22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, February 21, 2012

အမွှေးအမျှင်တွေကို သဘာဝနည်းနဲ့ ဖယ်ရှားမယ်

 

ခု ရင်နှင်းပြောပြမယ့်နည်းက ရှေးထဲက အီဂျစ်တွေသုံးနေတဲ့နည်းလေးပါ။ ခန္ဓာကိုယ်က မလိုလားအပ်တဲ့အမွှေးအမျှင်တွေကို သဘာဝပစ္စည်းတွေကို သုံးပြီးဖယ်ရှားတာပါ။ သကြားကို အဓိက သုံးထားပါတယ်။ သကြားကို အဓိကသုံးတာပါ။ ဒီနည်းကို သုံးတဲ့အခါ အမွှေးတွေက အမြစ်ကနေပါ ကျွတ်ပြီးပါသွားတယ်။ တော်တော်နဲ့ ပြန်မပေါက်တော့ဘူးပေါ့။ ပြန်ပေါက်လာတဲ့အမွှေးတွေကလည်း မများတော့ဘူး။ ပိုပြီးတော့လည်း နူးညံ့သွားတယ်။ စိတ်ဝင်စားသွားပြီ ဟုတ်.. ?? ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

သကြား လက္ဘ်ရည်ပန်းကန်လုံး ၂ လုံးစာ၊ သံပုရာသီးတစ်လုံး (အရည်) ၊ ရေ လက္ဘ်ရည်ပန်းကန်လုံးရဲ့ ၄ ပုံ ၁ ပုံ (ရေအစား ပျားရည်ကိုလည်း သုံးကြပါတယ်) အားလုံးကိုရောပြီး အိုးတစ်လုံးထဲထည့်ပြီး အပူပေးပါ။ ကော်လိုအရည်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ နဲနဲအအေးခံပြီး အပူဒဏ်ခံနိုင်တဲ့ ခွက်တစ်ခုထဲကို ပြောင်းထည့်လိုက်ပါ။ နောက်တစ်ခါ ပြန်သုံးမယ်ဆိုရင် ခွက်ကို ပြန်ပြီး အပူပေးရမှာမို့ပါ။ ပြီးတော့ အအေးခံထားပါ။ အအေးခံထားတုန်းမှာ သန့်ရှင်းတဲ့ချည်အ၀တ်စလေးတွေကို တစ်လက်မပတ်လည် (သို့) လိုသလောက်ဖြတ်ပါ။

သကြားရည်အေးသွားပြီဆိုရင် သုံးလို့ရပါပြီ။ လက်ခုံပေါ်အရင်တင်ပြီး အပူကို စမ်းကြည့်ပါ။ ပူနေရင် အသားလောင်တတ်တာမို့ သတိထားပါ။ သကြားရည်အေးသွားပြီဆိုရင် အမွှေးတွေကို ဖယ်ရှားချင်တဲ့နေရာမှာ ညီညီလေးလိမ်းလိုက်ပါ။ ပြီးရင် ညှပ်ထားတဲ့ချည်စကို အပေါ်မှာကပ်လိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ မြန်မြန်လေးဆွဲခွာလိုက်ရင် ရပါပြီ။

ဒီနည်းကို သုံးတဲ့အခါ အမွှေးလေးတွေက ၆ မီလီမီတာလောက်ပဲ ရှိရမယ်နော်။ အရမ်းရှည်နေရင် ဒီအရှည်လောက်ဖြစ်အောင် ကပ်ကြေးနဲ့ တိပေးပါ။ ဒီနည်းကို မသုံးခင်မှာ အသုံးပြုမယ့်နေရာကို သေချာဆေးကြောပြီး သေချာခြောက်အောင်သုတ်ပါ။ လုံးဝခြောက်သွားတော့မှ လုပ်ရမယ်နော်။

ဒီနည်းနဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပြီးတဲ့အခါ တစ်လ တစ်လခွဲလောက်ထိ အမွှေးတွေ ပြန်မပေါက်နိုင်တော့ပါဘူး။ ထပ်ခါထပ်ခါလုပ်ရင် မွှေးညှင်းအိတ်လေးတွေ အားနည်းသွားပြီး လုပ်ရတာပိုလွယ်လာပါလိမ့်မယ်။ အရာအားလုံးက အကောင်းနဲ့ အဆိုးဒွန်တွဲနေတော့ နဲနဲမကောင်းတဲ့အချက်က ပထမအကြိမ်မှာ နဲနဲလေးနာပါတယ်တဲ့။ :D ဒါပေမယ့် သဘာဝပစ္စည်းတွေနဲ့မို့ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး.. ကြာကြာလည်းခံတယ်ဆိုတော့ မဆိုးဘူးပေါ့နော်။ :)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )