22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 16, 2012

မှန်ကန်သော သတင်းအချက်အလက်ကို နားထောင်ပါ

သင့်သည် မှားယွင်းသော သတင်း အချက် အလက်များ ရလာလျှင် ဆက်ကပ် အပ်နှံသော ခရစ်ယာန် ဖြစ်နေ ပါကလည်း မှားယွင်းသော ဆုံးဖြတ်ချက် များကို ချပေတော့မည်။
သင်သည် ရန်ကုန်မြို့သို့ သွားနေစဉ် လမ်းညွှန်ချက် တောင်းသော အခါ အခြားမြို့သို့ ရောက်ရှိစေမည့် သတင်း အချက် အလက်ကို ရရှိပါက သင် တစ်နေရာတွင် မှားယွင်း သွားပေပြီ။  တကယ်တော့ သင့်ကို လမ်းညွှန် လိုက်သူသည် စဉ်းစား တတ်၍ စေတနာ ကောင်းပြီး အမှန် တကယ် ကူညီလိုသောသူ တစ်ဦး ဖြစ်နိုင်ပါသည်။  ကျွန်ုပ်တို့သည် စေတနာ ကောင်းသော်လည်း နှုတ်ကပတ်တော်၌ တည်ကြည်သော သူများ (သို့) စိတ်နှလုံးကို အသစ်ပြုပြင် ခြင်း မရှိသေးသော သူများထံမှ မှားယွင်းသော သတင်း အချက်အလက် များကို ရရှိခဲ့ ကြသည်။ ထို အခြေအနေမျိုးတွင် မေးမြန်း ရမည့် မေးခွန်းမှာ "ထိုသူက အမှား လုပ်သလော" ဟူသော မေးခွန်း မဟုတ်ဘဲ "သင်ရရှိသော သတင်း အချက် အလက်သည် နှုတ်ကပတ် တော်နှင့် ကိုက် ညီပါရဲ့လား" ဟူ၍ ဖြစ်သည်။
ခိုင်မာစွာ အမြစ် စွဲနေသော ရိုးရာ အတွေး အခေါ် များနှင့် သြဝါဒ များသည် ကောင်းသလို ထင်ရ သော်လည်း နှုတ်ကပတ်တော် အလင်းတွင် မရပ်တည် နိုင်ချေ။ ဘုရားသခင်သည် သင့် အသိစိတ်ကို နှုတ်ကပတ် တော်နှင့် အမြစ်စွဲ စေလိုပြီး ဘုရား သခင်၏ အကြံ အစည် စိတ်ကူး များအတိုင်း စိတ်ကူး စေလိုသည်။ ထိုအချိန်မျိုးတွင် သင်သည် မှန်သော ဆုံးဖြတ်ချက်များကို ချနိုင်ပြီး ဘုရားသခင်၏ တန်ခိုးတော် ဖြေလွှတ်သည် ကို တွေ့ရှိ ခံစား ရလိမ့်မည်။
ဥပမာ ဘုရားသခင်သည် သင့်ဝိညာဉ်အား သူလုပ် စေလိုသော အရာ တစ်ခုကို ပြောဆို သော်လည်း ကိုယ်တော် ပြောသော အရာသည် သင့်ပတ် ဝန်းကျင် အခြေအနေနှင့် ဆန့်ကျင် နေသလို ထင်ရသည်။ အာဗြဟံ လည်း ထို့အတိုင်း ဖြစ်ပျက်ခဲ့သည်။ ဘုရား သခင်က သူ့မှာ သားတစ်ယောက် ရလာမည်ဟု ပြောသည်။ ထိုအရာသည် သဘာဝ အားဖြင့် လုံးဝ အဓိပ္ပါယ် မရှိချေ။ သူ၏ ကိုယ် ခန္ဓာ အသွေး အသားက ဘာပြော နေသနည်း။ “သင်အို လွန်းနေပြီ။“ သူ့ဇနီး စာရာ သည်လည်း အိုနေပြီ။ ထို့အပြင် သူတို့သည် သားသမီး တစ်ခါမျှ အထွန်းကား ဖူးချေ။ သူ၏ အသိ ဉာဏ်က ဘာကို ပြောနေသနည်း။ “ဒါမဖြစ်နိုင်ဘူး။ အာဗြဟံ၊ သင် ကိုယ့်ကိုကိုယ် အရူး လုပ်မနေနဲ့၊ ဒီလို ရူးမိုက်တဲ့ အတွေး မျိုးကို မေ့ပစ် လိုက်ပါ။ သင်ဟာ အမှန်တရားကို ရင်ဆိုင် ရမယ်။  သင်မြင်တဲ့ အရာကို ငြင်းပယ်လို့ မရဘူး။ ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး။" ဟူ၍ ပြောဆိုကောင်း ပြောဆို နိုင်ပါသည်။
မိမိ အသက်တာ ထဲတွင် ဇာတိ အသွေး အသား၏ ဆန္ဒနှင့် ခံစားမှု များက အားကြီး လွှမ်းမိုး နေပါလျှင် ၀ိညာဉ်က နှုတ်ခပတ်ကို ခံစားပြီး ကျွန်တော် တို့၏ စိတ်နှလုံးကို ပြန်လည် ပြောဆို တိုက်တွန်းသော အခါ ကျွန်တော် တို့သည် လျစ်လျှူ ရှုကာ ကျောခိုင်း အသက်ရှင် ကြမည် ဖြစ်သည်။ နှုတ်ခပတ်တော် ကို ၀ိညာဉ်ထဲက ခံစားပြီး တုန့်ပြန်ဘို့ ကြိုးစား လိုက်တိုင်း "မင်းရဲ့ ရူးမိုက်တဲ့ စိတ်ကူးတွေ အကြံညဏ် တွေကို စွန့်လွှတ် လိုက်ပါ" ဟူသော အသွေးထဲ အသားထဲက အသံတွေကို သင်ကိုယ်တိုင် အကြိမ် မည်မျှလောက် ကြားဘူးပြီးပါပြီလဲ။ ထိုအသံများကို ခံယူ နားထောင်လိုက်ပါက သဘာဝ ထက်လွန်ကဲသော အရာများကို လက်လွှတ် ဆုံးရှုံးသွားပါတော့မည်။ ထိုအရာများကို သင့်၏ အသက်တာထဲတွင် မခံစားရရန် သင်၏ အသွေး အသားများက အော်ဟစ် နေကြမည်သာ ဖြစ်သည်။
ကျွန်ုပ်တို့ အယောက်တိုင်း ထိုကဲ့သို့သော ခံစားမှုမျိုးကို တစ်ကြိမ်မဟုတ် တစ်ကြိမ် ရောက်ခံစား ဘူးကြပါလိမ့်မည်။  အဘယ် ကြောင့်နည်း။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ အသိ ဉာဏ်နှင့် နားလည် သဘော ပေါက်ပုံများက ကျွန်တော်တို့ကို လွှမ်းမိုး၍ အုပ်စိုး သွားသော သောကြောင့် ဖြစ်သည်။ သင်၏ စိတ်နှင့် သင်၏ အခြေ အနေများက "ကာယပိုင်း (သို့) လူမှုရေးပိုင်း" တို့တွင် သဘော တူညီ ကြသဖြင့် သင့် ဝိညာဉ် ထဲ၌ ဘုရားသခင် တည့်ပေးသော အရာသည် အနည်းစု ဖြစ်သွားပြီး ပယ်ဖျက်ခံရသည်။ ယခုတွင် ကြောက်ရွံ့ခြင်းနှင့် ပြည့်ဝ ရမည့် အစား သင်၏ စိတ်သည် နှုတ်ကပတ် တော်အားဖြင့် အသစ် ပြုပြင်ခြင်း ကို ခံရသည်။ ထို့နောက် ဘာဖြစ်လာ သနည်း။ အစပြု ရလျှင် ဟေဗြဲ ၄း၁၂ တွင် ပြောထား သလိုပင် ဝိညာဉ်နှင့် စိတ်ကို ပိုင်းခြားရ လွယ်ကူ လာသည်။ ကွဲပြားသော သြဇာ လွှမ်းမိုးမှုများ ဘယ်ကလာသည်ကို သင်တွေ့ရှိ လာလိမ့်မည်။
              ဒုတိယ အနေဖြင့် သင်၏ အတွင်း လူသည် နှုတ်ကပတ် တော်ကို ပြောဆို လာသောအခါ သင်၏ စိတ်သည် ဘုရားသခင် ပြောမည့် အရာကို နားထောင် တတ်လာသည်။ ထို့နောက် ဆုံးဖြတ်ချက်ချရန် လိုအပ်သော အခြေ အနေနှင့် တွေ့ကြုံရ သောအခါ သင်သည် သင်၏ အခြေအနေ၊ စိတ်နှင့် ခံစားချက်များက ပြောဆိုသော အရာ ကိုသာ နားမထောင် တော့ပါ။ နှုတ်ကပတ်တော်က ပြောဆိုသော အရာကို ကြည့်၍ သင့် စိတ်နှလုံး သည် သင်၏ ဝိညာဉ်က ပြောသော အရာကို သဘောတူ လာကြောင်း တွေ့ရလိမ့်မည်။
              သင်၏ အတွင်းလူသည် လူများစုဖက်တွင် ပါဝင်၍ သင့်ကို အုပ်စိုးရန် လွတ်လပ်ခွင့် ရှိလာလိမ့်မည်။  အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ဖွင့်ပြခြင်း ထွက်ပေါ်လာပြီး သင့်ပတ်လည် ကမ္ဘာ လောကတွင် သဘာဝထက် လွန်ကဲသော အရာ ထင်ရှား ပေါ်လွင်လာ လိမ့်မည်။ ဘုရား သခင်သည် သင့် အတွက် နိမိတ် လက္ခဏာ ပြုလုပ်ပေး လိမ့်မည်။ ဘုရား သခင်သည် သင့်အား ထိုအတိုင်း အသက်ရှင် စေလိုပြီး အတွင်းမှ အရာကို အပြင်သို့ လျှံထွက် စေရမည်။ သင်သည် အထဲမှာ ရှိသော အသက် ရှင်ခြင်းနှင့် ယုံကြည်ခြင်း အားဖြင့် ဘုရား သခင်၏ တန်ခိုးတော် အားဖြင့် အသက်ရှင်ပါက သင်၏ ပတ်ဝန်း ကျင်သို့ တန်ခိုးတော်တို့ ထိ၍ ပြောင်းလဲစေလိမ့်မည်။
                အာဗြဟံ အသက်တာ တွင်လည်း ထို့အတူဖြစ်သည်။ ရောမ ၄း၂၀-၂၁ ကပြောသည်မှာ “ယုံးမှားသော စိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အား ကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍ ကတိ ထားတော်မူသော သူသည် ကတိတော် အတိုင်း တတ်နိုင်တော် မူသည်ကို စိတ်စွဲလမ်း လေ၏။”
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )