22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, December 15, 2011

သိသင့်သော အချက် ၂၅ ချက် ..



၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။


၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး
မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။


၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။


၎။ သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆိုရင်
သူကသင့်ရဲ့ မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။


၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။ ရန်ဖြစ်တဲ့
ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။



၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲဘယ်လိုရှာရှာမတွေ့ဘူး။
ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာ ပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာ သင့်နံဘေးမှာပါ။


၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့်
မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။


၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။
ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။


၉။ လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီးစာမေးပွဲကြီးလေးခုမှာ
ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ
ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။


၁၀။ ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။
ငါးလေးက ရေထဲမှာနေလို့ပါ။ ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးက ရေရဲ့
ရင်ထဲမှာရှိလို့တဲ့။


၁၁။ လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။


၁၂။ တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကို
နှစ်သက်နိုင်တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။ ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွားပေမဲ့
သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။


၁၃။ သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။


၁၄။ ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့် ရတယ်။


၁၅။ ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။


၁၆။ ပျော်ရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။
Sorrw share is sorrow half, Joy share is Joy double.


၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။


၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။
မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ရှာပါ။


၁၉။ သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။


၂၀။ ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။
ပြန်စဖို့ သတ္တိမရှိတာပါ။


၂၁။ အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို
ဘယ်သူက ငြီးငွေ့မှာလဲ။


၂၂။ လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။


၂၃။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို စိတ်ညစ်လဲ တစ်ရက်
ပျော်လဲတစ်ရက်ပေါ့။ တစ်ခုခုကို သင်ရင်ဆိုငိတဲ့အချိန်မှာသင်ရင် ဆိုင်နိုင်တဲ့ သတ္တိကမျှတနေမယ်
ဆိုရင် သင်လဲပျော်မယ်စိတ်လဲချမ်းသာမယ်။


၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံး ပါ သင်အတ္တကြီးနေမယ်ဆိုရင်
သင်ပိုင်ဆိုင်ထားတာတောင်ဆုံးရှုံးနိုင်ပါတယ်။


၂၅။ အချစ်မှာလိုအပ်တာ ပွင့်လင်းမှု၊ အချေအတင်ဖြစ်ပြီဆိုရင် ညှိုနှိုင်းရမယ်။စိတ်တိုတဲ့အချိန် မှာ
စိတ်ကို အေးအေးထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )