22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, February 13, 2012

Android Phone တွင် Software သွင်းတာများရင် မလေးအောင်ကူညီပေးမဲ့ ဆော့ဝဲကောင်းလေး....

ကျွန်တော်အခု Android Phone သုံးနေသူအတွက် Software ကောင်းလေးတွေ နောက်ပိုင်း တင်ပေးသွားပါမယ်။
အခု ကျွန်တော်တင်ပေးမယ့် Software လေးက ကိုယ့်ဖုန်းမှာ Software,Game တွေ သွင်းတာများပြီး လေးနေရင်
ကူညီပေးမယ့်ကောင်လေးပါ။

Android Phone ( Version 2.2 ဒါမှမဟုတ် နောက်ထပ် မြှင့်တဲ့ Version ) ကိုင်သူတွေကို စမ်းပြီးတော့ သုံးစေချင်ပါ
တယ်။ သူ့ကို သုံးပြီးရင်တော့ ဖုန်းရဲ့ SD Card ကိုတော့ မဖြုတ်နဲ့ပေါ့။ ဖြုတ်လိုက်ရင် Application တွေက မ RUN
တော့ပါဘူး။ ပြန်ထည့်မှ Run ပါမယ်။ ဖုန်းတစ်လုံးရဲ့ Internal Storage ကလည်း အများဆုံးမှ 150MB လောက်ပဲရှိပါ
တယ်။ ဒီကောင်လေးကိုသုံးပြီး 3 GB လောက်ထည့်လို့ရပါတယ်။ အသုံးပြုနည်းလေးကို အောက်မှာ ဆက်ကြည့်လိုက်ပါ။


အသုံးပြုနည်း
အဆင့် ( ၁ ) အရင်ဆုံး Download ချလိုက်ပါ။ Download မချတတ်တဲ့သူတွေအတွက် ဒီနေရာလေး မှာရေးပေးထား
ပါတယ်။ ပြီးရင် Apk ဖိုင်လေးကို ဖုန်းရဲ့ SD Card ထဲထည့်လိုက်ပါ။ ပြီးရင် Install လိုက်ပါ။

အဆင့် ( ၂ ) ပြီးရင်တော့ App2SD Pro ဆိုတာလေးကို ဖွင့်လိုက်ပါ။ ဒါဆို SD Card ထဲ ရွေ့လို့ရမယ့် Software List
တွေ ပေါ်လာပါမယ်။ ကိုယ့် SD Card ထဲရွေ့ချင်တဲ့ app ပေါ်ကို ထောက်လိုက်ပါ။ ပြီးရင် yes ကိုရွေးပေးလိုက်ပါ။
ဒါဆို SD Card ထဲ Software လေးတွေ ရောက်သွားပါမည်။


မှတ်ချက်။ ။ Theme သုံးသူများ Theme ကို SD Card ထဲရွေ့လို့မရပါ။ ရွေ့လိုက်ရင် သုံးလို့မရတော့ပါ။
မိမိဖုန်းရဲ့ SD Card Memory များရင်များသလောက် ထည့်နိုင်ပါတယ်။ Computer နဲ့ SD Card ကို Join လိုက်ရင်
SD Card ထဲမှာ .android secure ဆိုတဲ့ Foloder လေးတစ်လုံးရှိနေပါမယ်။ အဲဒါကို သွားမဖျက်မိပါစေနဲ့.......။
ဒီ Software လေးကို Android Version 2.2 OR နောက်ထပ် 2.2 ထက်မြှင့်တဲ့ Version တွေမှာ သုံးလို့ရပါမယ်။
2.1 ဆိုမရပါ။


ကျွန်တော် ဒီ Software လေးကို MMAP ဆိုက်မှရပါတယ်။
အသုံးပြုနည်းကိုတော့ ကိုယ်တိုင်ရေးထားလို့ မှားတာပါရင် ခွင့်လွှတ်ကြပါ။

အောင်ခိုင်မိုး
အားလုံးကိုကျေးဇူးတင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )