22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, December 12, 2011

စုံစမ်းစစ်ဆေးခြင်းလော... ဆုံးမခြင်းလော.

ယနေ့ယုံကြည်သူများက အခက်အခဲပြဿနာများနှင့်ရင်ဆိုင် ကြုံတွေ့လာပါက အဖြေကိုမရှာတတ်ကြပါ။ဒုက္ခပြဿနာတွေ့လာပါက ဘုရား ကိုအပြစ်တင်တတ်ကြသည်။ဘာကြောင့် ဒါတွေခံစား၊ကြုံတွေ့နေရတာလဲ ဆိုတာအဖြေရှာခက်နေကြသည်။
ယုံကြည်သူတစ်ဦးသည် အခက်အခဲ၊ဒုက္ခပြဿနာနှင့်ရင်ဆိုင် ကြုံတွေ့လာရတိုင်း မိမိကိုယ်ကိုအရင်စစ်ဆေးဖို့လိုအပ်ပါသည်။အရိုးသားဆုံး အပွင့်လင်းဆုံးမိမိကိုယ်ကို စစ်ဆေးပါက အဖြေမှန်ကိုတွေ့မည်ဖြစ်သည်။
စုံစမ်းစစ်ဆေးခြင်း-
စုံစမ်းစစ်ဆေးခြင်းသည် မိမိအပြစ်လုပ်၍မဟုတ်ပါ။တစ်ခါတစ်လေမှာ မိမိသည်ဘုရားနှင့်အကျွမ်းတ၀င်ဖြစ်လာသောအခါ၊ဘုရားနှင့်ပိုနီးကပ် လာသောအခါ စုံစမ်းခြင်းကိုခံရတတ်ပါသည်။ယောဘ အသက်တာကိုကြည့်သည့်အခါ သူ၏မိသားစုသည် ဘုရား၌မွေ့လျော်ခြင်းကိုအစဉ်   ပြုလုပ်သောမိသားစုဖြစ်ပါသည်။သို့သော် သူ့ပိုင်ဆိုင်သမျှပျက်စီးနေသည်သာမက သားသမီးရှိသမျှပါ ရှုံးဆုံးခဲ့ရသည်။မည်မျှစိတ်ပျက် စရာကောင်းသနည်း။သို့သော် ယောဘက ဘုရားကိုချစ်တဲ့မေတ္တာလျှော့မသွားပါ။နှုတ်နှင့်မျှမပြစ်မှားသည့်အပြင် ဘုရားကပေးတယ်၊ ဘုရားကပြန်သိမ်းတယ်... ဘုရားအရမ်းကောင်းမြတ်တယ်လို့ ချီးမွမ်းနိုင်သည်။ဒါကြောင့် အဆုံးပိုင်းမှာ အရှေ့တိုင်းနိုင်ငံတွင် သူ့သမီးများ ထက်လှပချောမောသူမရှိပါ။အရင်ကထက် နှစ်ဆ ကောင်းကြီးပြန်ပေးပါသည်။
မိတ်ဆွေ  .... သင်ဘုရားသခင်နှင့်မွေ့လျော်ပြီး၊ဘုရားနှင့်အတူအသက်ရှင်လျှောက်လှမ်းတော့မယ် ဆိုရင် စုံစမ်းနှောက်ယှက်ခြင်းဝင်လာမည် ကိုသတိပြုပါ။ခရစ်တော်ကိုယ်တိုင် ရက်ပေါင်း ၄၀ အစာရှောင်ပြီးတဲ့အခါ စုံစမ်းသွေးဆောင်ခြင်းကိုရင်ဆိုင်ကြုံတွေ့ရသည်။ယောဘကဲ့သို့ စုံစမ်းခြင်းကို ကျော်လွှားနိုင်ဖို့ ဘုရားထံခွန်အားတောင်းခံပါ။
သင်သည် ဘုရားမနှစ်သက်သည့်အရာ ဘာမှမပြုဘဲ၊ဘုရားဝတ်၌ မွေ့လျော်လာချိန် စုံစမ်းခြင်း၊အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေ   ပြီဆိုရင်ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ...အဲဒီစုံစမ်းခြင်းသည် စာမေးပွဲဖြေနေခြင်းပင်ဖြစ်သည်... ထိုစုံစမ်းခြင်းနောက်မှာ   ကောင်းကြီးမင်္ဂလာ ပါလာသည်ကိုသတိပြုပါ။ (ရှင်ယာကုပ်၊ ၁း၂-၄)
ဆုံးမခြင်း 
ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတ်၏။နှစ်သက်တော်မူသော သားကိုဒဏ်ခတ်တော်မူတတ်၏ (သု၊၃း၁၂)
ယုံကြည်သူများ ဘုရားမနှစ်သက်သောအမှု့ကိုပြုသောအခါ ထာဝရဘုရားဆုံးမတော်မူခြင်းကိုခံရတတ်ကြောင်းနှုတ်ကပတ်တော်က   ဖော်ပြပါသည်။မိတ်ဆွေ ... . သင်ပြဿနာဒုက္ခနှင့်တွေ့ကြုံလာရသောအခါ မိမိကိုယ်ကိုစစ်ဆေးပါ...
မိမိသည် ဘုရားမနှစ်သက်သောအရာများ၌အသက်ရှင်မိလို့ ဖြစ်ပါက ချက်ခြင်းဝန်ခံလိုက်ပါ။ဒူးထောက်လိုက်ပါ။အဲဒီအရာကြောင့်  စိတ်လည်းမပျက်ပါနှင့်။
ငါ့သားထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ (သု၊ ၃း၁၁)။
ချစ်သောညီကိုမောင်နှမများ..... သင်ဘာကြောင့် တစ်ချိန်လုံးပြဿနာကြီးနှင့်ကြုံနေရသလဲ။လုပ်သမျှအကျိုးမပေး၊မအောင်မြင်   ဖြစ်နေရတာလဲ။အဲဒီအဖြေကို မှန်ကန်စွာမတွေ့မခြင်း ပြဿနာနှင့်တ၀ဲလည်လည်ဖြစ်နေအုံးမည် သေချာသည်။
ကိုယ်လုပ်တဲ့ ဒုစရိုက်ကြောင့်ဖြစ်နေတယ်ဆိုရင် ချက်ခြင်းဒုးထောက်ပြီးဝန်ခံ၊စွန့်လွှတ်လိုက်ပါ.. အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရား၏ငြိမ်သက်ခြင်း၊ထွက်မြောက်ရာလမ်းကို တွေ့ရမည်ဖြစ်ပေသည်။
ဘုရားနှင့်အတူသွားလာပါလျက်ဖြစ်နေပါက ကျေးဇူးတော်ချီးမွမ်းပြီး ဘုရားထံခွန်အားများတောင်းခံပါ... ခွန်အားနှင့်ပြည့်စုံစေတော်  မူသောခရစ်တော်အားဖြင့်တတ်နိုင်မည်ဖြစ်သည်။ထိုစုံစမ်းခြင်းနောက်မှာ ကြွယ်ဝသောကောင်းကြီးက သင့်ကိုစောင့်လျက်ရှိပါသည်။
သိပ်ဝမ်းနည်းစရာကောင်းသည်မှာ ယုံကြည်သူများက မိမိအမှားကိုမမြင်ဘဲ ဘုရားကကောင်းကြီးပေးချင်လို့ ဖြစ်တယ်လို့ အမြင်မှား  ဘဲဖြစ်ပါတယ်။မိမိအမှားကို မ၀န်ခံဘဲ ချီးမွမ်းနေလည်းဘာမှအကျိုးမရှိပါဘူး။
မိတ်ဆွေ..... ဘုရားသခင်၏စုံစမ်းစစ်ဆေးခြင်းလော.... ဆုံးမခြင်းလော..... မိမိကိုယ်ကိုစစ်ကြောလျက်  မှန်ကန်စွာမြင်တတ်၍  ဘုရားသခင်၏ကြွယ်ဝသောကောင်းကြီးမင်္ဂလာကိုခံစားနိုင်ကြပါစေလို့  မေတ္တာဖြင့်ဝေငှပါသည်...

စာဖရှုသူအယောက်တိုင်းကို ဘုရားသခင်ကောင်းကြီးပေးပါစေသော....................
နာမတော်မြတ်၌....

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )