22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, January 12, 2012

ယုံကြည်ခြင်းမျိုးစေ့

"မောရှေကိုဘွားမြင်ပြီးမှ အဆင်းလှသောသူငယ်ဖြစ်သည်ကို မိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်းအား ဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။" ဟေဗြဲ ၁၁း၂၃
မောရှေသည်မွေးကတည်းကအဆင်းလှသည်။ မိဘတို့သည်ယုံကြည်ခြင်းဖြင့်(၃)လကြာအောင်ဖွက်ထားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော်မောရှေသည်ခေတ်မကောင်းသောအချိန်ကာလတွင်မွေးဖွားလာသောသူဖြစ်သည်။ ဣသရေလသမိုင်းတွင်ဣသရေလလူတို့အဲဂုတ္တုတွင်ရှိစဉ်ယောသပ်လက်ထက်၌ကောင်းစားခြင်းသို့ရောက်ခဲ့ကြသော်လည်းနောက်ပိုင်းတက်လာသောဖာရောဘုရင်တို့သည်ယောသပ်ကို၎င်း၊ ယောသပ်ပြုသောကျေးဇူးများကို၎င်းမသိကြသောကြောင့်ဘ၀အမှောင်ကျခဲ့ကြရသည်။ အမှောင်ဘယ်လောက်ဘဲကျကျ၊ စာတန်ဘယ်လောက်ပင်ဆီးတားစေကာမူ ဘုရားသခင်၏လူတို့ (ဘုရားသခင်၏အသင်းတော်) သည်တိုးပွားစမြဲဖြစ်သည်။

ဟေဗြဲဝမ်းဆွဲသည်မနှစ်ဦး
စာတန်သည်မယုံကြည်သူတို့ကိုအသုံးချတတ်ရုံမျှမကယုံကြည်သူတို့ကိုလည်းအသုံးပြုတတ်သည်။
ယခုဟေဗြဲဝမ်းဆွဲသည်မနှစ်ဦးကိုကားစာတန်အသုံးမပြုနိုင်။ ကြိုးမဆွဲနိုင်ကြ။ အဘယ်ကြောင့်နည်းဟူမူကားထိုမိန်းမနှစ်ဦးသည်ပြင်းထန်သောဖာရောဘုရင်၏အမိန့်ထက်ဘုရားသခင်ကိုပို၍ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ဘုရားသခင်၌သာရပ်တည်ပြီးဘုရားကိုသာယုံကြည်သည်။
"၀မ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည် အတိုင်းမပြု၊"(ထွက် ၁း၁၇)
"ထိုကြောင့်ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီး ကြလေ၏။ ၀မ်းဆွဲမတို့သည် ဘုရားသခင် ကိုကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကိုပြုစုတော်မူ၏။" (ထွက် ၁း၂၀-၂၁)
ဘုရားသခင်ကိုကြောက်ရွံ့နာခံသောသူတို့ကြောင့်ဘုရားသခင်၏လူမျိုးတော်(အသင်းတော်၊ နိုင်ငံတော်)သည် တိုးပွားခြင်းရှိလာသည်။ ခက်ခဲသောကာလတွင်ပြုစုသောဘုရားလက်တော်ကိုမြင်တွေ့ရသည်။
ဘုရားသခင်အားယုံကြည်ပါ၊ ကြောက်ပါ၊ စိတ်ချပါ၊ ဘုရားမျက်နှာသာပေးခြင်းသက်ရောက်လာမည်။

တိုးပွားခြင်းကြောင့်(၂)နှစ်အောက်ကလေးများကိုသတ်စေကြသည်။ စာတန်သည်မျိုးပြုတ်စေရန်ကြံစည်သည်။ ယနေ့တွင်လည်းမယုံကြည်သူနှင့်ပေါင်းသင်းခြင်းအားဖြင့်ယုံကြည်သူမျိုးပြုတ်စေရန်စာတန်၏ကြံစည်မူကိုသတိပြုတတ်ရမည်။

မောရှေမိခင်
ကလေးငယ်ကို(၃)လက်ထက်ပိုပြီးမဖွက်နိုင်ခဲ့။ ယုံကြည်ခြင်းဖြင့်အဖိုးအခ(၃)လသာပေးခဲ့သေည်လည်းကြဲသောမျိုးစေံသည်များစွာအပင်ပေါက်လာသည်။ ယုံကြည်ခြင်းဖြင့်သင်မြုတ်နှံသောမျိုးစေ့ပမာဏသည်သေးငယ်သော်လည်းတိုးပွားစေသောအရှင်သည်ဘုရားသခင်ဖြစ်သည်။ ကြဲလိုက်သောမျိုးစေ့တစ်စေ့အားဖြင့်အသီးများစွာပွားလာသည့်နှယ်ဖြစ်သည်။
ဘုရားသခင်သည်ကျွန်ုပ်တို့အားစိုးစံရသောအခွင့်ကိုအပ်ပေးသောဘုရားဖြစ်သည်။
မောရှေသည်ကျွန်မျိုးဖြစ်သည်။ ကျွန်မိဘနှစ်ပါးမှမွေးဖွားလာသည်။ သို့သော်မိခင်ဖခင်၏ယုံကြည်ခြင်းကြောင့်မင်းသားဘ၀သို့ရောက်ရှိခဲ့သည်။

ယာကုပ်ဘ၀နှင့်ဘုရား၏အမွေကိုခံလို့မရပါ။ ဣသရေလ(ဘုရားသခင်၏မင်းသား)ဘ၀သို့ရောက်မှဘုရားနှင့်စပ်ဆိုင်သောကောင်းကြီးများကိုခံစားရသည်။
ကျွန်ုပ်တို့သည်သားဦးအရာကိုရထားသူများဖြစ်သည်။
မင်းစည်းစိမ်ရှိသောယဇ်ပရောဟိတ်မျိုးလည်းဖြစ်ကြသည်။
မင်းသားနေရာမှာနေ၍တစ်လောကလုံးကိုဦးဆောင်ရမည့်သူများဖြစ်သည်။
ကျွန်ုပ်တို့သည်အခန်းတစ်ခု၏အလင်းသာမဟုတ်၊ မြို့တစ်မြို့လည်းမကဘဲလောက၏အလင်းဖြစ်ကြသည်။
ဆားမပါလျှင်အရာရာပေါ့ပျက်လျှက်အရသာမဲ့ပြီး ဆားပါမှအရသာရှိလာသကဲ့သို့ကျွန်ုပ်တို့သည်လောကအတွက်အရသာရှိ၊ အဓိပ္ပါယ်ရှိသောသူများဖြစ်ကြရမည်။

မောရှေမိခင်၏ယုံကြည်ခြင်းကြောင့်ဖာရောဘုရင်၏သမီးတော်လက်ထဲသို့မောရှေရောက်ရသည်။ ထို့အပြင်မောရှေအားပြုစုရန်၊ နို့တိုက်ရန်မောရှေမိခင်ကိုပင်လစာပေး၍ခန့်အပ်သေးသည်။
ယုံကြည်ခြင်းရှိလျှင်မိမိသားသမီးကြောင့်ကောင်းကြီးခံစားရသည်။
နို့ကွာသောအခါနန်းတော်သို့ပို့ရသည်။
ယုံကြည်ခြင်းဖြင့်၃လတာဖွက်ထားပြီးနို့ကွာသည့်အချိန်အထိပြုစုသောမျိုးစေ့သည်အလွန်တိုးပွားသည်။
"မောရှေသည် အသက် အရွယ်ကြီးသောအခါ အပြစ်ရှိသောကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို သာ၍အလိုရှိသဖြင့်င်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏ သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့် ကိုပယ်၏။ အကြောင်းမူကား၊ နောက်ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။
ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏၊ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရား သခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။"(ဟေဗြဲ ၁၁း၂၅-၂၇)
မောရှေသည်လည်းရှင်ဘုရင်ကိုမကြောက်ဘဲနောက်ရမည့်အကျိုးကိုထောက်စာမျှော်လင့်သောသူဖြစ်လာသည်။ အဲဂုတ္တုမင်းသားတစ်ပါးအနေနှင့်လိုချင်သမျှကာမဂုဏ်စည်းစိမ်မှန်သမျှကိုရနိုင်သော်လည်း၊ ကောကီစည်းစိမ်ပျော်မွေ့ခြင်း၊ အာဏာနှင့်ယဇ်မူးခြင်းများတွင်နေနိုင်သော်လည်းဘုရားသခင်အတွက်အစေခံဘို့နှလုံးသားသူ့တွင်ကိန်းအောင်းလာသည်မောရှေအားဖြင့်ကျွန်ခံသူယောင်္ကျား(၆)သိန်း၊ စုစုပေါင်းသိန်း(၂၀)ကျော်သည်ကျွန်ဘ၀မှလုံးဝလွတ်မြောက်လာသည်။
ထို့ကြောင့်ဘယ်အမျိုးကမွေးလာသလဲ? ဘယ်ဒေသကလာသလဲ?
ဘုရားသခင်အတွက်ပြဿနာမရှိ။
ယုံကြည်ခြင်းရှိသောသူ(ဘုရားသခင်ကိုလုံးဝယုံကြည်စိတ်ချတတ်သောသူ)ဖြစ်ဘို့သာအရေးကြီးသည်။ ဘုရားသခင်သည်ကြီးမားသောအမှုကိုပြုမည်။
ယနေ့ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ဘုရားသခင်အားစိတ်ချကိုးစားခြင်းအားဖြင့်စာတန်၏ကျွန်ဘ၀မှလူသားများကိုလွတ်မြောက်စေရမည်။
ယုံကြည်ခြင်းဖြင့်စိုက်သောအရာသည်သားစဉ်မြေးဆက်ရိတ်သိမ်းရမည့်အရာဖြစ်သည်။

Sia U Kyaw Min(Open Door Christian Church, N/Okalapa, Yangon)@FGWC on 8th Jan 2012


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )