22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, January 25, 2012

တိဘက်သို့သွားခဲ့ခြင်းရှိမရှိ

ယေရှုသည် တိဘက်ဘုန်းကြီးထံတွင် သွားရောက် တပည့်ခံခဲ့သည်ဟု ဆိုကြပါသည်။ ဟုတ်ပါသလား?
စာအုပ်တစ်အုပ်တွင် ယေရှုသည် တိဘက်တိုင်းပြည်သို့သွားရောက်ကာ ဘုန်းကြီးထံတွင် တပည့်ခံခဲ့ပြီး ယေရှုကိုယ်တိုင်က သူ၏ကျင့်စဉ်များနှင့် အတွေ့အကြုံ များတို့ကို စာရွက်တစ်ရာပေါ်တွင်ရေးမှတ်ကာ ဘုန်းကြီးကို ကန်တော့ခဲ့ကြောင်းရေးသား ထားပါသည်။
တိဘက်တိုင်းပြည်ကိုဘုရင်ဆရိုကျန်းက အေဒီ(၇၀ဝ) ကျော်မှတည်ထောင်ခဲ့ပြီး တိဘက်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၆၅၀ ခန့်မှရောက်ရှိခဲ့ကြောင်း သမိုင်း ပညာရှင် များက မှတ်တမ်းတင်ခဲ့ပါသည်။ ယေရှုသည် အေဒီ (၃၀) ခန့်တွင် မိမိကြွမြန်းလာရာ ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီဖြစ်ပါသည်။
စာရွက်ကို အေဒီ (၂၀ဝ) ခန့်မှ တရုတ်ပြည်တွင်စတင်တီထွင်ကာ အသုံးပြုခဲ့ကြ ပါသည်။ ထိုခေတ်အခါက စာပေကို သားရေလိပ်၊ ပေလိပ်၊ ကျောက်ပြား၊ ရွှံ့ပြား၊ နံရံတို့ကို အသုံးပြုကာ ရေးသားခဲ့ခြင်းကြောင့် အရေအတွက် (၁၀ဝ)မှာ အလွန်များလွန်း လှပါသည်။  လုံးဝမဖြစ်နိုင်ပါ။
တရားသဘောကို ပြန်ကြည့်သောအခါတွင်လည်း တိဘက်တွင် ဘုန်းကြီး သင်ပေးမှာက ဖန်ဆင်းခြင်းမရှိ၊ ကိုယ်ကျင့်တရားနှင့် ချုပ်ငြိမ်းခြင်းတရားဖြစ်ပြီး။ ယေရှုက ဖန်ဆင်းခြင်း၊ ယုံကြည်ခြင်းတရားနှင့် ထာဝရအသက်တို့ဖြစ်ပါသည်။ တရားသဘော နှစ်ခုကလည်း လုံးဝဆန့်ကျင်နေပါသည်။ ၄င်းအပြင် ထိုစာအုပ်ပါ နှစ်နိုင်ငံ၏ ပထဝီအနေအထား၊ စာပေယဉ်ကျေးမှု ရှုဒေါင့်နှင့် သမိုင်းကြောင်းများ အားလုံး တို့ကို ချင့်ချိန်ကြည့်ပါကလည်း ကွဲလွဲနေပါသည်။ ထို့ကြောင့် ယေရှုသည် တိဘက်သို့ သွာရောက်ခဲ့ခြင်းသည် အခြေအမြစ် မရှိသော အကြောင်းအရာပင်ဖြစ် ပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )