22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 23, 2012

စိတ်ဖြင့် သဘောတူခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် ဆန့်ကျင်ဖက်ဖြစ်၏

ယုံကြည်ခြင်းသည် အသိစိတ်ထဲမှ မလာဘဲ နှလုံးသားထဲမှ လာပါသည်။ ဘုရားသခင်ကို သင် ယုံကြည် သောအခါ သင်၏ ဉာဏ်ပိုင်းက အချို့သော အချက်များ မှန်ကန် ကြောင်းကို လက်ခံသည်။ ဥပမာ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်ကြောင်း သုံးရက်မြောက်သော နေ့တွင် ယေရှုသေခြင်းမှ ထမြောက်ကြောင်း၊ တမန်တော်များသည် ယေရှု နာမဖြင့် နိမိတ် လက္ခဏာ များကို ပြုလုပ်ကြောင်း သင် ယုံကြည်သည်။ ထိုအရာများ မှန်ကြောင်းကို သင်သိသည်။ ထိုအချက် အရေးကြီးသော်လည်း ၄င်းတို့ကို သိရုံဖြင့် မလုံလောက်ပါ။ ယုံကြည်ခြင်း ရှိသည်ဆိုခြင်းမှာ သီသြလော်ဂျီဆိုင်ရာ (သို့) ကျမ်းစာဆိုင်ရာ အဆိုပြုချက်များ မှန်ကန်ကြောင်း သဘောတူရုံ သက်သက်မဟုတ်ပါ။ ထို့ထက် ပိုပါသည်။ ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်ကို ကိုးစားခြင်း၊ ကောင်းသော အရာအားလုံးကို ကိုယ်တော့်ထံမှ မျှော်လင့်ခြင်း၊ ကိုယ်တော်နှင့် မိတ်သဟာရ ဖွဲ့ခြင်းနှင့် စကားတော်ကို လိုလားစွာ နာခံခြင်းဖြစ်သည်။
          ယာကုပ် ၁း၂၂ က”ကိုယ့်ကိုကိုယ် လှည့်ဖျား၍ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူ ဖြစ်ကြလော့”ဟုဆိုသည်။ တနည်းအားဖြင့် နှုတ်ကပတ်တော်ကို ကြားရသော်လည်း လှည့်စားခံရပြီး သဘာဝထက် လွန်ကဲသော ရလဒ်များ မမြင်ရဘဲ နေနိုင်ပေသည်။   
          ဤအရာ မည်သို့ ဖြစ်ပျက်သနည်း။ နှုတ်ကပတ်တော်ကို ကြားနာ၍ စိတ်ဖြင့် သဘော တူသော်လည်း နှလုံးသားဖြင့် ဆုပ်ကိုင်၍ လက်တွေ့လုပ်ဆောင်မှု မရှိသောကြောင့် ဖြစ်သည်။ ဤအရာ မည်သို့ ဖြစ်ပျက်သနည်း။ နှုတ်ကပတ်တော် ကျွန်ုပ်ဆီသို့ ရောက်လာသောအခါ စိတ်ထဲသို့ ရောက်ရှိသည် “ဟုတ်တယ်၊ ဒါမှန်ပုံရတယ်။” ဟုဆိုသည်။ ကျွန်ုပ်သဘောတူလျက် ခေါင်းငြိမ့်ပြီး `ဟာလေလုယာ` ဟုပင် အော်နိုင် ပါလိမ့်မည်။ ထို့နောက် ကျွန်ုပ် အိမ်ပြန်၍ ထိုအရာ အားလုံးကို မေ့လိုက်ပြီး တကယ့် ကမ္ဘာ လောကတွင် အခြား စည်းမျဉ်းများကို လိုက်နာ တော့သည်။ နှုတ်ကပတ်တော်ကို ကြားနာ ရသော်လည်း ကျွန်ုပ် ကိုယ်ပိုင်အတွက် ဖြစ်သည်ဟု မခံယူပါချေ။
           သို့သော် ဘုရားသခင် စကားပြောသောအခါ သင့်ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောပါသည်။ သင့်အတွက် ဖြစ်ပြီး အခြားသူ တဦးအတွက် မဟုတ်ဘဲ ယခုနှင့် ဤနေရာအတွက် ဖြစ်သည်။ တခြားတနေရာ (သို့) တခြားအချိန်အတွက် မဟုတ်ပါ။ ဘုရားသခင် သင့်အသက်တာအတွက် ထားသော အကြံအစည် ရှိပါသည်။ ကိုယ်တော် သင့်ကို ကောင်းကြီး ပေး၍ အသုံးပြုလိုသည်။ ဤအချက်ကို သင် သဘော ပေါက်သောအခါ သင်၏ အတွင်းလူသည် ၄င်းကို ဆုပ်ကိုင်ပြီး အသက်တာတွင် သဘာဝထက် လွန်ကဲသောရလဒ်ကို တွေ့ရှိရမည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )