22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, October 14, 2011

ဆေးလိပ်ဖြတ်နည်း


သင့် ခန္ဓာကိုယ်မှာ ဆောင်ထား နိုင်သော ကဒ် တစ်ခုအပေါ်မှာ သင် ဆေးလိပ်ဖြတ်ရခြင်း အကြောင်းများကို ရေးချ ထားပြီး ယင်းကဒ်ကို အမြဲ ဖတ်ရှုခြင်းဖြင့် သင့်အား သတိပေး နေသကဲ့သို့ ဖြစ်ပါစေ။
ဥပမာ
“ငါကျန်းမာရေးအတွက် ငါ့ကလေး တွေအတွက် (ဆေးလိပ်ဖြတ်တာ)
၂။ တင်းနစ်ကစားပွဲတစ်ခုကို မျက်စိထဲ မြင်ယောင်ပါ။ ဗြိတိသျှသုတေသနပညာရှင်များ၏အဆို အရ ဆေးလိပ် သောက်သူများအားသူတို့ ကိုယ် တိုင်တင်းနစ်ကစားနေသည်ဟု ထင်မြင်လာအောင် ဖျောင်းဖျ ပြောဆိုခြင်း ဖြင့် သူတို့၏ ဆေးလိပ် သောက်ချင်သော ဆန္ဒကိုဖြေဖျောက်နိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။
တစ်ကယ်ပင်လက် တွေ့၌ အလုပ်ဖြစ်သည်ကိုတွေ့ရ၏။
၃။ ဆေးလိပ်သောက်မည့် အချိန်၌ PC (ကွန်ပြူတာ) ပေါ်၌ ဂိမ်းကစားလိုက်ပါ။ ကွန်ပြူတာပေါ်၌ Game ကစား၍ ဖြစ်စေ၊ ဖုန်းဖြင့် စကားပြော Chatting လုပ်၍ဖြစ်စေ၊ ခေတ္တခဏလမ်းထွက်လျှောက်၍ဖြစ်စေ ဆေးလိပ်သောက်လို စိတ်ကို အစားထိုးပါ။
၎။ ဆေးလိပ်ဝယ်သောက်မည့် ပိုက်ဆံများကို ကြီးမားသော ဖလ်ပေါင်းချောင်ခွက် တစ်ခုထဲမှာ စုထားပါ။ သင်လုပ်ချင်သော အလုပ်တစ်ခုကို ရည် ရွယ်၍ ပိုက်ဆံစုပါ။ ဥပမာအပျော်စီးသင်္ဘောဖြင့် ခရီး ထွက်ခြင်းမျိးကို သင်အရင်က စိတ်မကူးမိ ခဲ့သော်လည်း ယင်းကို ရည်ရွယ်၍ ပိုက်ဆံစု ခြင်းမျိုးဖြစ်၏။
၅။ သစ်သီးအဆံများ စားပါ သင်သောက်မည့် စီးကရက်တစ်လိပ်အ တွက် သစ်သီးအဆံ(nets)လေးမျိုးစားပါ။ ထို အခါသင်၏လက်နှင့်ပါးစပ်ကိုအလုပ်ရှုပ်စေမည် ဖြစ်၏။
ဆေးလိပ်သောက်မည့် အရသာမျိုးခံစား ရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သစ်သီးအဆံများက အရသာရှိပြီး အာဟာရဓာတ် ပါဝင်သောကြောင့် ဖြစ်၏။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )