22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, October 26, 2011

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ အစား အသောက်များ၊ လုံခြုံ စိတ်ချ ဘေးကင်း စေသော အချက်(၉)ချက်


ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ အစား အသောက် များ၊ ပို၍လုံခြုံစိတ်ချ ဘေးကင်း စေသောသော အချက်(၉)ချက်


ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် အစား အသောက်များ ကို ပို၍လုံခြုံ စိတ်ချစေရန် အောက်ပါ အတိုင်းသော့ ချက်(၅)ချက်ချ မှတ်၍ လိုက်နာ စေရန် တိုက်တွန်း အကြံ ပြုထား ပါသည်။
(၁) သန့် ရှင်းရေးကိုအမြဲတမ်း ဆောင်ရွက်ခြင်း
သာမန်မျက်စိနှင့် ကြည့်လျှင် မြင် နိုင်စွမ်းမရှိသော ဘက်တီးရီးယားပိုးမွှား အများစုသည် ရောဂါမဖြစ် သော်ငြားလည်း အန္တရာယ်ရှိသောပိုးမွှားများကို မြေဆီလွှာ၊ ရေ၊ တိရစ္ဆာန်များနှင့်  လူများတွင် ကျယ် ပြန့် စွာတွေ့ရှိရပါသည်။ ဤပိုးမွှားများသည် မသန့် ရှင်းသော လက်များ၊ လက်နှီးများ၊ စဉ့် နီတုံးအပါအဝင် အစားအသောက်၊ အသုံး အဆောင် များမှ တစ်ဆင့် ကူးစက် တတ်ပါသည်။ ၎င်းတို့ နှင့် အနည်းငယ် မဖြစ် စလောက် ထိတွေ့ ခြင်းဖြင့်  အစား အသောက်များထဲသို့  ရောဂါပိုးမွှားကို ရောက်စေ နိုင်ပြီး၊ အစား အသောက်မှရရှိ သော ရောဂါများကို ဖြစ်စေ ပါသည်။ ရောဂါများ မဖြစ်ပွား စေရန် အစား အသောက်များ ကိုမကိုင်တွယ်မီနှင့်  အ စား အသောက် ပြင်ဆင် ချိန်တွင် လက်ဆေး ပါ။ လုပ်ငန်း ဆောင်ရွက်နေသည့် အခါ၌ လည်း လိုအပ်သည့်  အခါတိုင်းနှင့်  အိမ် သာတက်ပြီး တိုင်းလက်ကိုစင်ကြယ်စွာ ဆေးပါ။ အစားအသောက်ပြင်ဆင်ရန်အ တွက် အသုံးပြုသော ပစ္စည်းများနှင့်  အ စားအသောက်ထိတွေ့မည့် မျက်နှာပြင်များ ကို ဆေး ကြောသန့် ရှင်းပါ။ ချက်ပြုတ် ခန်း(သို့ )မီးဖိုချောင်နှင့် အစားအသောက် များရှိရာ နေရာသို့  အင်းဆက်ပိုးမွှားများ၊ ဖျက်ဆီး တတ်သောပိုးမွှား၊ ကြွက်၊ ပိုးဟပ် နှင့်  အခြား တိရစ္ဆာန်များ ဝင်ရောက်နားခို ခြင်းမရှိစေရန် ကာကွယ်ထားပါ။

(၂) မချက်ပြုတ်ရသေးသောအစား အသောက်နှင့်  ချက်ပြုတ်ပြီးအစားအ သောက်များကိုခွဲထားခြင်း
အစားအသောက်များ ကိုပြင်ဆင်ရာ တွင်လည်းကောင်း၊ ထားသိုရာတွင်လည်း ကောင်း၊ အထူးသဖြင့် သားစိမ်း၊ ကြက်၊ ဘဲ၊ ငှက်အစိမ်းများ၊ ပင်လယ်အစားအ စာများကို အခြား အစား အသောက်များ နှင့် ခွဲခြားထားရပါမည်။ သားစိမ်း၊ ငါးစိမ်း များနှင့်  ဖျော်ရည်များတွင်ပါရှိသောအဏုဇီ ဝပိုးများသည် အခြားအစားအသောက်များ သို့ ကူးစက်နိုင်ပါသည်။ ထိုကဲ့ သို့ မကူးစက် စေရန် သားစိမ်း၊ ငါးစိမ်းများနှင့်  ပင်လယ်အစားအစာများ ကို အခြားအစားအသောက်များနှင့်  ခွဲ ခြားထားရပါမည်။ သားစိမ်း၊ ငါးစိမ်းနှင့်  ဟင်းသီးဟင်းရွက်စိမ်းများကိုကိုင်တွယ် ရန်အတွက် ဓါး၊ စဥ့်နီတုံး ကဲ့သို့ သော အသုံးအဆောင်များနှင့်  ကိရိယာများကို ခွဲခြား၍သုံးစွဲရပါမည်။ သားစိမ်း၊ ငါးစိမ်း၊ ဟင်းသီးဟင်းရွက်စိမ်းများနှင့်  ပြင်ဆင် ဆဲအစားအသောက်များကို ခွဲခြား၍ထား သိုရန် လိုအပ် ပါသည်။
(၃) ကျက်အောင်ချက်ပြုတ်ခြင်း
ကျက်အောင်ချက်ခြင်း၊ စနစ်တကျ သေချာစွာ နွေးခြင်းတို့ ကြောင့်  အန္တရာယ် ရှိသော ပိုးမွှား အားလုံး နီးပါးကို သေစေနိုင် ပါသည်။ လေ့ လာမှုမှတ်တမ်းများတွင် အစား အသောက်ကို (၇၀)ဒီဂရီ စင်တီဂရိတ် (ဆဲလ်စီးယပ်စ်)ထိအပူ ပေး၍ချက်ပြုတ် ခြင်းဖြင့်  စားသောက်ရန်စိတ်ချရကြောင်း ပြသထားသည်ကိုတွေ့ရှိရပါသည်။ အရွယ် အစားကြီးသောအသားတုံး(ဟင်းတုံးများ)၊ အကောင်လိုက် (ကြက်၊ ငှက်၊ ဘဲ၊ ငှက်) များကိုချက်ခြင်း၊ ပြုတ်ခြင်းနှင့်  ကြော် လှော်ခြင်းများကို ဆောင်ရွက်ရာတွင်ဂ ရုစိုက်ရန်လိုအပ်ပါသည်။ ကျက်အောင် ချက်ပြုတ်ခြင်းမပြုလုပ်ပါက အစားအ သောက်မှရရှိသော ရောဂါများရရှိနိုင်ပါ သည်။ ထိုရောဂါများမရရှိစေရန် အသား မျိုးစုံ၊ ငါး၊ ဥမျိုးစုံနှင့် ပင်လယ်အစားအ စာများကို ကျက်အောင်ချက်ပြုတ်ရပါ မည်။ စွပ်ပြုတ်နှင့် အသားနှပ် ဟင်းများ ကဲ့ သို့ သော အရည်ပါသောအစားအ သောက် များကို ဆူအောင်နွေးပြီးမှ တည် ခင်းကျွေးမွေးရန်လိုအပ်ပါသည်။ ထမင်း၊ ဟင်းများနွေးရာတွင် အပူပြန်နှံ့ မှုညီမျှစေ ရန် ဂရုစိုက် ပါ။
(၄) အစားအသောက်များကိုဂရုတ စိုက်ထားသိုခြင်း
အခန်းအပူချိန်တွင် အစားအစာ များကိုထားသိုခဲ့ လျှင် အဏုဇီဝပိုးမွှားများ သည် အလွန်လျင်မြန်စွာပေါက်ဖွားနိုင်ပါ သည်။ အပူချိန်ကို(၅)ဒီဂရီစင်တီဂရိတ် အောက်အေးခဲထားခြင်း(သို့ ) (၆၀)ဒီဂရီ စင်တီဂရိတ် အထက်အပူ ပေးထားရှိခြင်း ဖြင့်  အဏုဇီဝပိုးမွှားများပေါက်ဖွားမှုကို နှေးကွေးခြင်း(သို့ ) ရပ်တန့် စေခြင်းကိုဖြစ် စေနိုင်ပါသည်။ အချို့သောအန္တရာယ်ရှိ သည့်  အဏုဇီဝပိုး များ သည် အပူချိန်(၅) ဒီဂရီစင်တီဂရိတ်အောက်တွင်လည်း ဆက်လက်ပေါက်ဖွားနိုင်ပါသည်။ အစားအသောက်များထားသိုခြင်း ကိုဂရုစိုက်ရန်လိုအပ်ပါသည်။ ချက်ပြီး သောအစား အသောက် များကို အခန်းအ ပူချိန်တွင် (၂)နာရီထက်ပိုမထားရပါ။ အပူချိန်(၅)ဒီဂရီစင်တီဂရိတ်အောက်တွင် ချက်ပြီးသောအစားအသောက်များနှင့်  ပျက်စီးလွယ်သော အစားအသောက်များ ကို ချက်ခြင်း၊ အမြန် အအေး ဓာတ်ပေး ထားရပါမည်။ ပူပူနွေးနွေးတည်ခင်းကျွေး မွေးပါ။ အစားအသောက်များကိုရေခဲသေ တ္တာထဲတွင် အချိန်ကြာရှည်စွာသိမ်းထား ခြင်းမပြုလုပ်ရပါ။ အေးခဲထားသောအစား အသောက် များကို အခန်းအပူချိန်ရှိနေ ရာသို့  တိုက်ရိုက်ထုတ်ထားခြင်းမပြုလုပ် ပါနှင့် ။
(၅) ရေကောင်းရေသန့် နှင့် လတ် ဆန်သောအသားစိမ်း၊ ငါးစိမ်း၊ ဟင်းသီး ဟင်းရွက်စိမ်းများကို အသုံးပြုခြင်း။
မသန့် ရှင်းသောရေနှင့်  ရေခဲများသို့  အန္တရာယ်ရှိသောအဏုဇီဝပိုးမွှားများနှင့်  ဓာတုပစ္စည်းများ မှညစ်ညမ်းမှုများ ကူး စက်နိုင်ပါသည်။ အဆိပ်ဖြစ် စေသောဓာ တုပစ္စည်းများသည် ပျက်စီးနေ သော၊ မှို တက်နေသော အစား အသောက်များတွင် ပါရှိတတ် ပါသည်။ သားစိမ်း၊ ငါးစိမ်းနှင့်  ဟင်းသီး ဟင်းရွက်စိမ်းများကို ဂရုတစိုက် ရွေးချယ်ဝယ်ယူခြင်းကိုပြုလုပ်ပါ။ ရေဆေး ခြင်း၊ အခွံနွှာ ပြီးမှ အသုံးပြုခြင်း တို့ ပြုလုပ် ပါက အန္တရာယ် များကိုလျော့ နည်းစေ နိုင်ပါသည်။ ရေကောင်းရေသန့် ကိုသုံးစွဲပါ။ ရေကို လုံခြုံ၊ စိတ်ချ၊ ဘေးကင်း စေရန် ပြုပြင်၍ သောက်ပါ။ လတ်ဆတ် သော၊ ကျန်းမာ စေသော၊ အာဟာရ ဖြစ်စေ သောအစားအ စာ(သား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ)ကို သာရွေးချယ် သုံးဆောင်ပါ။ ပိုးသတ်ထား သောနွားနို့ ကဲ့ သို့ သော စိတ်ချရသည့် အ သင့် စား အစား အသောက်များ ကို ရွေးချယ် ပါ။ ဟင်းသီးဟင်းရွက်စိမ်း(တို့ စရာများ) နှင့်  သစ်သီးများကိုရေဖြင့် ဆေးကြောပြီး မှစားသုံးပါ။ စားသုံးရန်အညွှန်းပါသော သက်တမ်းကုန်(သို့ )ရက်စွဲလွန် အစားအ သောက်များ ကို မသုံးစွဲပါနှင့်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )