22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, November 7, 2011

ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ (၁)

     သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ ကြိုးစားပမ်းစားရှာထားပေးပါတယ်။ ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။ စမ်းကြည့်ကြပါအုံး။
ပန်းသီး
ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။ ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။ ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။ ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်းအရမ်းကြိုက်သွားမှာ သေချာတယ်နော်။

သရက်သီး
"အသီးမှာသရက်"တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင် ချေပေးပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။
သံပုရာသီးနဲ့ ဒိန်ခဲ
ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး မလုပ်ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်၊
ရေနွေးကြမ်းနဲ့ မုန်လာဥနီ
ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းနဲနဲနဲ့ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။
လိမ္မော်သီးနဲ့ကြက်ဥ
အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ်အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။
ခု ဒီနည်းလေး ၅ မျိုးကို အရင်စမ်းကြည့်အုံးနော်။ ဒီလို စားကောင်းသောက်ဖွယ်လေးတွေ.. အဲလေ.. နည်းကောင်းလေးတွေ အများကြီးရှိသေးတယ်နော်။ ၀က်ခြံပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ (၂) ကို နောက်နေ့မှ ဆက်တင်ပေးမယ်။ ကွန်နက်ရှင်နဲ့ နပန်းလုံးပြီး တင်ရတာဆိုတော့လေ။ :D အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။ သဘာဝသစ်သီးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့ ကျေးဇူးတင်ရမှာပါ။ "မသိသူကျော်သွား သိသူဖော်စား" တဲ့။ တကယ်လည်း စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်လွတ်နိုင်ပါစေ သူငယ်ချင်းတို့။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )