသည်။

အချက် (၃)
အလုပ် မရပ်မနားလုပ်ခြင်းဖြင့် စိတ်ဓါတ်ကျခြင်းကို ရင်ဆိုင်ရန်နှင့် စိတ်ဓါတ်ကျသွားပြီး ဘေးထိုင်မနေရန်ဖြစ်သည်။
ယောဟန် ၉း၎ ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင် ငါပြုမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညဥ့်အချိန်လာသေး၏။


တမန် ၁၆း၆ ဖြုဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊ မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့သွားမည်ပြုစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊  မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ရောက်ကြ၏။

တနေရာတွင် လမ်းပိတ်နေသော်လည်း၊ အချိန်ရှိခိုက် ရပ်တံ့မနေပဲ မရပ်မနားလုပ်ဆောင်ရန်ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံ စိန်ရှာသူ၊ မြန်မာနိုင်ငံ မိုးကုတ်ကျောက်ရှာသူများ၊ ကျမ်းစာမှ ဧသတာ ဥပမာများ ပြောပြသွားပါသည်။

ယခုအခါ မိမိတို့ အနှစ်၂၀ကျော် ၀တ်ပြုကိုးကွယ်သည့် ဆန်ဖရန်စစ္စကိုအသင်းတော်နေရာမှ ထွက်ပေးရမည့်အခြေအနေဖြစ်နေပါသည်။ သက်ကြွယ်များလည်း ဆုတောင်းကြသည်။ လူငယ်များကိုပြောပြသောအခါ သူတို့လည်း စိတ်မကောင်းကြပါ။ မိမိတို့တွင် အဖြေမရှိပါ။ ဘုရားကျောင်းမရှိ ဖြစ်သွားမည့်အခြေအနေတွင် ရှောင်နေမည့်အစား ပါဝင်လုပ်ဆောင်ရန်ဖြစ်ပါသည်။  မြန်မာနိုင်ငံတွင် MCC ဂိုဏ်းပေါင်းစုံ လူငယ်ခေါင်းဆောင်များ တစ်ညလုံး Resolution ရေးသော်လည်း မိုးလင်းခါနီးထိမရပါ။ ဆုတောင်းဆပ်ကပ်မှု မလုပ်မိခြင်းကို သတိရပြီးမှ  အတူဆုတောင်းပြီးသောအခါတွင် တနာရီအတွင်း အဖြေရရှိသွားခဲ့ပါသည်။

အချက် (၄)
ဆုတောင်းခြင်းသည် ခရစ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ ခရစ်တော်သည် အသက်ချုပ်ချိန်မှာပင် အသက်ဝိညာဉ်ကိုအပ်ပါသည် ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းဖြင့် နှစ်သိမ့်မှုကို ရ၏။
ဆာလံ ၂၂း ၁-၄ အကျွန်ုပ်အော်ဟစ်သောစကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာ နေတော်မူသနည်း၊၊ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ကြပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏၊၊
အော်ဟစ်ဆုတောင်းခြင်းဖြင့်လည်း နားညောင်းတော်မူပါသည်။

အချက် (၅)၊ နောက်ဆုံးတစ်ခု

ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် စိတ်ဓါတ်ကျသောအချိန်တွင် အောင်မြင်ပါသည်။ အချို့သူများ ကျေးဇူးတော်ချီးမွမ်းရန်မပြောနှင့်၊ ဆုပင်မတောင်းနိုင်ဖြစ်ရသည်။
ဆာလံ ၃၀း ၅
အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊်။
၁သက် ၅း၁၇  မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။ ၁၈အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။
စိတ်ဓါတ်ကျချိန်နှင့်
ဒုက္ခများကို ကျော်လွှားပြီးလျှင် အရာရာကိုကျေးဇူးတော်ချီးမွမ်းရသည်။ စိတ်ပျက်ခြင်းကို ပပျောက်စေမည့် ဂတိတော်များ ပေးထားပါသည်။

ပုံမမာတစ်ခု
ရွာတစ်ရွာရှိ ဆင်းရဲသော ကလေး၁၂ယောက် မိသားစုတစ်စု၊ မိဘများ လုပ်ကိုင်မကျွေးနိုင်တော့သဖြင့် သားသမီး၎ဦးအား သတင်းစာတွင်ကြော်ငြာပြီး၊ သူများကိုပေးလိုက်ရသည်။ သူများအိမ်တွင် ကောင်းကောင်းစားသောက်၊ ပညာသင်ကြီးပြင်းလာသော John ဂျွန်ဆိုသူသည် ပျောက်ဆုံးသွားသော မိသားစုစိတ်ဓါတ်ကြောင့် အမြဲစိတ်ဓါတ်ကျရသည်။ တနေ့တွင် ဘုရားကျောင်းတစ်ခုသို့ ၀င်ပြီး သက်သာရာရှာခဲ့သည်။ သီချင်းသံများဖြင့် စိတ်သက်သာရပြီးနောက် တရားဟောချက်တွင် ဘုရားသခင်က သင့်ကိုမွေးစားချင်သည်၊ လက်ခံလျှင် ရှေ့ထွက်ရန် စိန်ခေါ်ချက်ကြောင့် ရှေ့ထွက်ဆက်ကပ်လိုက်ရာမှ ..နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားသော မိသားစုစိတ်ဓါတ်ကို ပြန်လည်ရရှိခဲ့ပါသည်။

နိဂုံး
ဘုရားရှင်၏ နိုင်ငံတော်သားများ ဖြစ်ရခြင်းသညခံစားနေရသူများ၊ ကြုံတွေ့လာရမည့် စိတ်ဓါတ်ကျခြင်းကို ပပျောက်စေပါသည်။ ခရစ်တော်၏ ခြေရာကို လိုက်လျှောက်ကြရန် အားပေးတိုက်တွန်းလိုက်ပါသည်။

သင်တို့အားလုံးအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။

ဆရာတော် Dr. လတ်ယေရှဲ


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )