22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 9, 2011

အိပ်စက်ခြင်းသည် ဦးနှောက်မှတ်ဥာဏ် ကောင်းစေသည်



ဦးနှောက်ကနေ သတင်းအချက်အလက် တွေကို သိုလှောင်သိမ်းဆည်းရာမှာနဲ့ မှတ်မိစေရာမှာ အိပ်စက်ခြင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။- အိပ်စက်ခြင်းမှာ အဆင့်လေးဆင့်ရှိပြီး နှစ်ခြိုက်စွာ အိပ်မောကျတာ အိပ်မက်မက်တဲ့ အဆင့်ကို REM (Rapid Eye Movement) လို့ ခေါ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ REM အဆင့်က ကျဆင်းလာလေလေပါပဲ။ REM အဆင့်မရှိရင် အိပ်ရေးမဝတဲ့ ခံစားချက် ရရှိပြီး အိပ်ငိုက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ အမှားလုပ်ခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဝင်လာတတ်ပါတယ်။- သိသာထင်ရှားတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာဟာ အမေရိကန်လူမျိုး ၃၅ သန်း ကျော်မှာ ခံစားနေရပြီး ကမ္ဘာပေါ်မှာ လူပေါင်းများစွာ ကြုံတွေ့နေရတဲ့ ပြဿနာပါ။
- အိပ်ရေးမဝတဲ့အတွက် ရုတ်တရက် အိပ်ငိုက်ရောဂါ (Narcolepsy) ဖြစ်လာရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ယာဉ်မတော်တဆ ထိခိုက်မှု ဖြစ်ပေါ်နိုင်ပါတယ်။ ရုတ်တရက် အိပ်ငိုက်ရောဂါဟာ အိပ်စက်ချိန်မှာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကြောင့် အိပ်ရေးမဝရာက ဖြစ်လာတတ်တဲ့ ပြဿနာမျိုးပါ။ သက်လတ်ပိုင်းအရွယ်တွေ၊ အဝလွန်သူတွေနဲ့ စိတ်ဖိစီးမှုများတဲ့ သူတွေမှာ အဖြစ်များတတ်ပါတယ်။ - ဦးနှောက် ကျန်းမာဖို့ရာအတွက် ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲဖို့ စဉ်းစားမယ်ဆိုရင် အိပ်ရေးဝဝ အိပ်သင့်တဲ့အချက်ကို အရင်ဆုံး ဦးစားပေးသင့်ပါတယ်။
- အိပ်ရေးမဝတဲ့အခါ ဦးနှောက်ဟာ အချိန်အတော်များများမှာ ပင်ပန်းနွမ်းနယ်နေပြီး အာရုံစိုက်နိုင်စွမ်း နည်းသွားပါတော့တယ်။ အိပ်ရေးပျက်တဲ့အခါ တစ်ရေးအိပ်တာနဲ့ အစားထိုးနိုင်ပေမယ့် လုံလောက်တဲ့ အနားယူမှုတော့ မဟုတ်ပါဘူး။
- အိပ်ရေးပျက်ဖန်များလာတဲ့အခါ ဦးနှောက်က ဖိစီးလာပြီး မေ့လွယ်လာတတ်ပါတယ်။ ဒါကြောင့် ညတိုင်း လုံလောက်တဲ့ အိပ်ချိန်ထားရှိပြီး အိပ်ရေးဝဝအိပ်ဖို့ ဂရုစိုက်သင့်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )