22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, December 14, 2011

စအိုကျွံနာ

စအိုကျွံနာ
ဆောင်း၏နံ နက်ခင်းက အေးမြစပြု လာပြီ။ အအေး ကြိုက်သော ဒေါက်တာ ဇင် အတွက် သက်တောင့် သက်သာ ရှိသော ရာသီ ဥတု အနေ အထားဖြစ်နေပါသည်။ နံ နက်စောစောရောက်လာသော ခွေးက အယ်လ်ဇေးရှင်းခွေး ထီးကြီး တစ်ကောင်။
"ဒေါက်တာ့ကို မရိုသေစကားပြောရ ဦးမယ်။ သူ့ရဲ့ ရွှေဥကြီးနှစ်ခုစလုံးရောင် နေတယ်။ အနာလည်းဖြစ်နေတယ်"
"အနာကိုကြည့်ရအောင် အမြီးကိုင် ထားပါလား"
အယ်လ်ဇေးရှင်းခွေးကြီးရမ်ဘိုက ဇင့် စကားကိုနားလည်သည့်အလားဆေးခန်း ကြမ်းပြင်မှာထိုင်ချလိုက်ပါသည်။ သူ့သခင် က အမြီးကိုင်ရန်လက်ရွယ်ရုံသာရှိသေး သည်။ သူက အမြီးတုတ်တုတ် အမွေး ဖွားဖွားကြီးကို ပေါင်နှစ်ခုကြားမှာ ညှပ် ကာ အနာကိုဖွက်ထားလေသည်။
"ရမ်ဘိုက အရမ်းလည်တာဒေါက် တာရေ။ ကျွန်တော်သူ့ကိုစားပွဲပေါ်တင် ပေးပါ့မယ်။ ဒါမှ ဒေါက်တာကြည့်လို့ရမှာ"
ရမ်ဘိုစားပွဲပေါ်ရောက်မှ သူ့အမြီး ကို လက်အိတ်စွပ်ထားသော လက်နှင့် ကိုင်၍ မြှောက်ကြည့်ပြီးအနာကို စစ်ဆေးရလေ သည်။ သူ့အမြီးမှာ အနာမှထွက်လာ သော သားနံရည်နှင့်သေးနံ့တို့ရောပြီး နံစော်နေ သည်။ သူ၏ ဥကြီးနှစ်ခုလုံးမှာ အရေ ပြားယားနာရှိနေပြီး အသားနီလန်နေ သည်။
"သူ့ကိုဆေးထိုးပေးလိုက်မယ်။ လိမ်း ဆေးတွေလည်းလိမ်းပေးရမယ်။ အမြီးကို ခဏကိုင်ထားနော်"
ဒေါက်တာဇင်သည် ရမ်ဘို၏ ပေါင် ထဲသို့ ဆေးထိုးရန် ခေါင်းငုံ့လိုက်စဉ် ပိုင် ရှင်ကိုင်ထားသော အမြီးက လက်ထဲမှ လွတ်ထွက်ပြီး ဇင့်ဦးခေါင်းကို အမြီးနှင့် ရိုက်လိုက်သလိုဖြစ်သွားသည်။
"ဟယ် ဒေါက်တာ့ကိုအားနာလိုက် တာ"
ဒေါက်တာဇင်သည် လက်ဆေြးွေက ကန်သို့ ကပျာကယာပြေးကာ မျက်နှာ သစ်ပစ်လိုက်သည်။ ရမ်ဘို၏ အမြီးက ဇင့်နဖူးစပ်ကို ထိသွားသည်ဟုထင်နေ သည်။ သူတို့အားလုံးပြန်သွားမှ ဇင့်ဆံပင် က အနံ့တစ်ခုရလာသည်။ ထိုအနံ့သည် ရမ်ဘို၏ အမြီးကိုကိုင်ပြီးစစ်ဆေးစဉ်က ရခဲ့သည့် နံစော်သောအနံ့။ "ရှောင်ရေ ဆရာမရဲ့ဆံပင်မှာ အနံ စွဲနေတယ်။ ခေါင်းသွားလျှော်မှဖြစ်တော့ မယ်။ သိပ်မကြာပါဘူး"
"ဟုတ်ကဲ့ ဆရာမ"
ဒေါက်တာဇင်သည် ဆေးခန်းနှင့် မလှမ်းမကမ်းရှိဗြူတီဆလွန်းသို့ခပ်သုတ် သုတ်လျှေက်သွားပြီးခေါင်းလျှော်ရပါသည်။ နှလုံးရောဂါသမားမို့ ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ ခြင်ဆေးနံ၊ စူးရှသောပန်းရနံ့များကိုမခံနိုင် သည့်အပြင် မီးခိုးနံ့၊ ဓာတ်ဆီနံ့မှ အစပြု ၍ ဆိုးရွားသောအနံ့များကိုလည်းမခံနိုင်သ ဖြင့် ချက်ခြင်းခေါင်းလျှော်ရခြင်းဖြစ်သည်။ အင်္ကျီလုံခြည်များမှ ပေကျံလျက်အဝတ် အစားလဲနိုင်ရန် သုံးလေးစုံဆောင်ထားပါ သည်။ ခြေလက်များမှ ပေကျံလျှင်ဆေး ကြောပစ်၍ရနိုင်သော်လည်း ဦးခေါင်းထက် က ဆံပင်ကိုတော့ လျှော်မှရတော့မည်။ ဆေးခန်းသို့ ဇင်ပြန်ရောက်လာတော့ အမျိုး သမီးတစ်ဦးစောင့်နေသည်။
"ရောက်နေတာကြာပြီလားဟင်"
"မကြာသေးပါဘူး ဆရာမ"
သူက ဆေးကုစားပွဲပေါ်သို့ အဖုံးပါ သော ဆွဲခြင်းတစ်ခုတင်လိုက်ပြီး အဝတ် ပိုင်းတစ်ခုကိုစားပွဲပေါ်ခင်းလိုက်ပါသည်။ ထို့နောက် လက်ကိုင်အိတ်ထဲမှ တစ်ခါ သုံးလက်အိတ်နှစ်ခုကိုထုတ်ကာ သူ့လက် နှစ်ဖက်မှာစွပ်လိုက်သည်။
"ဆရာမရေ ကြောင်က ဝမ်းတွေ လျှောနေလို့လာပြတာပါ။ အရမ်းအနားနာ ပါတယ်။ အမြီးတွေမှာလည်းပေနေတယ်။
ဒေါက်တာဇင်နှင့်ရှောင်ရဲ့ကျူသည် ထိုသတိပေးစကားကိုကြားလိုက်ရသည် နှင့်တပြိုင်နက် ခွဲစိတ်ခန်းသုံးဦးထုပ် ဆောင်း၍ ဆံပင်ကိုသိမ်းလိုက်သည်။ ကြောင်ပိုင်ရှင်ကဲ့သို့ပင် တစ်ခါသုံးလက် အိတ်ကိုယ်စီစွပ်ပြီး အသင့်ပြင်ထားရ သည်။ ခြင်းတောင်းအဖုံးကို ဖွင့်ပြီး ကြောင်ကိုငုံ့ကြည့်သောအခါ အမြီးနှင့် ခန္ဓာကိုယ်အနောက်ပိုင်းတွင် အညစ်အ ကြေးများနှင့်အလူးလူးအလိမ်းလိမ်းဖြစ်နေ သည်ကိုတွေ့ရပါသည်။
"ဆရာမတို့ကို အားနာလို့ရေနဲ့ဆေး ပြီးအဝတ်နဲ့ သုတ်ခဲ့သေးတယ်။ အခု မြင် ရတာက လမ်းမှာဝမ်းတွေထပ်သွားထား လို့ဖြစ်မယ်။ ပြီးတော့ သူ့ရဲ့ အနောက်က ဘာကြီးလဲမသိဘူးထွက်နေလို့"
"ဆရာမ၊ သမီးသူ့ရဲ့ အမြီးကိုကိုင် ထားမယ်"
မကြာသေးမီက ခေါင်းလျှော်ထားရ တာ အဖြစ်အပျက်ကို ပြန်တွေးကာ ဒေါက်တာဇင်နှင့် ရှောင်ရဲ့ကျူတို့နှစ် ယောက်စလုံးအကြီးအကျယ်ဟန်ပြင်ထား ကြသည်။
"ဟင်ကြောင်က စအိုကျွံနာတောင် ဖြစ်နေပါလား"
"ဘာဖြစ်တာလဲဟင် ဆရာမ"
"ဝမ်းလျှောလွန်းလို့ စအိုအိမ်ကြီးကျွံ ထွက်လာတာပေါ့။ ဆေးပညာအခေါ်က တော့ Anal Prolapse လို့ခေါ်တယ်"။
"အဲဒါဘယ်လိုလုပ်ရမလဲ ဆရာမ"
"မေ့ဆေးပေးပြီးပြန်ထည့်ရမယ်။ အော်ဒါနဲ့ ကြောင်ကို အစာကျွေးထားသေး လား"
"မကျွေးထားပါဘူး ဆရာမ။ မနေ့ ညကတည်းက သူဘာမှမစားနိုင်ပဲစအိုကို ပြန်လျက်နေတယ်"
"ဒါဆိုအဆင်ပြေတာပေါ့။ ရှောင် ရေအော်ပရေးရှင်းလုပ်ဖို့ ပြင်ကြရအောင်"
စအိုအိမ် ( Rectum) ၏ နောက် ဆုံးပိုင်းသည် စအိုဝမှ အပြင်သို့ လုံးဝကျွံ ထွက်နေခြင်းကိုစအိုကျွံနာဟုခေါ်သည်။ ထွက်နေသော စအိုအမ်သည် ဆလင်ဒါ ပုံ ခပ်လုံးလုံးရှည်ရှည်ဖြစ်ပြီး နီရဲရောင် ရမ်းနေသည်။ အချို့နေရာများတွင် သွေး ထွက်သောဒဏ်ရာကိုတွေ့ရမည်။
စအိုကျွံနာသည် ငယ်ရွယ်သော တိရိစ္ဆာန်များ အထူးသဖြင့် သန်ကောင် များစွာစွဲကပ်နေသော တိရစ္ဆာန်များတွင် မကြာခဏတွေ့ရတတ်သည်။ ထိုတိရစ္ဆာန် များတွင် ပရိုတင်း၊ ဗီတာမင်နှင့်အရည် ဓာတ်များလျော့ကျနေလေ့ရှိသည်။ ထိုတိ ရစ္ဆာန်များသည် အူရောင်ခြင်းဖြစ်လာ သောကြောင့် ဝမ်းပျက်ဝမ်းလျောခြင်း၊ စအို အိမ်ထဲမှာ အရာဝတ္ထုတစ်ခုခုပိတ်ဆို့နေ ခြင်း၊ စအိုအိမ်စုတ်ပြဲခြင်းတို့ကြောင့် တိရ စ္ဆာန်အမများသည် မွေးဖွားရန်သားအိမ် ကို ညှစ်ရာမှ စအိုကျွံခြင်းလည်းဖြစ်တတ် သည်။ အသက်ကြီးသော ခွေးထီးများ သည် ပရော့စတိတ်ဂလင်းရောင်ခြင်း ကြောင့် စအိုကိုညှစ်ရင်း စအိုကျွံတတ်ပေ သည်။
အရွယ်"ရောက်သေးသော တိရစ္ဆာန် ငသယ်များတွင်ပိုမိုတွေ့ရသည်။
စအိုကျွံနာဖြစ်လာသောအခါ စအို အိမ်သည် လုံးဝကျွံထွက်လာပြီးဆလင်ဒါ ပုံစံအဖြစ် စအိုဝမှ ထွက်ပေါ်လာသည်။ အရောင်သည် နီညိုရောင်အဖြစ်ပြောင်း လဲသွားမည်။ ကျွံထွက်နေသောအပိုင်းမှာ ပွန်းပဲ့သောအနာများဖြစ်လာတတ်သည်။
"တော်ပါသေးရဲ့ ဆရာမရယ်၊ ဟို ရက်ပိုင်းတွေထဲက သူဝမ်းသွားရင် သန် ကောင်တွေပါနေတယ်။ ဆေးခန်းပြမယ် ပြမယ်နဲ့ မပြဖြစ်လို့ အခုဒီအခြေအနေ ရောက်သွားရတာ"
ကြောင်ပိုင်ရှင်က အော်ပရေးရှင်း လုပ်ပြီးသွားသောကြောင်ကို ခြင်းတောင်း ထဲထည့်ရင်းပြောရှာပါသည်။ ဒေါက်တာ ဇင်သည်။ အော်ပရေးရှင်းလုပ်ထားသော တိရစ္ဆာန်အတွက်မှာကြားသင့်သည်များကို ပြုမြဲဝတ္ထရားအတိုင်းမှာကြားနေပါသည်။ စအိုကျွံနာဖြစ်သောကြောင်အတွက် ကျွေးရမည့်အစားအစာများကိုသီးသန့် ထပ်ပြောရသည်။ ထိုစဉ်ဒေါက်တာဇင်၏ လက်ကိုင်ဖုန်းက အသံမြည်လာသည်။
"ဟဲလို"
"ဒေါက်တာလား ကျွန်မ မနွယ်ပါ"
"အော်ဟုတ်ကဲ့၊ မနွယ်ပြောပါရှင်"
"ဒေါက်တာရေ ကျွန်မရဲ့ကြောင် တော့ အော်ပရေးရှင်းလုပ်ရလိမ့်မယ် ထင် တယ်"
"ဘာများဖြစ်လို့ပါလိမ့်"
"လိပ်ခေါင်းဖြစ်နေလို့ဒေါက်တာရေ။ ဖြစ်တာတော့ နှစ်ပတ်လောက်ရှိပြီ။ အစ ကကိုယ့်ဖာသာပြန်ထည့်လိုက်တာဝင်သွား တယ်။ ပြီးတော့ ပြန်ကျွံတယ်။ အဲဒီလို ကျွံလိုက်ထည့်လိုက်လုပ်နေတာ ၃ ခါရှိ ပြီ။ ဒီတစ်ခါတော့ ဘယ်လိုမှထည့်လို့မရ တော့ဘူး"
သူ့စကားကိုဇင်က ငြိမ်၍ နားထောင်နေမိသည်။
"ကျွန်မအခုထွက်လာရင် အချိန် တစ်နာရီခွဲလောက်ကြာမှ ဒေါက်တာ့ဆီ ရောက်မှာမို့ကြိုပြီးဖုန်းဆက်တာပါ။ နေ့ လည်ထမင်းစားနားချိန်နဲ့နီးသွားမလားလို့"
"ရပါတယ်။ မနွယ်လာရတဲ့ခရီးက ဝေးတာကိုး၊ အားမနာပါနဲ့"
တစ်နာရီခွဲလောက်အကြာမှာ မနွယ် ရောက်လာပါသည်။ မနွယ်၏ ကြောင်ကို ကြည့်လိုက်တော့ စအိုကျွံနာက အတန် ငယ်ရှည်လျားနေသည်ကိုတွေ့ရသည်။ အ ပြင်သို့ထွက်နေသော အစိတ်အပိုင်းမှာ နီ ညိုရောင်ဖြစ်နေပြီး အဆမတန်ရောင်နေ သည်။
"စဖြစ်ကတည်းက လာလိုက်ရော ပေါ့မနွယ်ရယ်။ အခုတော့ အပ်နဲ့ထွင်းရ မယ့်နေရာမှာ ပုဆိန်နဲ့ ထွင်းရတော့မယ်။ မေ့ဆေးပေးပြီး ရိုးရိုးပြန်သွင်းလို့မရတော့ ဘူး။ ဗိုက်ခွဲပြီး အထဲကနေ အူမကြီးကို ဆွဲရမှာ" "ဟုတ်ပါတယ်။ ဒေါက်တာရယ်၊ ဒေါက်တာသိတဲ့အတိုင်းပဲ။ မနွယ်က အဝေးကလာရတာဆိုတော့"
မနွယ်က စကားတစ်ဝက်တစ်ပျက် နှင့်ရပ်ထားလိုက်သည်။ ဒေါက်တာဇင် သည် အော်ပရေးလုပ်ရန်ပြင်ဆင်ရင်း စအို ကျွံနာအကြောင်းကို မနွယ်အားရှင်းပြနေ မိပါတော့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )