22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Tuesday, October 18, 2011
ဆရာကောင်း ၊တပည့်ကောင်း
                         `` တပည့်..... ဆရာချိုးရန် ရေဖြည့်ထားပါ.. သရက်ပင်ကိုလည်း ရေလောင်းပါ..... ´´ဆရာသည်တပည့်ဖြစ်သူအား
ရေနှင့်သက်ဆိုင်သော အလုပ်နှစ်ခုကို ခိုင်းလိုက်သည်........။
                          အရင်က ဆရာနှင့် တပည့်ဆိုသည်မှာ အတူနေရင်း အတတ်ပညာများကိုသာမက အသိပညာများ၊ ဗဟုသုတများ ကိုပါ လက်ထပ် သင်ကြားပေးကြောင်း...... စားဝတ်နေရေးမှ အစ ကျန်းမာရေးနှင့် အနာဂတ်ကာလများ အထိပါ သားသမီးကဲ့သို့ စီမံ
ပေးကြောင်း သိရှိရပါသည်....... သူ့ခေတ်နှင့် သူ့အခါ ဖြစ်ပါသည်။
                           တပည့်သည် ဆရာဖြစ်သူ၏ စေခိုင်းချက်အား စဉ်းစား သုံးသပ်၍ ရေစည်ကို သရက်ပင်အောက်သို့ ရွှေ့ကာ ရေဖြည့်
ထားလိုက်ပါသည်။ ဆရာ ရေချိုးသောအခါ သရက်ပင်ကို ရေလောင်းပြီး ဖြစ်လေသည်။
                          `` တစ်နဲ့ တစ်ပေါင်း ဘယ်လောက်လဲ.....´´ ဆရာဖြစ်သူသည် တပည့်ဖြစ်သူအား ဤသို့မေးခဲ့သော် တပည့်ဖြစ်သူ
သည် (၃)နှစ်သား အရွယ်ပင်ဖြစ်စေကာမူ နှစ် ဖြစ်ကြောင်းကို ကောင်းစွာ ဖြေကြားနိုင်ပါလိမ့်မည်။ ဆရာသည် မည်သည့်အတွက်
ဤမေးခွန်းကို မေးကြောင်းသည်သာ အဖြေဖြစ်ပါသည်။ တစ်နဲ့ တစ်ပေါင်းခြင်းသည် နှစ် ဖြစ်သည်ဟု ဖြေခဲ့သော် ဆရာလိုချင်သော
တပည့်မဖြစ်နိုင်တော့ပါ... ဆရာ့အား ငဲ့ညှာခြင်းမရှိသော၊ ဆရာ့အပေါ်တွင် သံယောဇဉ်မဲ့သော တပည့်တစ်ဦးသာ ဖြစ်လာပါလိမ့်မည်။
                           တပည့်လိမ်မာ ဆရာအာပတ်လွတ် ဟူသော စကားရှိပါသည်... ဆရာ၏ မျက်နှာရိပ်ကို ကြည့်၍ လိမ်မာပါးနပ်စွာ
ဝင်ရောက်ဆောင်ရွက်ပေးခြင်း၊ အမုန်းခံပေးခြင်း၊ဆရာဖြေရှင်းပေးနိုင်သော ဘောင်အတွင်းမှ အပြစ်လေးများကျူးလွန်ပေးခြင်းတို့ပါဝင်
ပါသည်။ ဆရာကိုယ်တိုင် ဆောင်ရွက်သဖြင့် ပြဿာနာ တစ်စုံတစ်ရာ ဖြစ်ပွါးလာပါက ဖြေရှင်းရန် ခက်ခဲသည့် ကိစ္စများကို တပည့်မှ
ဝင်ရောက်လုပ်ကိုင်ခဲ့သဖြင့် မှားယွင်းခဲ့သော် ဆရာသည် ၀င်ရောက်တောင်းပန်၍ တာဝန်ယူဖြေရှင်းပေးနိုင်လေသည်......
                           တပည့်၏တာဝန်မှာ ဆရာ၏ မျက်လုံးများမှ စကားအား နားဖြင့်ကြားခြင်း၊ ဆရာ့မျက်နှာအားကြည့်၍ ဆရာ့နှလုံး
သားကို မြင်နိုင်သောသူ ဖြစ်သင့်ပါသည်။
                            ယခုခေတ်အခါတွင် ဒိသာပါမောက္ခ ဆရာကြီးများ မရှိတော့သဖြင့် (၃)နှစ်ခန့် ပညာတော်သင်သွားရောက်ရသူများ
မရှိတော့ပါ...... သို့သော် ခေတ်ပညာတတ် တစ်ယောက်ဖြစ်လာပြီး အစိုးရအလုပ်၊ ကုမ္ပဏီလုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ပါက
မိမိ၏ အထက်အရာရှိသည် မိမိ၏ ဒိသာပါမောက္ခဆရားကြီး ဖြစ်လာပါတော့သည်။ လုပ်ငန်းခွင်ဆိုင်ရာ အတတ်ပညာများကို ကျေညက်
ကျွမ်းကျင်စွာတက်မြတ်ရေး၊ တတ်သိထားသော ပညာများကိုလုပ်ငန်းခွင်အတွင်း အချိုးကျကျသုံးစွဲတတ်စေရေးနှင့်ရာထူးတိုးတက်ရေး
တို့အတွက် ဆရာဖြစ်သူ အထက်အရာရှိမှ တာဝန်ခံ ဆောင်ရွက်ပေးရပါသည်။
                           မည်သည့် လုပ်ငန်းခွင် အတွင်းမဆို အခက်အခဲများ၊ ပြဿနာများ၊ မပြေလည်မှုများ ရှိတတ်ပါသည်၊  ရာထူးနှင့်
အာဏာ၊ အခွင့်အရေးနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများသည် နေရာယူထားကြပါသည်၊ အတတ်ပညာရှင်များမှ အပ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်
ရေးအဖွဲ့ဝင်များတွင် ဆရာတပည့် ပတ်သက်မှုသည် ကြီးမားလှပါသည်။ ဆရာ၏လိုအပ်ချက်အား တပည့်ဖြစ်သူမှ သေချာစွာ ဘာသာမ
ပြန်နိုင်ပါက လုပ်ငန်းခွင် အကျိုး ဖြစ်ထွန်းမှု နည်းပါးမည်ဖြစ်ပါသည်။ လူတိုင်းတွင် မှီခိုရာ၊ အားထားရာ၊ တိုင်ပင်ရင်ဖွင့်ရာအဆွေခင်ပွန်း
ကောင်းများ လိုအပ်ပါသည်။ ခေါင်မိုးပေါ်သို့ တက်လိုလျှင် တက်နိုင်လောက်သည့် လှေခါးလိုအပ်ပါသည်၊ လှေခါးကို တောင့်တင်းခိုင်ခန့်
စေရန် ဆောင်ရွက်ရသကဲ့သို့ မိမိတက်လမ်းအတွက် အကျိုးပြုနိုင်သူကို အမှီသဟဲပြုထားရမည်ဖြစ်ပါသည်။ လှေခါးဆောက်လုပ်ရခြင်း ၊
ရွှေ့ပြောင်းပေးရခြင်းတို့အတွက် ပင်ပန်းသည်ဟု ထင်မြင်ခဲ့မိသော် အထက်သို့တက်ရောက်နိုင်ရန် ခက်ခဲမည်ဖြစ်ပါသည်။ သူတစ်ပါးပြု
လုပ်ထားခဲ့သော လှေခါးရှိနေခဲ့သော်မှ ခိုင်ခန့်မှုကို မိမိကိုယ်တိုင် စစ်ဆေးရပါသည်၊ မသေချာသော သံသယရှိသော နေရာများကို ပြန်
လည်ပြုပြင်ခြင်း၊ အစားထိုးလဲလှယ်ခြင်းများ ပြုလုပ်ကြရပါသည်။
                              အချို့သော လုပ်ငန်းများသည် သာမန်အားဖြင့် အကျိုးမဖြစ်ထွန်းဟု မြင်နိုင်သော်လည်း ရေရှည်တွင် သို့မဟုတ်
အခြားတစ်နေရာတွင် အကျိုးဖြစ်ထွန်းသည်ဟု ယူဆရပါက ဈေးတွက် တွက်၍ ဆောင်ရွက်ရသည်များ ရှိပါသည်။ ရေရှည် အစီအမံများ
သည် လက်ငင်းဆောင်ရွက်ချိန်တွင် အကျိုးမဲ့ ဖြစ်သော်လည်း၊ နောင် အနာဂတ်အတွက် အကျိုးဖြစ်ထွန်းနိုင်သည်များကို ရှေးရှုလျှက်
ဆောင်ရွက်ရသည်များလည်း ရှိပါသည်။ သရက်ပင်စိုက်သော အဘိုးအို ဥပမာကို ကြည့်ရှုရမည်ဖြစ်ပါသည်။
                              တစ်ခါက ကျွန်တော်တို့ နေသော ဌာနသို့ လူကြီးတစ်ဦးပြောင်းရွှေ့ရောက်ရှိလာပါသည်။ ကျွန်တော်တို့ ဌာနသည်
လူနဲနဲနှင့် ကျဲကျဲ ၀ိုင်းရသော ဌာနဖြစ်ပါသည်။ အရေးကြီးသော စီမံခန့်ခွဲမှုများ၊ သတင်းအချက်အလက်များနှင့် ပတ်သက်၍ အကြံပြု စု
ဆောင်း တင်ပြရသော ဌာနဖြစ်ပါသည်။ လူအင်အား မလုံလောက်မှုကြောင့် အချင်းချင်းနားလည်မှုဖြင့် လုပ်ကိုင်ကြရပါသည်၊ ဖွဲ့စည်းပုံ`
အရ ဂျူတီ မဆင်းနိုင်ဘဲ အဆင်ပြေသလို နားလည်မှု ဖြင့် တစ်လှည့်စီ ဂျူတီဝင်ပေးရပါသည်။ ပြောင်းရွှေ့ရောက်ရှိလာသော အထက်လူ
ကြီးသည် စည်းကမ်းတင်းကျပ်ကြောင်းနှင့် အလုပ်ကိုသဲသဲမဲမဲ လုပ်တတ်သူဖြစ်ကြောင်းကျော်ကြားပါသည်။ တစ်နေ့တွင် ရုံးချိန်အတွင်း
ဖေးဘရိတ် ၀န်ထမ်းတစ်ဦးအား ခေါ်ယူပါသည်။ ၄င်းဝန်ထမ်းသည် အသောက်အစား၊ လောင်းကစား၊ အကတိလိုက်စားမှု၊ လုပ်ငန်းခွင်
အဆင်မပြေမှုများ မရှိသည့်အပြင် တာဝန်ပေးအပ်ပါကလဲ အမြန်ဆုံးဆောင်ရွက်နိုင်သူ လူတော်တစ်ဦးဖြစ်ပါသည်၊ ကျွန်တော်တို့လည်း
အားကိုးရသော ငယ်သားတစ်ဦးဖြစ်ပါသည်။ ၄င်းဝန်ထမ်းမှာ သီးခြားဆောင်ရွက်ရန် တာဝန်မရှိပါက မကြာခဏ အပြင်ထွက်တတ်သော၊
လွတ်လွတ်လပ်လပ် နေထိုင်တတ်သူဖြစ်ပါသည်။
ပါဝန်ထမ်းသည် အပြင်ထွက်နေခိုက်နှင့်ကြုံပါသည်။ လူကြီးသည်ချက်ချင်းပင်သတိပေးဆုံးမမှတ်တမ်းရေးသွင်းခိုင်းပါတော့သည်၊ သတိ
ပေးဆုံးမမှု မှတ်တမ်းအား အထက်ဌာနသို့ တင်ပြပါက ရာထူးတိုးတက်ရေးအတွက် ကန့်သတ်ခံရပါသည်။ ကျွန်တော်တို့လည်း ၀ိုင်းဝန်း
တောင်းပန်ကြပါသည်၊ ဌာနတွင်း အစီအစဉ်ဖြင့် ဆုံးမပေးပါရန် မေတ္တာရပ်ခံပါသည်၊ အထက်လူကြီးသည် လက်မခံပါ၊ စိတ်မကောင်း
စွာပင်မှတ်တမ်းရေးသွင်းခဲ့ရပါသည်။ ကံကောင်းသည်မှာ၎င်း၏ မှတ်တမ်းအားကျွန်တော့်ထံတွင်သိမ်းဆည်းထားရန်နှင့် နောက်တစ်ကြိမ်
ထပ်မံ ကျူးလွန်လာပါက အထက်သို့ တင်ရန် တာဝန်ပေးခဲ့ ဖြင့် ကံကောင်းသေးသည်ဟု ယူဆရပါသည်။ဌာနတစ်ခုလုံးပုံစံပြောင်းလိုက်
ရပါသည်။ လူကြီးသည် လပိုင်းမျှသာ ကြာပြီး ရာထူးတက်၍ပြောင်းရွှေ့သွားပါသည်။ သူ၏ လက်ထက်တွင် ကျွန်တော်တို့ဌာန ပိုမို ကျော်
ကြားခဲ့ကြောင်းကိုတော့ အမှန်အတိုင်း ၀န်ခံပါသည်။
ဖြင့် ဂုဏ်ယူကြောင်း၊ ရောက်ရောက်ချင်း ဖေးဘရိတ်ဝန်ထမ်းအား အရေးယူခဲ့ခြင်းအတွက် အခြားဝန်ထမ်းများမှ မိမိအား တစ်မျိုးထင်ခဲ့
ကြောင်း၊ နည်းဗျူဟာအရ မှားယွင်းသော်လည်း ဤသို့ အရေးယူခဲ့ခြင်းအတွက် အခြား ၀န်ထမ်းများ၏ စည်းကမ်းကို ပြန်လည်ရရှိခဲ့ပါ
ကြောင်း၊ မဟာဗျူဟာအရ အောင်မြင်ခဲ့ပါကြောင်း၊ ၄င်းရာထူးတက်ခြင်းသည် ၀န်ထမ်းအားလုံး၏ ကျေးဇူးကြောင့်ဖြစ်သဖြင့် ကျေးဇူး
တင်ကြောင်း ပြောကြားခဲ့ပြီး သတိပေးဆုံးမှု မှတ်တမ်းအား အားလုံးရှေ့တွင် ဖျက်ဆီးပေးခဲ့ပါသည်။ အထက်လူကြီးတစ်ဦး၏ စီမံခန့်ခွဲမှု
တစ်စိတ်တစ်ဒေသအား သိရှိခွင့်ရခဲ့ပြီး အတုယူစရာဖြစ်ခဲ့ပါသည်။
                             ဆရာသည် တပည့်အကြောင်းကို ကောင်းစွာသိသည့်အပြင် ကောင်းစွာ ပျိုးထောင်ပေးနိုင်ကြောင်းကို တပည့်
ဖြစ်သူများသိရန်လိုအပ်ပါသည်။ တစ်ကြိမ်တစ်ခါမျှတပည့်ကောင်းဖြစ်ခဲ့သူသည်အကြိမ်တစ်ထောင်မကဆရာကောင်း ဖြစ်နိုင်ပါကြောင်း
တင်ပြရင်း ကျွန်တော် တင်ပြခဲ့သည့် တပည့်များ ဖြစ်စေရန်နှင့် ကျွန်တော် တင်ပြခဲ့သော ဆရာများနှင့် ဆုံဆည်းကြစေလိုပါကြောင်း..
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )